သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဝီကီလိခ်စ် တည်ထောင်သူ ခြေချုပ်နဲ့ အာမခံ ရ


People line up to collect water at Yazarthingyan lake in Dala township, near Rangoon, Burma, since the inland lakes have all dried up in hot summer.

ဝီကီလိခ်စ် ထူထောင်သူ ဂျူလီယန် အာဆန်းရှ် (Julian Assange) ကို ဗြိတိသျှ တရားရုံးက အာမခံ ပေးလိုက်ပါတယ်။ ဒါပေမဲ့ ဆွီဒင်နိုင်ငံက ရှေ့နေတွေရဲ့ အယူခံ လျှောက်ထားချက်ကြောင့် အင်္ဂါနေ့တိုင်အောင် အချုပ်ထဲမှာ ဆက်လက် နေထိုင်နေရဦးမှာ ဖြစ်ပါတယ်။

အာမခံငွေ ဒေါ်လာ ၃၈၀,၀၀၀ နဲ့ အာမခံပေးဖို့ တရားသူကြီး ဟောင်းဝါ့ဒ် ရစ်ဒယ်လ် (Howard Riddle) က ဆုံးဖြတ်ခဲ့တာပါ။ ဒါပေမဲ့ ဆွီဒင် အစိုးရ ရှေ့နေတွေရဲ့ အယူခံ လျှောက်ထားချက်ကြောင့် ဆုံးဖြတ်ချက်ကို ဆိုင်းငံ့ထားရပြီး နောက်ထပ် ၄၈ နာရီ သူဟာ ထောင်ထဲမှာ ဆက်လက်နေထိုင်နေရမှာ ဖြစ်ပါတယ်။

ဆုံးဖြတ်ချက်ထဲမှာ ဂျူလီယန် အာဆန်းရှ် ဘယ်မှာရှိနေတာ ဆိုတာကို အချက်ပေးမယ့် အီလက်ထရောနစ်ပစ္စည်း တပ်ဆင်ထားရမှာဖြစ်ပြီး သူ့ကို ညမထွက်ရ အမိန့်နဲ့လည်း အာမခံပေးရာမှာ ကန့်သတ်ထားပါတယ်။

သူဟာ သူ့ကို ထောက်ခံသူ တယောက်ရဲ့ အိမ်မှာ နေထိုင်ရမှာ ဖြစ်ပါတယ်။ ထောက်ခံသူက တရားရုံးကို အကြောင်းကြားရမှာ ဖြစ်သလို အာဆန်းရှ်ကလည်း ရဲကို နေ့တိုင်း အကြောင်းကြားရမှာပါ။

ဆွီဒင်နိုင်ငံကထုတ်တဲ့ ၀ရမ်းကြောင့် အာဆန်းရှ်ကို ပြီးခဲ့တဲ့ အပတ်က ဗြိတိန်ထောင်ထဲမှာ ဖမ်းထားခဲ့တာပါ။ ဆွီဒင်နိုင်ငံက သူ့အပေါ် မုဒိမ်းမှု စွပ်စွဲချက်နဲ့ အလိုရှိနေပါတယ်။ သူကတော့ စွပ်စွဲချက်ကို ငြင်းဆိုထားပါတယ်။

အမေရိကန် အစိုးရရဲ့ စာရွက်စာတမ်းတွေကို သူ့ရဲ့ အင်တာနက် ၀က်ဘ်ဆိုက်မှာ ထောင်ချီတင်ထားဖို့ သူဆုံးဖြတ်ခဲ့တာကို စောစောပိုင်း ထောင်ထဲမှာ ရှိစဉ်က အာဆန်းရှ်က ကာကွယ်ပြောဆိုသွားခဲ့ပါတယ်။

XS
SM
MD
LG