သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နာမည်ကြီး တင်းနစ်မယ်တွေ ကွာတားအဆင့် မတက်နိုင်


နာမည်ကြီး တင်းနစ်မယ်တွေ ကွာတားအဆင့် မတက်နိုင်
နာမည်ကြီး တင်းနစ်မယ်တွေ ကွာတားအဆင့် မတက်နိုင်

ဗြိတိန်နိုင်ငံ လန်ဒန်မြို့တော်မှာ ကျင်းပနေတဲ့ ဝင်ဘယ်လ်ဒန် တင်းနစ် (Wimbledon Tennis) ပြိုင်ပွဲတွေမှာ ဝင်ဘယ်လ်ဒန် ချန်ပီယံ ၂ ခါဖြစ်ဖူးတဲ့ အမေရိကန်က ဆီရီနာ ဝီလျံစ် (Serena Williams) အပါအဝင် ထိပ်တန်း အမျိုးသမီး တင်းနစ်မယ် ၃ ယောက် ပွဲရှုံးလို့ ထွက်သွားကြရပါပြီ။

လက်ရှိ Seeding အဆင့် ၇ မှာ ရောက်နေတဲ့ ဆီရီနာ ဝီလျံစ်ကို အဆင့် ၉ မှာရှိတဲ့ ပြင်သစ်က မာရီယွန် ဘာတိုလီ (Marion Bartoli) က ၆-၃၊ ၇-၆ နဲ့ နိုင်သွားတာပါ။

ဆီရီနာရဲ့အမ ဗီးနပ်စ် ဝီလျံစ် (Venus Williams) ကလည်း ဘူလ်ဂေးရီးယားသူ Tsvetana Pironkova ကို ၆-၂၊ ၆-၃၊ ၂ ပွဲပြတ်နဲ့ ရှုံးပါတယ်။

တခါ ကမ္ဘာ့နံပါတ် ၁ ဖြစ်နေတဲ့ ဒိန်းမတ်က ကာရိုလင်း ဝေ့ါဇ်နီယာကီ (Caroline Wozniacki) ဟာလည်း အဆင့် ၂၄ မှာ ရှိနေတဲ့ ဆလိုဗေးကီးယားသူ ဒိုမီနီကာ ဆီဘူကိုဗာ (Dominika Cibukova) ကို ၁-၆၊ ၇-၆၊ ၇-၅ နဲ့ တနင်္လာနေ့က ရှုံးသွားပါတယ်။

၂၀၀၄ ခုနှစ်က ဝင်ဘယ်လ်ဒန် ချန်ပီယံ ဖြစ်ဖူးတဲ့ ရုရှားက မာရီယာ ရှာရာပိုဗာ (Maria Sharapova) ကတော့ ကွာတားဖိုင်နယ် တက်သွားပါတယ်။

အခု ကွာတားတက်သွားကြတဲ့ အမျိုးသမီး ၈ ယောက်လုံးဟာ ဥရောပ နိုင်ငံတွေက ဖြစ်ကြပါတယ်။ ဒါဟာ ဝင်ဘယ်လ်ဒန် သမိုင်းမှာ ၁၉၁၃ ခုနှစ်တည်းကဆိုရင် ပထမဆုံး ဖြစ်ပါတယ်။

XS
SM
MD
LG