ဆွီဒင်နိုင်ငံက ဖမ်းဝရမ်း ထုတ်ထားတဲ့ ဝီကီလိခ် (WikiLeaks) ဝက်ဘ်ဆိုက် စာမျက်နှာကို တည်ထောင်သူ ဂျူလီယန် အာဆန်းရှ် (Julian Assange) ကို ဒီကနေ့ ဗြိတိန်နိုင်ငံမှာ အာဏာပိုင်တွေက ဖမ်းဆီးလိုက်ပါတယ်။
သူ့ကို မုဒိမ်းမှု၊ ကလေးငယ်တွေကို လိင်ပိုင်းဆိုင်ရာ မတော်မတရား လုပ်မှုနဲ့ အတင်းအဓမ္မ ဖျားယောင်း သွေးဆောင်မှုတွေအတွက် ဆွီဒင်အစိုးရက အလိုရှိနေတာ ဖြစ်ပါတယ်။ သူကတော့ ဒီစွပ်စွဲမှုတွေကို ငြင်းဆိုပါတယ်။
အခုလို သူ့ကို ဖမ်းဝရမ်းထုတ်တာနဲ့ ပတ်သက်ပြီး သူနဲ့ ဆွေးနွေးနိုင်ဖို့အတွက် ဗြိတိသျှ ရဲတွေနဲ့ ပြောဆိုနေတယ်လို့ ဂျူလီယန် အာဆန်းရှ်ရဲ့ ရှေ့နေက မနေ့က ပြောကြားခဲ့ပါတယ်။
ဆွီဒင်နိုင်ငံကနေ သူ့ကို အမေရိကန်နိုင်ငံကို ပြန်ပို့နိုင်တာမို့ ဒီကိစ္စအတွက် သူ ရင်ဆိုင်ဖြေရှင်းဖို့ လုပ်နေပါတယ်လို့လည်း ရှေ့နေဖြစ်သူက ပြောပါတယ်။
ဝီကီလိခ် ဝက်ဘ်ဆိုက် စာမျက်နှာတွေကနေ အမေရိကန် သံတမန်တွေရဲ့ ထိပ်တန်း လျှို့ဝှက် ဆက်သွယ် ပြောကြားချက်ပေါင်း ၂၅၀,၀၀၀ လောက် ပေါက်ကြားခဲ့ပါတယ်။