သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Wimbledon အမျိုးသမီးတင်းနစ် Serena Williams ဗိုလ်စွဲ


ွGarbine Muguruza ကို အနိုင်ရပြီးနောက် ချန်ပီယံဆုကို ကိုင်မြှောက်နေသည့် Serena Williams။ ဇူလိုင် ၁၁၊ ၂၀၁၅
ွGarbine Muguruza ကို အနိုင်ရပြီးနောက် ချန်ပီယံဆုကို ကိုင်မြှောက်နေသည့် Serena Williams။ ဇူလိုင် ၁၁၊ ၂၀၁၅

လန်ဒန်မြို့နားမှာ စနေနေ့က ကစားတဲ့ ဝင်မ်ဘယ်လ်ဒန်တင်းနစ်ပြိုင်ပွဲ အမျိုးသမီး တဦးချင်း ဗိုလ်လုပွဲမှာ အမေရိကန်တင်းနစ်အားကစားမယ် Serena Williams က စပိန်တင်းနစ်အားကစားမယ် Garbine Muguruza ကို ၆-၄၊ ၆-၄ နဲ့ နှစ်ပွဲဆက်အနိုင်ရပြီး ဗိုလ်စွဲသွား ပါတယ်။

ကမ္ဘာ့နံံပါတ်တစ် အမျိုးသမီး တင်းနစ်အားကစားသမား Serena Williams ဟာ ကျော်ကြားတဲ့ ဒီ ဝင်မ်ဘယ်လ်ဒန်ဗိုလ်လုပွဲကို အနိုင်ရတာ ဒီတကြိမ်နဲ့ဆို ခြောက်ကြိမ်ရှိပါပြီ။ ဒါ့အပြင် အသက် ၃၃ နှစ်အရွယ်မှာ တကြိမ် ထပ်ဗိုလ်စွဲတာမို့ ဒီ ချန်ပီယံဆုကို အနိုင် ရတဲ့ အသက်အကြီးဆုံး အမျိုးသမီး တင်းနစ်အားကစားသမားလဲဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ်ကနေစပြီး အနိုင်ရခဲ့တဲ့ ချန်ပီယံဆုတွေပါပေါင်းရင် အခုဆို သူဟာ Grand Slam ချန်ပီယံဆု လေးခုစလုံး ကို အနိုင်ရထားသူပါ။ ဒါပေမဲ့လဲ Serena Slam ဆိုတဲ့ ဂုဏ်ပုဒ်က သူ့အတွက်တော့ အသစ်မဟုတ်ပါဘူး။ ၂၀၀၂-၂၀၀၃ တင်းနစ် ရာသီတုန်းကလဲ အခုလိုပဲ အလားတူ ချန်ပီယံဆုလေးခုစလုံး အနိုင်ရခဲ့ဖူးပါတယ်။

ဒါပေမဲ့လဲ တင်းနစ်အားကစားပရိသတ်တွေက Williams ကို တကယ့်အစစ်အမှန် Grand Slam ချန်ပီယံအဖြစ် မြင်ချင်နေတာပါ။ ဆိုလိုတာကတော့ ပြက္ခဒိန်တနှစ်အတွင်း Grand Slam ချန်ပီယံဆု လေးခုစလုံးကို အနိုင်ရတာမျိုးဖြစ်ပါတယ်။

အစောပိုင်းကရထားတဲ့ သြစတြေးလျ Open၊ ပြင်သစ် Open ချန်ပီယံဆုတွေနဲ့ အခု Wimbledon နဲ့ပေါင်းရင် Williams ဟာ ဒီတနှစ်အတွင်း ချန်ပီယံဆုလေးခုထဲက သုံးခု ရထားပါပြီ။ နောက်ဆုံးကတော့ စက်တင်ဘာလအစောပိုင်း နယူးယောက် မှာကစားမယ့် အမေရိကန် Open ချန်ပီယံဆုကို အနိုင်ရဖို့ပဲ ကျန်ပါတော့တယ်။

XS
SM
MD
LG