သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Djokovic နဲ့ Federer Wimbledon ဖိုင်နယ်မှာတွေ့မည်


လက်ရှိချန်ပီယံ Djokovic နဲ့ ဝင်ဘယ်လ်ဒန်ချန်ပီယံ ၇ ကြိမ်ဖြစ်ဖူးတဲ့ Federer။
လက်ရှိချန်ပီယံ Djokovic နဲ့ ဝင်ဘယ်လ်ဒန်ချန်ပီယံ ၇ ကြိမ်ဖြစ်ဖူးတဲ့ Federer။

ဗြိတိန်နိုင်ငံမှာ ကျင်းပနေတဲ့ ဝင်ဘယ်လ်ဒန်တင်းနစ် အမျိုးသား တဦးချင်းပွဲစဉ်မှာ လက်ရှိချန်ပီယံ Novak Djokovic နဲ့ ချန်ပီယံဟောင်း Roger Federer တို့ ဖိုင်နယ်မှာ ဗိုလ်လုကြမှာပါ။ သောကြာနေ့က ကစားခဲ့တဲ့ ဆီမီးဖိုင်နယ် ပထမပွဲမှာ ဆာဘီးယားက ကမ္ဘာ့နံပါတ် (၁) Novak Djokovic က ပြင်သစ် Richard Gasquet ကို ၇-၆၊ ၆-၄၊ ၆-၄ နဲ့ အနိုင်ရသွားခဲ့ပါတယ်။ ၃ ပွဲပြတ်အနိုင်ရသွားပေမယ့် ဂျိုကိုဗစ်ချ်ဟာ ဂတ်စ်ကေး ကို အလွယ်တကူအနိုင်ရတာမဟုတ်ပဲ အကြိတ်အနယ် ကစားပြီးမှ အနိုင်ရခဲ့တာဖြစ်ပါတယ်။ ဒါဟာ ဂျိုကိုဗစ်ချ်အတွက်တော့ ဂရန်းစလမ်း ဖိုင်နယ်ကို ၁၇ ကြိမ်မြောက်တက်တာဖြစ်ပါတယ်။

ဒုတိယဆီမီးဖိုင်နယ်မှာတော့ ဆွစ်ဇာလန်က ကမ္ဘာ့အဆင့် (၂) Roger Federer က ဗြိတိန်က အဆင့် (၃) Andy Murray ကို ၇-၅၊ ၇-၅၊ ၆-၄ နဲ့ ၃ ပွဲပြတ်အနိုင်ရပြီး ဖိုင်နယ်ကို တက်နိုင်ခဲ့ပါတယ်။ဒီပွဲမှာ Federer ရဲ့ ဆားဗစ္စ်တွေကို ကောင်းလွန်း တာကြောင့် Murray အနေနဲ့ မယှဉ်နိုင်ခဲ့ပါဘူး။Federer ရဲ့ ဆားဗစ်္စဟာ အရမ်းကို ကောင်းခဲ့တယ်လို့ Murray က ပွဲအပြီးမှာ ပြောသွားခဲ့ပါတယ်။

ဒါကြောင့် လက်ရှိချန်ပီယံ Djokovic နဲ့ ဝင်ဘယ်လ်ဒန်ချန်ပီယံ ၇ ကြိမ်ဖြစ်ဖူးတဲ့ Federer တို့ တနင်္ဂနွေနေ့ ကစားမယ့် ဖိုင်နယ်မှာတွေ့ကြမှာဖြစ်ပြီး၊ ဒါဟာ မနှစ်က ဖိုင်နယ်ရဲ့ တကျော့ပြန် မကျေပွဲလို့ဆိုရမှာဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ်တုန်းကတော့ ဂျိုးကိုဗစ်ချ်က ၃ ပွဲ ၂ ပွဲ နဲ့ နိုင်ပြီး ချန်ပီယံဖြစ်ခဲ့တာပါ။

ဒီကနေ့မှာတော့ အမျိုးသမီးတဦးချင်းဖိုင်နယ်ကို ကစားကြမှာဖြစ်ပြီး ကမ္ဘာ့နံပါတ် ၁ Serena Williams နဲ့ စပိန်က Garbine Muguruza တို့ ဗိုလ်လုကြမှာဖြစ်ပါတယ်။

XS
SM
MD
LG