သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပါကစ္စတန် နျူကလီးယား လုံခြုံရေး အမေရိကန် စိုးရိမ်မှု ဝီကီလိခ် ဖော်ပြ


ပါကစ္စတန် နျူကလီးယား လုံခြုံရေး အမေရိကန် စိုးရိမ်မှု ဝီကီလိခ် ဖော်ပြ
ပါကစ္စတန် နျူကလီးယား လုံခြုံရေး အမေရိကန် စိုးရိမ်မှု ဝီကီလိခ် ဖော်ပြ

ပါကစ္စတန်နိုင်ငံရဲ့ နျူကလီးယား ကုန်ကြမ်းတွေ လုံခြုံမှုနဲ့ အာဖဂန်နစ္စတန် နယ်စပ်တကျော စစ်သွေးကြွတွေကို တိုက်ဖျက်ရေး ပါကစ္စတန်ရဲ့ တာဝန်ယူမှုအပေါ် အမေရိကန် ပြည်ထောင်စုက ရတက်မအေး ဖြစ်ရတဲ့အကြောင်း သံတမန်ရေး စာအသွားအလာတွေမှာ ပါရှိတယ်လို့ ဝီကီလိခ် (WikiLeaks) အင်တာနက် စာမျက်နှာက ဖော်ပြလိုက်ပါတယ်။

ပါကစ္စတန် နျူကလီးယား ဓာတ်ပေါင်းဖိုတွေရဲ့ ဝန်ထမ်းတွေထဲက တယောက်တလေဟာ နျူကလီးယားလက်နက် ထုတ်လုပ်နိုင်တဲ့ ကုန်ကြမ်းတွေကို တဖြည်းဖြည်း ခိုးထုတ်နိုင်တယ်လို့ ပါကစ္စတန်နိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး အန်း ပက်ဒါဆင် (Anne Patterson) ရဲ့ ၂၀၀၉ ခုနှစ်က စာထဲမှာ ဖော်ပြထားပါတယ်။

ပါကစ္စတန် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် အဗ္ဗဒူလ် ဘာဆစ် ကတော့ အမေရိကန်တွေက မရောင်ရာဆီလူး စိတ်ပူနေကြတာလို့ AFP သတင်းက ကိုးကား ဖော်ပြထားပါတယ်။

အမေရိကန်က ပါကစ္စတန်နိုင်ငံကို ဘဏ္ဍာရေးနဲ့ စစ်ရေး အထောက်အပံ့တွေ ပေးနေပေမဲ့လည်း ပါကစ္စတန်က အစ္စလမ် စစ်သွေးကြွတွေကို ဆက်လက် ပံ့ပိုးနေတာတွေကို ဟန့်တားနိုင်မှာ မဟုတ်ကြောင်းနဲ့ ပါကစ္စတန်နိုင်ငံက သူ့ရဲ့ပြိုင်ဘက် အိန္ဒိယနိုင်ငံကို ယှဉ်နိုင်အောင် လုံခြုံရေး မဟာဗျူဟာ အဖြစ်နဲ့ စစ်သွေးကြွတွေကို မွေးထားရတာလို့ တခြားသတင်းတွေက ဖော်ပြပါတယ်။

ဝီကီလိခ် အင်တာနက် စာမျက်နှာကို တည်ထောင်သူ ဂျူလီယန် အာဆန်း (Julian Assange) ကို Interpol ခေါ် အပြည်ပြည်ဆိုင်ရာ နိုင်ငံတကာ ရဲတပ်ဖွဲ့က ဆွီဒင်နိုင်ငံမှာ မုဒိမ်းမှု စုံစမ်းစစ်ဆေးရေးအတွက် အလိုအရှိဆုံး လူတယောက်အဖြစ် ကြေညာထားပါတယ်။

XS
SM
MD
LG