သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဝီကီလိခိစ် ထူထောင်သူ အာမခံဖြင့် လွတ်တော့မည်


ဝီကီလိခိစ် ထူထောင်သူ အာမခံဖြင့် လွတ်တော့မည်
ဝီကီလိခိစ် ထူထောင်သူ အာမခံဖြင့် လွတ်တော့မည်

ဗြိတိန်နိုင်ငံ လန်ဒန်မြို့ တရားရုံးတရုံးကနေ ဝိကီလိခ်စ် ထူထောင်သူ ဂျူလီယံ အဆန့်ဂျ် ကို အာမံခံပေးဖို့ ဆုံးဖြတ်ခဲ့တဲ့အတွက် ဆွီဒင်အစိုးရ ရှေ့နေတွေက ဒီကနေ့ အယူခံဝင် လျှောက်လဲခဲ့ကြရာမှာ တရားရုံးက ပယ်ချလိုက်ပါတယ်။ ဒါကြောင့် ဂျူလီယံ အဆန့်ဂျ် တယောက် ပြန်လွတ်လာတော့မှာပါ။

ဆွီဒင်အစိုးရ ရှေ့နေချုပ်ရုံးရဲ့ ဥပဒေရေးရာ အကြီးအကဲကတော့ ဗြိတိန်တရားရုံးရဲ့ ဆုံးဖြတ်ချက်နဲ့ပတ်သက်ပြီး တစုံတရာ တုံ့ပြန်ပြောဆိုမှု မရှိကြောင်း ဗြိတိန်နိုင်ငံ ဥပဒေရေးရာအရ လုပ်ထုံးလုပ်နည်းတွေကို ဆွီဒင်နိုင်ငံ အနေနဲ့ ဝင်ရောက် စွက်ဖက်မှာမဟုတ်ဘူးလို့ ပြောဆိုလိုက်ပါတယ်။

ဂျူလီယံ အဆန့်ဂျ် ကို လောလောဆယ်မှာတော့ လန်ဒန်မြို့ Wandsworth အကျဉ်းထောင်မှာ ချုပ်ထားဆဲ ဖြစ်ပါတယ်။ ဆွီဒင်နိုင်ငံကနေ ဂျူလီယံ အဆန့်ဂျ်ကို မုဒိန်းမှုနဲ့ တရားစွဲဆိုမှု အလိုရှိနေတာဖြစ်ပြီး ဗြိတိန်နိုင်ငံမှာ ရောက်ရှိနေတဲ့ အဆန့်ဂျ်က ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း ဗြိတိန်ရဲစခန်းတခုမှာ ကိုယ်တိုင်သွားရောက် အဖမ်းခံ ခဲ့ပါတယ်။

XS
SM
MD
LG