သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Wimbledon အမျိုးသမီးတင်းနစ် Serena Williams နဲ့ Garbine Muguruza ဗိုလ်လုမည်


 အမေရိကန်က ကမ္ဘာ့နံပါတ် ၁ Serena Williams Wimbledon အမျိုးသမီးတင်းနစ်ပြိုင်ပွဲ။ (ဇူလိုင် ၇၊ ၂၀၁၅)
အမေရိကန်က ကမ္ဘာ့နံပါတ် ၁ Serena Williams Wimbledon အမျိုးသမီးတင်းနစ်ပြိုင်ပွဲ။ (ဇူလိုင် ၇၊ ၂၀၁၅)

ဗြိတိန်နိုင်ငံမှာ ကျင်းပနေတဲ့ ဝင်ဘယ်လ်ဒန် အမျိုးသမီးတဦးချင်း တင်းနစ်ပွဲတွေမှာတော့ ကမ္ဘာ့နံပါတ် ၁ Serena Williams နဲ့ စပိန်နိုင်ငံက Garbine Muguruza တို့ ဖိုင်နယ်ကို တက်သွားကြပြီဖြစ်ပါတယ်။

ကြာသာပတေးနေ့က ကစားခဲ့တဲ့ ဆီမီးဖိုင်နယ်ပွဲစဉ်တွေမှာ အမေရိကန်က ကမ္ဘာ့နံပါတ် ၁ ဆရီနာ ဝီလီယံက ရုရှားက အဆင့် ၄ မာရီရာ ရှာရာပိုဗာကို ၆-၂ ၊ ၆-၄ နဲ့ နိုင်ပြီး ဖိုင်နယ်ကိုတက်သွားခဲ့တာဖြစ်ပါတယ်။

အစောပိုင်းက ကစားတဲ့ ဆီမီးဖိုင်နယ်မှာတော့ စပိန်နိုင်ငံက Garbine Muguruza က Agnieszka Radwanska ကို ၆-၂ ၊ ၃-၆၊ ၆-၃ နဲ့ အနိုင်ရပြီး ဖိုင်နယ်ကို တက်သွားခဲ့တာဖြစ်ပါတယ်။ဖိုင်နယ်ကိုတော့ ကမ္ဘာ့နံပါတ် ၁ Serena Williams နဲ့ Garbine Muguruza တို့စနေနေ့မှာ ကစားမှာဖြစ်ပါတယ်။

ဒီကနေ့ သောကြာနေ့မှာ ကစားမယ့် အမျိုးသားတဦးချင်း ဆီမီးဖိုင်နယ်ပွဲစဉ်တွေမှာတော့ ကမ္ဘာ့အဆင့် ၁ နိုဗက်ဂျိုကိုဗစ်ချ် (Novak Djokovic) နဲ့ ပြင်သစ်နိုင်ငံက ရစ်ချတ်ဂတ်စ်ကေး (Richard Gasquet) တို့ကစားကြမှာဖြစ်ပြီး၊ တဘက်ဆီမီးဖိုင်နယ်မှာတော့ ဆွစ်ဇာလန်နိုင်ငံ ကမ္ဘာ့အဆင့် ၂ ရော်ဂျာဖယ်ဒရာ (Roger Federer) နဲ့ ဗြိတိန်နိုင်ငံက အဆင့် ၃ အန်ဒီ မာရီ (Andy Murray) တို့ ကစားကြမှာဖြစ်ပါတယ်။

XS
SM
MD
LG