သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဝီကီလိခ် ပေါက်ကြားမှု သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီး အမေရိကန်ကို ပြစ်တင်


ဝီကီလိခ် ပေါက်ကြားမှု သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီး အမေရိကန်ကို ပြစ်တင်
ဝီကီလိခ် ပေါက်ကြားမှု သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီး အမေရိကန်ကို ပြစ်တင်

အမေရိကန် အစိုးရရဲ့ သံတမန်ရေးဆိုင်ရာ လျှို့ဝှက် စာရွက်စာတမ်းတွေကို ပေါက်ကြားစေခဲ့တဲ့ ကိစ္စအပေါ် သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီး ကယ်ဗင် ရပ်ဒ် (Kevin Rudd) ကတော့ ဝီကီလိခ် တည်ထောင်သူ ဂျူလီယန် အာဆန်းရှ် (Julian Assange) အစား အမေရိကန်နိုင်ငံကိုပဲ အပြစ်တင်ပါတယ်။

ဝီကီလိခ် ဝက်ဆိုဒ်ပေါ်မှာ အခုလို လျှို့ဝှက်သတင်းတွေကို ဖြန့်နိုင်အောင် မှတ်တမ်းမှတ်ရာတွေ အရင်ဆုံး ဖောက်ထုတ်ခဲ့သူတွေကို အရေးယူသင့်တယ်လို့ မစ္စတာ ရပ်ဒ်က ပြောပါတယ်။ အခုလို လျှို့ဝှက် အချက်အလက်တွေ ပေါက်ကြားမှုဟာ အမေရိကန် လုံခြုံရေးဆိုင်ရာ ပြဿနာရပ်ပဲ ဖြစ်တယ်လို့ သူက ထောက်ပြပါတယ်။

ဝီကီလိခ် တည်ထောင်သူကို လန်ဒန်မှာ ဖမ်းဆီးထားနေတဲ့ တချိန်တည်းမှာပဲ ဝီကီလိခ်ပေါ်မှာ နောက်ထပ် အမေရိကန် အစိုးရရဲ့ လျှို့ဝှက်မှတ်တမ်းတွေ ထုတ်ပြန်ပါတယ်။ နောက်ဆုံး ပေါက်ကြားဖော်ပြတဲ့ သံတမန်ရေးဆိုင်ရာ လျှို့ဝှက်မှတ်တမ်းတွေမှာတော့ စကော့တလန် အကျဉ်းထောင် အတွင်းမှာ Lockerbie ဗုံးခွဲသူ သေဆုံးခဲ့မယ်ဆိုရင် ဗြိတိန်ကို လစ်ဗျားနိုင်ငံဘက်က ချက်ချင်း အပြင်းအထန် တုံ့ပြန်လာမှာကို ဗြိတိသျှ အစိုးရဘက်က စိုးရိမ်ခဲ့တယ် ဆိုတာကို ဖော်ပြထားပါတယ်။

လစ်ဗျားနိုင်ငံသား Abdel Baset al-Megrahi ဟာ ထောင်ထဲမှာ ဆက်ရှိနေမယ်ဆိုရင် လစ်ဗျားက ဗြိတိန်နဲ့ ကုန်သွယ်ရေးတွေကို ရပ်ပစ်မယ်၊ ဗြိတိန်နိုင်ငံသားတွေကို အန္တရာယ်ပြုမယ်လို့ ခြိမ်းခြောက်ခဲ့ကြောင်း ၂၀၀၉ ခုနှစ်က အမေရိကန် သံတမန်ရေး လျှို့ဝှက်မှတ်တမ်းမှာ ရေးထားတာကို ထုတ်ဖော်လိုက်တာပါ။ အဲဒီ လစ်ဗျားနိုင်ငံသားကို ဗြိတိန်က ပြီးခဲ့တဲ့နှစ်က ပြန်လွှတ်ပေးခဲ့တာကြောင့် ဗြိတိန်၊ အမေရိကန် တင်းမာမှု ရှိခဲ့ရပါတယ်။

XS
SM
MD
LG