သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဝီကီလိခ်စ် တည်ထောင်သူကို ဆွီဒင်နိုင်ငံသို့ လွှဲပေးနိုင်


ဝီကီလိခ်စ် တည်ထောင်သူကို ဆွီဒင်နိုင်ငံသို့ လွှဲပေးနိုင်

အချေအတင်ဖြစ်စရာ ၀ီကီလိခ်စ် (WikiLeaks) ၀က်ဘ်ဆိုဒ် ထူထောင်သူ ဂျူလီယန် အာဆန်းရှ် (Julian Assange) ကို လိင်ပိုင်းဆိုင်ရာ ရာဇ၀တ်မှု ကျူးလွန်တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ဆွီဒင်နိုင်ငံကို ပြန်ပို့နိုင်ကြောင်း ဗြိတိသျှ တရားရုံးက ဆုံးဖြတ်လိုက်ပါတယ်။

ပြီးခဲ့တဲ့နှစ် သြဂုတ်လထဲမှာ အမျိုးသမီး ၂ ဦးက သူတို့အပေါ် လိင်ပိုင်းဆိုင်ရာ မဖွယ်မရာ ကျူးလွန်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ပတ်သက်လို့ ဆွီဒင် အာဏာပိုင်တွေက သူ့အပေါ် အရေးယူထားတာမျိုး မရှိပေမဲ့ စစ်ဆေးမေးမြန်းလိုကြောင်း ပြောဆိုထားတာပါ။

အာဆန်းရှ်ကတော့ သူ မမှန်မကန်လုပ်တာ မရှိဘူးလို့ ငြင်းဆန်ထားတာ ဖြစ်ပါတယ်။ သူ့ရဲ့ ရှေ့နေတွေကတော့ ဒီကနေ့ ဗြိတိသျှ တရားရုံးရဲ့ စီရင်ချက်ကို အယူခံဝင်မယ်လို့ ပြောပါတယ်။ သူတို့အမှုသည် အနေနဲ့ ဆွီဒင်နိုင်ငံမှာ တရားမျှမျှတတ စစ်ဆေးခံရမှာ မဟုတ်ဘူးလို့ ပြောဆိုထားကြတာပါ။

ဝီကီလိခ်စ် ထူထောင်သူ အာဆန်းရှ်ဟာဆိုရင် အမေရိကန် သံတမန် လျှို့ဝှက်ကြေးနန်းစာတွေကို ဖွင့်ချခဲ့တဲ့ အတွက်လည်း အမေရိကန် ပြည်ထောင်စုက သူ့အပေါ် အာရုံစိုက်ခံနေရတာ ဖြစ်ပါတယ်။

XS
SM
MD
LG