သုံးရလွယ်ကူစေသည့် Link များ

နိုင်ငံလုံးဆိုင်ရာ ဒီမိုကရက်တစ်ကော်မတီ DNC ရဲ့ ကွန်ပြူတာဆာဗာတွေထဲကနေ ရထားတာလို့ဆိုတဲ့ အသံဖမ်းယူထားမှုပေါင်း ၂၉ ခုကို WikiLeaks က ဗုဒ္ဓဟူးနေ့မှာ ထုတ်ပြန်လိုက်ပါတယ်။

DNC ကော်မတီဝင် ခုနစ်ယောက်ရဲ့ အီးမေးလ်တွေကနေ မူပွားယူ ထားတာဖြစ်ပုံရတဲ့ ဒီ အသံဖမ်းယူချက်တွေမှာ ဒီမိုကရက်တစ် ပါတီပေါ်မှာ Bernie Sanders ရဲ့သြဇာလွှမ်းမိုးမှုကို မကျေနပ်ကြတဲ့ ပါတီတွင်းတာဝန်ရှိသူတွေ ရဲ့ ပြောဆိုချက်တွေလည်း ပါဝင်ပါ တယ်။ အဲဒီမှာပြောထားသူတဦးကဆိုရင် ဒီမိုကရက် နိုင်ငံလုံးဆိုင်ရာ ပါတီညီလာခံမှာ ဗားမွန့်အထက်လွှတ်တော်အမတ် Bernie Sanders ကို စကားမပြောစေချင်ဘဲ ၂၀၁၆ ခုနှစ် ပါတီရဲ့ မူဝါဒတွေအတွက် Sanders ရဲ့ ရွေးချယ်ချက်တွေကို ဆန့်ကျင်တယ်လို့ သတင်းတွေကပြောပါတယ်။

အခုထုတ်ပြန်ချက်ဟာ ပြီးခဲ့တဲ့ရက်အနည်းငယ်အတွင်း ဒုတိယမြောက် ထုတ်ပြန်မှုပါ။ ဒီမိုကရက်ပါတီညီလာခံ မတိုင်ခင်လေးမှာ အီးမေးလ်ပေါင်း ၂ သောင်းကို ထုတ်ပြန်လိုက်တာကြောင့် DNC ဥက္ကဌဖြစ်သူ လွှတ်တော်အမတ် Debbie Wasserman Schultz နှုတ်ထွက်ပေးလိုက်ရပါတယ်။

ဘယ်သူဘယ်ဝါဆိုတာ ထုတ်မပြောတဲ့ သတင်းရင်းမြစ်တွေနဲ့ ဖွင့်ထုတ်ဖောက်ချသူတွေဆီက မူရင်းအထောက်အထားတွေကို ထုတ်ပြန်တဲ့ WikiLeaks အဖွဲ့ဟာ အခုကိစ္စမှာလည်း သူတို့ရဲ့သတင်းရင်းမြစ်ကိုထုတ်မပြောဘဲ ထုတ်ပြန်တာပါ။ အီးမေးလ်တွေ ဟာ ၂၀၁၅ ခုနှစ် ဇန်န၀ါရီလကနေ ဒီနှစ် မေလအထိ ၁၇ လကြာကာလအတွင်း ပို့ခဲ့တဲ့အီးမေးလ်တွေဖြစ်ပါတယ်။

သူတို့ရဲ့ အီးမေးလ်စနစ်ကို ဖောက်ထွင်းခံရတဲ့အကြောင်း ပြီးခဲ့တဲ့ ဇွန်လမှာပဲ DNC က ကြေညာခဲ့ပါတယ်။ အီးမေးလ်စနစ်ကို ဖောက်ထွင်းသူတွေဟာ ရုရှားမှာအခြေစိုက်တဲ့ ဟက်ကာတွေဖြစ်တယ်လို့ ဒီမိုကရက်တစ် တာဝန်ရှိသူတွေက အဲဒီအချိန်တုန်းကတော့ ပြောခဲ့ပါတယ်။

XS
SM
MD
LG