သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

WikiLeaks သတင်းပေါက်ကြားသူ ရန်သူအားပေးမှုကလွတ်


အင်တာနက်ပေါ်မှာ လျိူ့ဝှက်သတင်း အချက်အလက်တွေကို ဖော်ပြနေတဲ့ WikiLeaks ကို အမေရိကန် အစိုးရရဲ့ လျိူ့ဝှက်ချက်တွေ ပေါက်ကြားမှုနဲ့ အရေးယူခံထားရတဲ့ အမေရိကန်စစ်သား Bradley Manning အနေနဲ့ ရန်သူကို အားပေးကူညီမှု စွပ်စွဲချက် အတွက် အပြစ်မရှိကြောင်း စစ်ခုံရုံးက ဆုံးဖြတ်လိုက်ပါတယ်။

တသက်တကျွန်း ပြစ်ဒဏ်အထိ ကျခံရနိုင်တဲ့ အမှုနဲ့ ပတ်သက်လို့ တိုက်ရိုက် စွပ်စွဲနိုင်ခြင်း မရှိဘူးဆိုပြီး Oklahoma ဇာတိ Manning အပေါ် ဆုံးဖြတ်ခဲ့တာပါ။

ဒါပေမဲ့လည်း ပြည်သူပိုင် ပစ္စည်းတွေကို ခိုးယူမှု၊ နိုင်ငံတော်ကို နှောက်ယှက်ဖျက်ဆီးမှု၊ ကွန်ပြူတာကို အသုံးပြုပြီး မသမာမှု စတဲ့ ပြစ်ဒဏ် သက်သာတဲ့ စွပ်စွဲချက်တွေအတွက် အပြစ်ရှိကြောင်း ဝါရှင်တန်မြို့တော်အနီး မေရီလန်းပြည်နယ် Fort Meade တပ်တွင်း ခုံရုံးက ဆုံးဖြတ်ခဲ့ပါတယ်။

အမှုတွေ အားလုံးအတွက် စီရင်ခံရမယ်ဆိုရင်တော့ အနှစ် ၁၀၀ ကျော်အထိ ကျခံရမှာပါ။

သူဟာဆိုရင် WikiLeaks ဝဘ်ဆိုဒ်ကို အမေရိကန် အစိုးရရဲ့ သတင်းအချက် အလက် မှတ်တမ်းပေါင်း ၇ သိန်းကျော် ပေါက်ကြားခဲ့မှုနဲ့ ဆက်နွယ်ပြီး ရာဇဝတ်မှု ၂၁ မှုနဲ့ ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။

ပေါက်ကြားခဲ့တဲ့ အချက်အလက်တွေထဲမှာတော့ အမေရိကန် သံတမန်တွေရဲ့ လျိူ့ဝှက်ကြေးနန်းစာတွေ၊ အီရတ်နဲ့ အာဖဂန် စစ်ပွဲက စစ်ဘက်ဆိုင်ရာ အစီရင်ခံစာတွေ ပါဝင်ခဲ့တာပါ။ အခုနောက်ဆုံး ကျန်နေသေးတဲ့ အမှုတွေနဲ့ ပတ်သက်လို့ သူ့အနေနဲ့ အပြစ်ရှိကြောင်း တရားခွင်မှာ ဝန်ခံတာမျိုးတော့ မရှိသေးပါဘူး။
XS
SM
MD
LG