သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဝီကီလိခ် ထောက်ခံသူတွေ အင်တာနက်စစ်ပွဲချဲ့

ဝီကီလိခ် ထောက်ခံသူတွေ အင်တာနက်စစ်ပွဲချဲ့
ဝီကီလိခ် ထောက်ခံသူတွေ အင်တာနက်စစ်ပွဲချဲ့

ဝီကီလိခ် (WikiLeaks) အင်တာနက် ဝက်ဘ်ဆိုက်ဒ်ကို အားပေး ထောက်ခံသူတွေက အင်တာနက်မှာ သတင်းလွတ်လပ်ခွင့်တွေကို ဆန့်ကျင်တယ်လို့ စွပ်စွဲပြီး နောက်ထပ် အင်တာနက် ဝန်ဆောင်မှု လုပ်ငန်းတွေ လုပ်ဆောင်နေတဲ့ Paypal နဲ့ Amazon တို့လို ကုမ္ပဏီတွေကို ထိုးနှက်တိုက်ခိုက်မှုတွေ တိုးမြှင့်လိုက်ပါတယ်။

အမည်မသိအဖွဲ့အဖြစ် သူတို့ကိုသူတို့ ခေါ်တဲ့ အင်တာနက် ထိုးနှက်တိုက်ခိုက်သူ Hackers အုပ်စုက Paypal နဲ့ Amazon အင်တာနက် ဝက်ဘ်ဆိုက်ဒ်တွေကို အချက်အလက် တောင်းခံမှုတွေ အစုလိုက် အပြုံလိုက် ဖြစ်အောင် ဝင်ရောက်ပြီး ထိုးနှက်တိုက်ခိုက်ဖို့ Twitter အင်တာနက် စာမျက်နှာကနေ တိုက်တွန်းလိုက်တာပါ။

ဒါပေမဲ့လည်း ကြာသပတေးနေ့ တိုက်ခိုက်မှုတွေက Amazon ဝက်ဘ်ဆိုက်ဒ် ပျက်သွားတဲ့ အထိတော့ မဖြစ်ခဲ့ပါဘူး။

ဝီကီလိခ်အတွက် ငွေကြေးထောက်ပံ့ ကူညီတဲ့ သူတွေအတွက် ဝန်ဆောင်မှု လုပ်ငန်းတွေ ရပ်ဆိုင်းခဲ့တဲ့ အကြွေးကတ် လုပ်ငန်းတွေဖြစ်တဲ့ Master Card နဲ့ Visa ကုမ္ပဏီတွေအပေါ် လုပ်ဆောင်ခဲ့သလို နောက်ဆက်တွဲ တိုက်ခိုက်မှုမျိုးတွေကို လုပ်ဆောင်ခဲ့တာလည်း ဖြစ်ပါတယ်။

Hackers အုပ်စုရဲ့ ပြောခွင့်ရသူ တယောက်ဖြစ်တဲ့ ဂရက် ဟော့ရှ် (Gregg Housh) ကတော့ ဝီကီလိခ်ကို အဆက်အဆံဖြတ်လို့ မရဘူးဆိုတာ၊ သူ့စကားအတိုင်းဆိုရင် သင်ခန်းစာ ရသွားအောင် Master Card နဲ့ Visa တို့လို ကုမ္ပဏီတွေကို ပစ်မှတ်ထားတယ်လို့ ဆိုပါတယ်။

ဝီကီလိခ်ဟာ ဥပဒေ တစုံတရာ ချိုးဖောက်တာတွေ မရှိဘူးလို့လည်း ပြောခဲ့တာပါ။

Hackers အုပ်စုက Master Card အကြွေးကတ် နံပါတ်တွေလို့ဆိုတဲ့ အချက်အလက်တွေ စတင်ဖွင့်ထုတ်ခဲ့တဲ့နောက် အင်တာနက် လူမှုကွန်ယက် စာမျက်နှာဖြစ်တဲ့ Twitter ကတော့ ဒီအမည်မသိ အုပ်စုနဲ့ ဆက်စပ်တဲ့ သူတွေရဲ့ စာမျက်နှာတွေကို ပိတ်နေပါတယ်။ ဒါပေမဲ့လည်း ဒီအုပ်စုနဲ့ ပတ်သက်တယ်ဆိုတဲ့ စာမျက်နှာသစ်တွေလည်း ဆက်လက် ထွက်ပေါ်နေဆဲ ဖြစ်ပါတယ်။

This item is part of
XS
SM
MD
LG