သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

WikiLeaks ဝက်ဘ်ဆိုက်ဒ်ရော တည်ထောင်သူပါ ခြိမ်းခြောက်ခံရ

WikiLeaks ဝက်ဘ်ဆိုက်ဒ်ရော တည်ထောင်သူပါ ခြိမ်းခြောက်ခံရ
WikiLeaks ဝက်ဘ်ဆိုက်ဒ်ရော တည်ထောင်သူပါ ခြိမ်းခြောက်ခံရ

လျိူ့ဝှက်မှတ်တမ်းတွေကို ဖွင့်ချခဲ့တဲ့ WikiLeaks ဝက်ဘ်ဆိုက်ဒ်ရဲ့ အင်တာနက်ဆာဗာတွေအပေါ် တိုက်ခိုက်မှုတွေ ဆက်တိုက်ဆိုသလို ကြုံခဲ့ရတဲ့အတွက် ဆက်လက်ရပ်တည်နိုင်ဖို့ ဝက်ဘ်ဆိုက်ဒ် လိပ်စာတွေပြောင်း၊ နိုင်ငံတခုကနေ တခုကို ပြောင်းရွှေ့ပြီး ဆက်သွယ်နိုင်အောင် သောကြာနေ့တုန်းက ကြိုးပမ်းနေရပါတယ်။ တချိန်တည်းမှာပဲ အသက်အန္တရာယ်ကို ခြိမ်းခြောက် သတိပေးချက်တွေ လက်ခံရရှိနေတဲ့အတွက် လုံခြုံရေးအတွက် ပိုပြီးစီမံနေရတဲ့အကြောင်း ဗြိတိန်နိုင်ငံက Guardian သတင်းစာနဲ့ အင်တာနက်အွန်လိုင်း မေးမြန်းခန်းအတွင်းမှာ WikiLeaks တည်ထောင်သူ Julian Assange ပြောဆိုခဲ့ပါတယ်။

ဝက်ဘ်ဆိုက်ဒ်ရဲ့ မူရင်းစာမျက်နှာဖြစ်တဲ့ WikiLeaks.org ကတော့ ပိတ်သွားပုံလည်း ရပါတယ်။ WikiLeaks စာမျက်နှာအတွက် အင်တာနက် လုပ်ငန်းတွေ လုပ်ဆောင်ပေးနေတဲ့ အမေရိကန်က EveryDNS.net ကလည်း အင်တာနက်တိုက်ခိုက်မှုတွေ ခံခဲ့ရပြီး သူ့ရဲ့ဆက်သွယ်ရေး ယန္တယားတခုလုံးအပေါ် ခြိမ်းခြောက်ခံရမယ့် အခြေအနေအထိ ကြုံခဲ့ရတဲ့အတွက် WikiLeaks အတွက် အလုပ်လုပ်ပေးနေတာကို ကြာသပတေးနေ့ညပိုင်းမှာပဲ ရပ်ဆိုင်းလိုက်ပါတယ်။ ဒါပေမဲ့လည်း အမေရိကန် နိုင်ငံခြားရေးဌာနရဲ့ လျိူ့ဝှက်သံတမန်ရေးရာ မှတ်တမ်းပေါင်း ၂ သိန်းခွဲကျော်ကို ဖွင့်ချခဲ့တဲ့ WikiLeaks ဟာ ဆွစ်ဇာလန်နိုင်ငံ အခြေစိုက် အင်တာနက် ဆာဗာဖြစ်တဲ့ WikiLeaks.ch မှာတော့ ဆက်လက် ကြည့်ရှုလို့ရနေဆဲ ဖြစ်ပါတယ်။

This item is part of
XS
SM
MD
LG