သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဝီကီလိခ်စ် ဖော်ထုတ်ဖို့ အမေရိကန် ခုံရုံးဖွဲ့

Wikileaks website
Wikileaks website

အမေရိကန် အစိုးရရဲ့ အရေးကြီးတဲ့ လျှို့ဝှက်မှတ်တမ်း ထောင်ပေါင်းများစွာ ဖော်ထုတ်ခဲ့တာကို ရာဇဝတ်မှုနဲ့ တရားစွဲဆိုဖို့ စဉ်းစားတဲ့ အနေနဲ့ လျှို့ဝှက် ခုံသမာဓိ အဖွဲ့တခုဟာ ဝါရှင်တန်မြို့တော် အပြင်ဘက်မှာ တွေ့ဆုံ ဆွေးနွေးခဲ့ကြတယ်လို့ ဝီကီလိခ်စ် (WikiLeaks) ဝက်ဘ်ဆိုက် တည်ထောင်သူ ဂျူလီယန် အာဆန်းရှ် (Julian Assange) ရဲ့ ရှေ့နေက ပြောကြားလိုက်ပါတယ်။

ဗာဂျီးနီးယားပြည်နယ် အလက်ဇန်းဒြီးယားမှာ ခုံသမာဓိအဖွဲ့ လျှို့ဝှက် တွေ့ဆုံခဲ့ကြတယ် ဆိုတာကို ဆွီဒင်အာဏာပိုင်တွေဆီက ကြားသိခဲ့ရကြောင်း ရှေ့နေ မာ့စတီဖင်က အယ်လ်ဂျာဇီးယား ရုပ်မြင်သံကြားမှာ ပြောကြားခဲ့ပါတယ်။

ဝီကီလိခ်စ် ဝက်ဘ်ဆိုက်ဟာ ပြီးခဲ့တဲ့လ နှောင်းပိုင်းကစပြီး အမေရိကန် အစိုးရရဲ့ သံတမန်ရေး သတင်း အချက်အလက် ၂၅၀,၀၀၀ ထဲက တချို့ကို ဖြည်းဖြည်းချင်း ဖော်ပြခဲ့ပါတယ်။ အဲဒီမတိုင်ခင်ကတော့ အမေရိကန် စစ်တပ်ရဲ့ အာဖဂန်နဲ့ အီရတ် စစ်ပွဲတွေနဲ့ဆိုင်တဲ့ သတင်းအချက်အလက် ထောင်ပေါင်းများစွာကို ဖော်ထုတ်ခဲ့ဖူးပါတယ်။

အခုနောက်ဆုံး အမေရိကန် အစိုးရရဲ့ သတင်းအချက်အလက် ပေါက်ကြားသွားခဲ့မှုနဲ့ ပတ်သက်ပြီး တာဝန်ရှိတဲ့သူတွေကို ထိထိရောက်ရောက် အရေးယူသွားဖို့ အတည်ပြုပေးခဲ့ပြီး ဖြစ်တယ်လို့ အမေရိကန် ရှေ့နေချုပ် အဲရစ် ဟိုလ်ဒါ (Eric Holder) က ပြောကြားထားပါတယ်။

ဝီကီလိခ်စ် အင်တာနက် ဝက်ဘ်ဆိုက် တည်ထောင်သူ ဂျူလီယန် အာဆန်းရှ်ဟာ အခုအခါမှာ ဗြိတိန်နိုင်ငံမှာ ဖမ်းဆီးခံနေရပြီး ဆွီဒင်အစိုးရက သူ့အပေါ် စွဲဆိုထားတဲ့ မုဒိမ်းမှု၊ လိင်ပိုင်းဆိုင်ရာ မဖွယ်မရာ ပြုကျင့်မှု စတာတွေနဲ့ ရင်ဆိုင်နေရပါတယ်။

အာဆန်းရှ်ကတော့ သူဟာ အမှားအယွင်း တစုံတရာ ပြုလုပ်ခဲ့ခြင်း မရှိဘူးလို့ ပြောကြားထားပါတယ်။

This item is part of
XS
SM
MD
LG