သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Wikileak ထံ လျှို့ဝှက် အချက်အလက်များ ပေါက်ကြားမှု ကြားနာစစ်ဆေး


Wikileak ထံ လျှို့ဝှက် အချက်အလက်များ ပေါက်ကြားမှု ကြားနာစစ်ဆေး
Wikileak ထံ လျှို့ဝှက် အချက်အလက်များ ပေါက်ကြားမှု ကြားနာစစ်ဆေး

လျှို့ဝှက်စာရွက်စာတမ်း ထောင်ပေါင်းများစွာ ဖွင့်ချခဲ့တယ်လို့ စွပ်စွဲခံခဲ့ရတဲ့ အမေရိကန်စစ်သည် တစ်ဦးဟာ သောကြာနေ့က တရားရုံးအကြို ကြားနာပွဲကို သူ့ရဲ့ရှေ့နေနဲ့အတူ တက်ရောက်ခဲ့ပါတယ်။ သူ့ရဲ့ရှေ့နေက တရားစစ်ဆေးရေးအရာရှိကို ဘက်လိုက်မှုရှိတဲ့အတွက် ပြောင်းလဲပေးဖို့ တောင်းဆိုခဲ့ပါတယ်။

ဝါရှင်တန်အပြင်ဘက် Fort Meade မှာပြုလုပ်တဲ့ ကြားနာပွဲဟာ စစ်ဘက်ဆိုင်ရာ ပထမတန်း ကိုယ်ရေး လက်ထောက် ဘရက်ဒလေမန်းနင်း (Bradley Manning) ကို စစ်တရားခုံရုံး သို့မဟုတ် တရားရုံးစစ်ဆေးမှုနဲ့ စစ်ဆေးဖို့သင့်မသင့် ဆုံးဖြတ်ဖို့လုပ်ခဲ့တာ ဖြစ်ပါတယ်။ သောကြာနေ့ ကြားနာပွဲကို အဆုံးသတ်ပြီး စနေနေ့မှာ ဆက်ပြီး ကြားနာဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

ကြားနာသူအရာရှိဟာ တရားရေးဌာနမှာ တရားလိုအဖြစ် အရပ်သားဘဝမှာ တာဝန်ယူခဲ့တဲ့အတွက် ဒီအရာရှိကို ကြားနာပွဲကနေ ထုတ်ပယ်ပေးဖို့ ရှေ့နေ ဒေးဗစ်ကွန်း (David Coombs) က သောကြာနေ့က ငြင်းချက်ထုတ်ခဲ့တာ ဖြစ်ပါတယ်။

လျှို့ဝှက် စာရွက်စာတမ်းတွေ လက်ခံခဲ့တယ်လို့ စွပ်စွဲခံခဲ့ရတဲ့ WikiLeak စာမျက်နှာတည်ထောင်သူ ဂျူလီယန်အဆန့်ဂျ် (Julian Assange) ကိုတော့ တရားရေးဌာနက သီးခြား စုံစမ်းစစ်ဆေးမှုတွေ ဆောင်ရွက်မှာဖြစ်ပါတယ်။

စစ်တပ်ထောက်လှမ်းရေး သုတေသီဟောင်း မန်းနင်းဟာ ၂၀၀၉ ခုနှစ် နိုဝင်ဘာနဲ့ ၂၀၁၀ မေလတွေအတွင်း အီရတ်မှာ တာဝန်ထမ်းဆောင်နေစဉ် လျှို့ဝှက် စာရွက်စာတမ်း ထောင်ပေါင်းများစွာကို တရားမဝင် ရယူခဲ့တယ်လို့ စွပ်စွဲခံထားရတာလည်း ဖြစ်ပါတယ်။

XS
SM
MD
LG