သုံးရလွယ်ကူစေသည့် Link များ

CIA ညံ့ဖျင်းမှု WikiLeaks ဝေဖန်


WikiLeaksကို တည်ထောင်သူ Julian Assange
WikiLeaksကို တည်ထောင်သူ Julian Assange

အမေရိကန် ထောက်လှန်းရေး CIA ရဲ့ hack လုပ် ဖေါက်ထွင်းတဲ့ အစီအစဉ်တွေနဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို WikiLeaks အဖွဲ့က ရယူပြီး ဖြန့်ဝေနိုင်ခဲ့တဲ့ နောက်မှာ WikiLeaks ကို တည်ထောင်သူ Julian Assange က CIA ဟာ စိတ်ပျက်စရာ ကောင်းလောက်အောင် ညံ့ဖျင်းတယ်လို့ ပြောကြားလိုက်ပါတယ်။

ဒီလို အစီအစဉ်မျိုးကို ဖန်တီးပြီး တနေရာထဲမှာ စုထားထားသလို လုံခြုံမှုလည်း မရှိတဲ့အတွက် ဒါဟာ ရာဇဝင်တွင်လောက်တဲ့ စိတ်ပျက်စရာ ညံ့ဖျင်းမှုလို့ Assange က သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့တာပါ။

WikiLeaks က ဒီသီတင်းပတ် အစောပိုင်းမှာ CIA ရဲ့ ကန့်သတ် စာရွက်စာတမ်း ထောင်ပေါင်းများစွာကို ဖေါက်ချခဲ့တာ ဖြစ်ပြီး ဒီစာရွက် စာတမ်းတွေကနေ CIA ရဲ့ hack လုပ်တဲ့ လုပ်နည်းလုပ်ဟန် အားလုံးကို လူအများ သိသွားခဲ့တာ ဖြစ်ပါတယ်။

Smart ဖုန်းတွေနဲ့ တချို့ တီဗီတွေထဲ ဖေါက်ထွင်းဝင်ရောက်လို့ ရတဲ့ ကရိယာတွေ CIA မှာ ရှိတယ် ဆိုတာကို ဒီစာရွက်စာတမ်းတွေမှာ ဖေါ်ပြထားပြီး သူတို့ ထောက်လှမ်း ချင်တဲ့ သူတွေကို အဲဒီစက်တွေထဲက မိုက်ခရိုဖုန်းတွေကနေ တဆင့် ထောက်လှမ်းလို့ ရနေတာပါ။

နည်းပညာ ကုမ္ပဏီ အတော်များများက WikiLeaks ကို ဆက်သွယ်ပြီး CIA ရဲ့ ထောက်လှမ်းမှုဆိုင်ရာ နောက်ထပ် အချက်လက်တွေကို မေးမြန်းကြတယ်လို့လည်း Assange က သတင်းစာ ရှင်းလင်းပွဲမှာ ပြောပါတယ်။ အခုလို နည်းပညာ ကုမ္ပဏီတွေကို ဖေါက်ထွင်းဝင်ရောက် ပြီး အချက်လက်တွေ ခိုးယူနိုင်တဲ့ ကရိယာတွေရဲ့ ရန်ကနေ ကာကွယ်နိုင်ဖို့ သူဟာ ဒီကုမ္ပဏီတွေနဲ့ လက်တွဲ လုပ်ဆောင်မှာ ဖြစ်ကြောင်းလည်း ပြောပါတယ်။

ဒါပေမယ့် Apple နဲ့ Samsung ကုမ္ပဏီတွေကတော့ သူတို့ဟာ WikiLeaks ရဲ့ စွပ်စွဲပြောဆိုမှုတွေ မှန်မမှန် ဆန်းစစ်နေတယ်လို့ ဗုဒ္ဓဟူးနေ့မှာပဲ ကြေညာချက် ထုတ်ပြန် ပြောဆိုပါတယ်။ WikiLeaks စာရွက်စာတမ်း တွေထဲမှာ Apple, Google, Microsoft နဲ့ တခြား အမေရိကန် အခြေစိုက် ကုမ္ပဏီတွေ ရဲ့ software တွေထဲက အားနည်းချက်တွေကို CIA က ရှာပြီး သုံးခဲ့တယ်လို့ ပြောထားတာပါ။

CIA ညံ့ဖျင်းမှု Wikileaks ဝေဖန်
please wait

No media source currently available

0:00 0:01:00 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG