သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်သံတမန် မှတ်တမ်းများ WikiLeaks ဖော်ပြ


အစိုးရတွေရဲ့ လျို့ဝှက် သတင်းအချက်အလက်တွေကို လူသိရှင်ကြား အင်တာနက်မှာ ထုတ်ဖော်ခဲ့တဲ့ WikiLeaks ကနေ အမေရိကန် သံတမန်ဆိုင်ရာ အချက်အလက်တွေ နဲ့ ထောက်လှမ်းရေး အချက်အလက်ပေါင်း ၂ သန်းနီးပါးကို အင်တာနက်မှာ အများ ရှာဖွေနိုင်အောင် ဆောင်ရွက်ခဲ့ပါတယ်။

၁၉၇၀ ခုနှစ်က အချက်အလက်တွေကို လျှို့ဝှက် အဆင့်အတန်း သတ်မှတ် မထားတော့ပေမဲ့လည်း အများပြည်သူ အလွယ်တကူ ရှာဖွေကြည့်ရှုဖို့တော့ ခက်ခဲပါတယ်။

ဒီလိုရှာဖွေနိုင်မယ့် အစီအစဉ်နဲ့ ပတ်သတ်ပြီး WikiLeaks ကို တည်ထောင်သူ ဂျူလီယာ အဆန်း (Julian Assange) က အင်တာနက် ဗွီဒီယိုကနေတဆင့် ဝါရှင်တန်ဒီစီမှာ
ကြေညာသွားတာပါ။

ဒီဗွီဒီယိုလင့်ဟာ လန်ဒန်မှာရှိတဲ့ အီကွေဒေါ သရုံးကနေတဆင့် ဖြစ်ပါတယ်။ ဒီရှာဖွေမှု စနစ်ထဲမှာ ၁၉၇၃ ကနေ ၁၉၇၆ ခုနှစ်အကြား အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟင်နရီ ကစ်ဆင်းဂျား (Henry Kissinger) ထံကို ပေးပို့ခဲ့တာနဲ့ ပြန်လည်ပေးပို့ခဲ့တဲ့ သံတမန် အချက်အလက်တွေကို ရှာဖွေနိုင်မှာ ဖြစ်ပါတယ်။

ဒါ့အပြင် ၂၀၁၀ ခုနှစ်တုန်းက ပေါက်ကြားခဲ့တဲ့ သံတမန် လျို့ဝှက် အချက်အလက်ပေါင်း ၂ သိန်းခွဲကိုလည်း ရှာဖွေနိုင်မှာပါ။ အမေရိကန် နိုင်ငံခြားရေးဌာနကတော့ ဒီကိစ္စနဲ့ ပတ်သတ်ပြီး တုံ့ပြန်ပြောဆိုဖို့ ငြင်းဆိုထားပြီး စောင့်ကြည့်နေဆဲ ဖြစ်တဲ့ အကြောင်း ပြောဆိုခဲ့ပါတယ်။
XS
SM
MD
LG