သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဝီကီလိခ် ထူထောင်သူ အာမခံနဲ့ ပြန်လည်လွတ်မြောက်

ဝီကီလိခ် ထူထောင်သူ အာမခံနဲ့ ပြန်လည်လွတ်မြောက်
ဝီကီလိခ် ထူထောင်သူ အာမခံနဲ့ ပြန်လည်လွတ်မြောက်

အမေရိကန်သံတမန်လောကရဲ့ နိုင်ငံတကာနဲ့ဆက်ဆံမှု အတွင်းရေးတွေကို ဖွင့်ချနေတဲ့ ဝီကိလိခ် အင်တာနက်ဝဘ်ဆိုက် ထူထောင်သူ ဂျူလီယံ အဆန့်ဂျ် (Julian Assange) ဟာ လန်ဒန်မြို့ Wandsworth အကျဉ်းထောင်မှာ ဒီဇင်ဘာလ ၇ ရက်နေ့ကစပြီး ရဲတပ်ဖွဲ့ရဲ့ ဖမ်းဆီးခံထားရတာ ဖြစ်ပါတယ်။ ဒါပေမဲ့ မနေ့က ကြာသပတေးနေ့ကတော့ သူ့ကို လန်ဒန်မြို့က တရားရုံးချုပ်က အာမခံနဲ့ လွှတ်ပေးလိုက်ပါတယ်။

ဆွီဒင်နိုင်ငံမှာ အမျိုးသမီး ၂ ဦးကို အလိုမတူဘဲ လိင်ဆက်ဆံမှုနဲ့ အလိုရှိနေသူ ဂျူလီယံ အဆန်းဂျ် ကို လွှတ်မပေးဘဲ ဆက်ချုပ်ထားဖို့ ဆွီဒင်က ဥပဒေ အကျိုးဆောင်တွေက လန်ဒန်တရားရုံးချုပ်မှာ အယူခံတင်သွင်းခဲ့ပေမဲ့ တရားသူကြီး Duncan Ouseley က အယူခံကို ပယ်ချခဲ့ပါတယ်။ အာမခံငွေအဖြစ် အမေရိကန်ဒေါ်လာ ၃၁၅,၀၀၀ ကို တင်စေပြီးတော့မှ လွှတ်ပေးခဲ့တာဖြစ်ပါတယ်။

ဂျူလီယံ အဆန့်ဂျ်ကတော့ ဝီကီလိခ် ဝဘ်ဆိုက်ကနေ ဖွင့်ချမှုတွေကို ဆက်လုပ်သွားမယ်လို့ အခိုင်အမာ ပြောကြားလိုက်ပြီး သူ့ကို ထောက်ခံအား ပေးသူ ဗြိတိသျှကြည်းတပ် အရာရှိဟောင်း Vaughan Smith ရဲ့ လန်ဒန်ကနေအိမ်မှာ ဆက်ပြီးနေထိုင်သွားမှာဖြစ်ပါတယ်။ သူဟာ အနီးက ရဲစခန်းမှာ နေ့စဉ်လက်မှတ် သွားထိုးရမှာဖြစ်ပြီးတော့ သူ့ရဲ့ လက်ကောက်ဝတ်မှာလည်း သူ့ကိုခြေရာခံလို့ရတဲ့ အီလက်ထရောနစ် လက်ပတ်ကို ပတ်ထားရပါတယ်။

This item is part of
XS
SM
MD
LG