သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မင်းသား ဝီလ်စမစ် နှစ် ၂၀ အတွင်း ပထမဆုံးသီချင်းသစ်ထွက်


အမေရိကန်ရုပ်ရှင်သရုပ်ဆောင်၊ အဆိုတော် Will Smith ရီယိုဒီဂျနဲရိုး က ဂီတပွဲတော်မှာ ဖြော်ဖျေစဥ်။ (စက်တင်ဘာ ၁၉၊ ၂၀၂၄)
အမေရိကန်ရုပ်ရှင်သရုပ်ဆောင်၊ အဆိုတော် Will Smith ရီယိုဒီဂျနဲရိုး က ဂီတပွဲတော်မှာ ဖြော်ဖျေစဥ်။ (စက်တင်ဘာ ၁၉၊ ၂၀၂၄)

နာမည်ကြီးဟောလိဝုဒ်မင်းသားလည်းဖြစ်၊ အဆိုတော်လည်းဖြစ်တဲ့ Will Smith ဝီလ်စမစ်က "Beautiful Scars" လှပတဲ့ အမာရွတ်များဆိုတဲ့ သီချင်းသစ်ကို ဇန်နဝါရီ ၃၁ ရက် သောကြာ နေ့ကပဲ ထုတ်လိုက်ပြီး မကြာခင်မှာပဲ နှစ်ပေါင်း ၂၀ ကျော်အတွင်း သူ့ရဲ့ ပထမဆုံး တေးအယ်လ်ဘမ် သစ် ထွက်လာတော့မယ်လို့ ကြေညာသွားပါတယ်။ အခုထုတ်လိုက်တဲ့ သီချင်းသစ်ကတော့ ဟစ်ဟော့ပ်အဆိုတော် Big Sean (ဘစ်ရွှန်) နဲ့ တွဲဖက်ရေးဆိုထားပြီး အဆိုတော် OBanga (အိုဘန်ဂါ) လည်း ပါဝင်ထားပါတယ်။

ကြေညာချက်ထုတ်ထားတာမှာတော့ ဒီ သီချင်းကို OmArr(အိုမား) နဲ့ LeXoskeleton(လက်ဇို စကယ်လီတန်) တို့ စီစဉ်ထုတ်လုပ်တာဖြစ်ပြီး သီချင်းကတော့ ကျော်ကြားမှုရဲ့ ဝေဒနာတွေနဲ့ ကိုယ့်အမှားတွေကနေ သင်ခန်းစာယူတဲ့အကြောင်း ပြောထားတာပါ။

"ဝီလ်စမစ်နဲ့ ဘစ်ရွှန်တို့ဟာ ထိမိတဲ့ ရက်ပ်စာသားတွေနဲ့ အပြန်အလှန် ဆိုထားကြပြီး သူတို့ ဘဝမှာ အမှားတွေကနေ ဘယ်လို ရုန်းထအားဖြည့်ခဲ့လဲ၊ ဘုရားသခင်နဲ့ ပိုနီးစပ်လာအောင်လှမ်းလာတဲ့ ခရီးလမ်းမှာ သူတို့ရဲ့ 'လှပတဲ့အမာရွတ်တွေ'တနည်းပြောရရင် ဒဏ်ရာတွေကို ဘယ်လိုကုစားခဲ့ကြလဲ ဆိုတာတွေကို သီချင်းစာသားတွေနဲ့ ဖော်ကျူးထားတာပါလို့ ကြေညာချက်မှာ ပြောထားပါတယ်။

သီချင်းဗွီဒီယိုကိုတော့ ၉၀ ပြည့်လွန်နှစ်တွေက အောင်မြင်ခဲ့တဲ့ "The Matrix" ရုပ်ရှင်ကို အတုယူရိုက်ကူးထားပါတယ်။

ဝီလ်စမစ်ရဲ့ တေးအယ်လ်ဘမ်သစ် "Based On A True Story"ဟာ ၂၀၂၅ မတ်လမှာ ထွက်ရှိမှာဖြစ်ပြီး ၂၀၂၄ က ထွက်ခဲ့တဲ့ "You Can Make it"၊ "Work of Art" နဲ့ "TANTRUM" သီချင်းတွေလည်း ထည့်သွင်းထားပါတယ်။ အသက် ၅၆ နှစ်အရွယ် တကယ့် အနုပညာရှင် ဖျော်ဖြေရေးသမားဖြစ်တဲ့ Will Smith ဟာ ၉၀ ပြည့်လွန်နှစ်တွေနှောင်းပိုင်းက "Getting' Jiggy Wit It"၊ "Miami" နဲ့ "Wild Wild West" လို အကောင်းဆုံးတေး စာရင်းမှာ ပါတဲ့ သီချင်းတွေနဲ့ သူ ပါဝင်သရုပ်ဆောင်ထားတဲ့ ရုပ်ရှင်တွေအပြင် သူ့ရဲ့ ကိုယ်ရေးကိုယ်တာ မိသားစုဖြစ်ရပ်တွေနဲ့လည်း လူသိများတာဖြစ်ပါတယ်။

Forum

XS
SM
MD
LG