{{Zawgyi/Unicode}}
အမ်ိဳးသားဒီမိုကေရစီအဖြဲခ်ဳပ္ (NLD) နာယက ဦးဝင္းထိန္ကို ေနျပည္ေတာ္တရား႐ုံးတခုက ေထာင္ဒဏ္ အႏွစ္ ၂၀ ခ်လိုက္ပါတယ္။ ႏိုင္ငံေတာ္အၾကည္ညိဳပ်က္ေအာင္လုပ္မႈ ပုဒ္မ ၁၂၄ - က နဲ႔အျမင့္ဆုံးျပစ္ဒဏ္ ခ်လိုက္တာပါ။ ေနျပည္ေတာ္ သီးသန္႔တရားရံုးမွာ အဂတိလိုက္စားမႈေတြနဲ႔ တရားစြဲခံထားရတဲ့ အတိုင္ပင္ခံ ေဒၚေအာင္ဆန္းစုၾကည္ကိုလည္း ဒီေန႔ ႐ုံးထုတ္ စစ္ေဆးပါတယ္။ လာမယ့္ ရံုးခ်ိန္းက်ရင္ စစ္ေကာင္စီဘက္က သက္ေသထြက္ဆိုဖို႔ ရန္ကုန္တိုင္းဝန္ႀကီးခ်ဳပ္ ဦးၿဖိဳးမင္းသိန္းရဲ႕ ဇနီးကို စတင္စစ္ေဆးမယ္လို႔ သိရပါတယ္။ ဒီလိုေနာက္ဆုံးရသတင္းေတြကို မဆုမြန္က တင္ျပေပးထားပါတယ္။
အမ်ိဳးသားဒီမိုကေရစီအဖြဲ႔ခ်ဳပ္ (NLD) နာယက ဦးဝင္းထိန္ကို ေနျပည္ေတာ္ အထူးတရားရံုးတခုက ႏိုင္ ငံေတာ္အၾကည္ညိဳပ်က္ေအာင္လုပ္မႈ ပုဒ္မ ၁၂၄ - ကနဲ႔ေထာင္ဒဏ္အႏွစ္ ၂၀ ခ်မွတ္လိုက္ပါတယ္။ ဒီျပစ္ဒဏ္အတြက္ အယူခံတင္သြားမယ္လို႔ ဦးဝင္းထိန္ရဲ႕ ေရွ႕ေနက ဗီအိုေအကို ေျပာပါတယ္။
“ေနျပည္ေတာ္အခ်ဳပ္ေထာင္ထဲမွာ ဒကၡိဏခ႐ိုင္တရား႐ုံး အထူးခုံ႐ုံးကေန အန္ကယ္ထိန္ကို ရာဇသတ္ႀကီးပုဒ္မ ၁၂၄-ကနဲ႔ အႏွစ္ ၂၀ေထာင္ဒဏ္ခ်ပါတယ္။ ညေန ၃ နာရီကပါ။ က်ေနာ္တို႔ဘက္ကလည္း ပါတီမွာ တာဝန္ရွိတဲ့ပုဂၢိဳလ္ ႏိုင္ငံေရးသမား၊ စာေရးဆရာအေနနဲ႔ က်ေနာ္တို႔ဥပေဒအရ ဥပေဒရဲ႕ရွင္းလင္းခ်က္ေတြ၊ ကင္းလြတ္ခ်က္ေတြ၊ စီရင္ထုံးေတြအရ အစိုးရကို ေဝဖန္တာ၊ ေထာက္ျပတာ၊ ေထာက္ျပခြင့္ရွိတယ္ဆိုတဲ့ စီရင္ထုံးေတြအရ အကာအကြယ္ယူ ခုခံတယ္။ အဲဒီအတြက္ ျပစ္ဒဏ္ခ်တာကို က်ေနာ္တို႔ ကလည္း ဒီျပစ္ဒဏ္နဲ႔ ပတ္သက္လို႔ ဥပေဒနဲ႔ မညီၫြတ္ဘူးဆိုၿပီး အယူခံဆက္တက္မွာပါခင္ဗ်။”
ပုဒ္မ ၁၂၄-က နဲ႔ ျပစ္မႈထင္ရွားရင္ အျမင့္ဆံုး ေထာင္ဒဏ္ ၇ ႏွစ္ က်ခံရမယ္လို႔ အရင္က သတ္မွတ္ထားတာပါ။ ဒါေပမဲ့စစ္အုပ္ခ်ဳပ္ေရးေကာင္စီ အာဏာသိမ္းၿပီး ေဖေဖာ္ဝါရီ ၂၄ ရက္ေန႔က အဲဒီအမႈအတြက္ အျမင့္ဆံုးျပစ္ဒဏ္ကို အႏွစ္ ၂၀ လို႔ ေျပာင္းလဲ ျပင္ဆင္သတ္မွတ္ခဲ့တာျဖစ္ပါတယ္။
ေဖေဖာ္ဝါရီ ၁ ရက္ေန႔ အာဏာသိမ္းၿပီး ရက္ပိုင္းအၾကာမွာ ဖမ္းဆီးခံခဲ့ရတဲ့ ဦးဝင္းထိန္ကို ေနျပည္ေတာ္ ဒကၡိဏခ႐ိုင္တရား႐ုံးမွာ ရာဇသတ္ႀကီး ပုဒ္မ ၁၂၄-က နဲ႔ အမႈဖြင့္ခဲ့တာျဖစ္ပါတယ္။စစ္တပ္အာဏာသိမ္းတဲ့ ေဖေဖာ္ဝါရီ ၁ ရက္က ေနျပည္ေတာ္မွာ သတင္းဌာနတခ်ိဳနဲ႔ေတြ႔ဆုံၿပီး “ျပည္သူသို႔ပန္ၾကားခ်က္” ဆိုၿပီး ေျပာခဲ့တာက ႏိုင္ငံေတာ္အၾကည္ညိဳပ်က္ေစတယ္ဆိုၿပီး တရားစြဲခဲ့တာပါ။ စစ္တပ္အာဏာသိမ္းတာဟာ လုပ္သင့္လုပ္ထိုက္တဲ့ ကိစၥမဟုတ္ဘူးလို႔ သတင္းမီဒီယာေတြကို ေျပာၾကားခဲ့တာက ႏိုင္ငံေတာ္အာဏာယူထားတဲ့ ပါတီႀကီးရဲ႕ ေခါင္းေဆာင္တေယာက္အေနနဲ႔ ျဖစ္ေပၚလာတဲ့ ႏိုင္ငံေရးအေျခအေနေပၚ တာဝန္ယူ ေျပာဆိုတာျဖစ္တယ္လို႔ ၿပီးခဲ့တဲ့႐ုံးခ်ိန္းေတြမွာ ဦးဝင္းထိန္ဘက္က ထြက္ဆိုခဲ့ပါတယ္။ အသက္ ၈၀ ရွိၿပီျဖစ္တဲ့ ဦးဝင္းထိန္ဟာ ဆီးခ်ိဳ၊ ေသြးတိုးနဲ႔ ႏွလုံးေရာဂါေတြ ခံစားေနရသူျဖစ္ပါတယ္။ လက္ရွိက်န္းမာေရးအေျခအေနနဲ႔ အမိန္႔ခ်တဲ့အေပၚ ဦးဝင္းထိန္အေျခအေနနဲ႔ပတ္သတ္လို႔ သူ႔ေရွ႕ေနကခုလိုေျပာျပပါတယ္။
“အန္ကယ္က်န္းမာေရးေကာင္းတယ္။ သူ႔စကားအရေျပာရရင္ေတာ့ အသက္ ၈၀ အ႐ြယ္တန္း ရွိသင့္တဲ့ က်န္းမာေရးရွိတယ္လို႔ေျပာပါတယ္။ အန္ကယ္က ယုံၾကည္ခ်က္ခံယူခ်က္နဲ႔ သူကဒီအမႈစတင္ကတည္းကခ်မွတ္ခ်င္ ခ်လိုက္လို႔ေျပာထားတယ္။ ဒီ ၁၂၄-က က မူလက ၇ ႏွစ္ပဲရွိတယ္။ ျပင္လိုက္ေတာ့ အႏွစ္ ၂၀။ သူကေတာ့ အႏွစ္၂၀ ခ်မယ္လို႔ သူ႔ကိုယ္သူႀကိဳေမွ်ာ္လင့္ထားတယ္။ အဲဒီအတြက္ သူ႔မွာခံႏိုင္ရည္ရွိပါတယ္။ အဲဒီအတြက္ သူကေတာ့ ေပါ့ေပါ့ပါးပါးေျပာပါတယ္။”
လက္ရွိ ေနျပည္ေတာ္ အခ်ဳပ္ေထာင္မွာ ဖမ္းဆီးထားတဲ့ ဦးဝင္းထိန္ကို ႏွစ္ရွည္ ေထာင္ဒဏ္အမိန္႔ခ်လိုက္ၿပီမို႔ တျခားေထာင္ကိုေျပာင္းေရႊ႕ဖို႔ စီစဥ္ေနတယ္လို႔ သူ႔ေရွ႕ေနကေျပာပါတယ္။ ဘယ္ေထာင္ေျပာင္းမလဲဆိုတာေတာ့ မသိရေသးပါဘူး။
ဦးဝင္းထိန္လိုပဲ စစ္ေကာင္စီက အမႈေတြဖြင့္ထားတဲ့ ႏိုင္ငံေတာ္အတိုင္ပင္ခံ ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ အဂတိလိုက္စားမႈ အမႈ ၄ မႈကို ဒီေန႔ ေအာက္တိုဘာ ၂၉ ရက္မွာ ေနျပည္ေတာ္အထူးတရား႐ုံးမွာ ၾကားနာခဲ့ပါတယ္။
ေဒၚခင္ၾကည္ေဖာင္ေဒးရွင္းအတြက္ လုပ္တဲ့ လေရာင္ေတာ စီမံကိန္းထဲမွာ ေဒၚေအာင္ဆန္းစုၾကည္ ေနထိုင္ဖို႔ အယ္လ္ပုံစံ အိမ္ေဆာက္တယ္ဆိုၿပီး ေဒၚေအာင္ဆန္းစုၾကည္တဦးတည္းကို အဂတိလိုက္စားမႈ ပုဒ္မ ၅၅ နဲ႔ စြပ္စြဲထားသလိုလေရာင္ေတာ စိုက္ပ်ဳိးသက္ေမြးပညာ သင္တန္းေက်ာင္း စီမံကိန္းအတြက္ ေနျပည္ေတာ္ ျပည္နယ္ ၂ ခုမွာ ေျမေနရာေတြ ေလွ်ာက္ထားတဲ့ေနရာမွာလည္း လုပ္ထုံးလုပ္နည္းနဲ႔ ေဆာင္ ႐ြက္ျခင္းမ႐ွိဘဲ ရာထူးအ႐ွိန္အဝါသံုးခဲ့တယ္လို႔ စြပ္စြဲခ်က္ေတြနဲ႔ေဒၚေအာင္ဆန္းစုၾကည္ NLD အစိုးရလက္ထက္ ေနျပည္ေတာ္က တာဝန္ရွိသူေတြနဲ႔ ပူးတဲြအမႈေတြ ဖြင့္ထားပါတယ္။
အဲဒီလေရာင္ေတာစီမံကိန္းမွာ သတ္မွတ္ထားတဲ့ လုပ္ထံုး လုပ္နည္း စည္းမ်ဥ္း စည္းကမ္းေဖ်ာက္ဖ်က္ က်ဴးလြန္မႈနဲ႔ ေနျပည္ေတာ္ၿမိဳ႕ေတာ္ဝန္ ေဒါက္တာမ်ိဳးေအာင္၊ ေနျပည္ေတာ္စည္ပင္ေကာ္မတီဝင္ ဦးမင္းသူတို႔နဲ႔ ပူးတြဲစြဲဆိုထားတဲ့ အမႈ၊ ေျမေလွ်ာက္ထားမႈနဲ႔ပဲ ေနျပည္ေတာ္ၿမိဳ႕ေတာ္ဝန္ေဒါက္တာမ်ိဳးေအာင္နဲ႔ ဒုၿမိဳ႕ေတာ္ဝန္ ဦးရဲမင္းဦးတို႔နဲ႔ ပူးတြဲစြဲဆိုထားတဲ့အမႈ ဒီ ၃ မႈကို ဒီကေန႔စစ္ခဲ့တယ္လို႔ စုံစမ္းသိရပါတယ္။
ဒီေန႔႐ုံးခ်ိန္းမွာ အဂတိလိုက္စားမႈ တိုက္ဖ်က္ေရး ေကာ္မရွင္က စစ္ေဆးေရးမႉး ဦးရဲထက္ကို ျပန္လွန္ေမးခြန္းေတြစစ္ေမးတာ အျပင္ တရားလိုဘက္က တင္သြင္းလာတဲ့ တရားလိုျပသက္ေသ ေနျပည္ေတာ္စည္ပင္ ဌာနမႉးေဟာင္း ဦးစိုးႏိုင္ကို အဓိက စစ္ေမးတာေတြလုပ္ခဲ့တယ္လို႔ ေနျပည္ေတာ္ကလာတဲ့သတင္းေတြအရ သိရပါတယ္။ အဲဒီအမႈေတြအတြက္ ႐ုံးခ်ိန္းကို ေနာက္တစ္ပတ္ ေသာၾကာေန႔ ႏိုဝင္ဘာ ၅ ရက္ကို ျပန္လည္ခ်ိန္းဆိုထားပါတယ္။ အဲဒီရံုးခ်ိန္းက်ရင္ ဦးၿဖိဳးမင္းသိန္းရဲ႕ဇနီး ေဒၚခင္မိမိႂကြယ္က စစ္ေကာင္စီသက္ေသအျဖစ္ လာေရာက္ထြက္ဆိုလိမ့္မယ္လို႔ သိရပါတယ္။ ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ အမႈကို လိုက္ပါေဆာင္ရြက္ေနတဲ့ ေရွ႕ေနေတြကို မီဒီယာေတြကို မေျဖၾကားဖို႔ ပုဒ္မ ၁၄၄ အမိန္႔နဲ႔စစ္ေကာင္စီဘက္က တားျမစ္ထားတာမို႔ အမႈအေျခအေန အေသးစိတ္ကိုေတာ့ မသိရပါဘူး။
=======
{{Unicode}}
NLD နာယက ဦးဝင်းထိန် နိုင်ငံတော်အကြည်ညိုပျက်စေမှုနဲ့ ထောင်ဒဏ်အနှစ် ၂၀
အမျိုးသားဒီမိုကရေစီအဖွဲချုပ် (NLD) နာယက ဦးဝင်းထိန်ကို နေပြည်တော်တရားရုံးတခုက ထောင်ဒဏ် အနှစ် ၂၀ ချလိုက်ပါတယ်။ နိုင်ငံတော်အကြည်ညိုပျက်အောင်လုပ်မှု ပုဒ်မ ၁၂၄ - က နဲ့အမြင့်ဆုံးပြစ်ဒဏ် ချလိုက်တာပါ။ နေပြည်တော် သီးသန့်တရားရုံးမှာ အဂတိလိုက်စားမှုတွေနဲ့ တရားစွဲခံထားရတဲ့ အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ကိုလည်း ဒီနေ့ ရုံးထုတ် စစ်ဆေးပါတယ်။ လာမယ့် ရုံးချိန်းကျရင် စစ်ကောင်စီဘက်က သက်သေထွက်ဆိုဖို့ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းရဲ့ ဇနီးကို စတင်စစ်ဆေးမယ်လို့ သိရပါတယ်။ ဒီလိုနောက်ဆုံးရသတင်းတွေကို မဆုမြန္က တင္ျပေပးထားပါတယ္။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) နာယက ဦးဝင်းထိန်ကို နေပြည်တော် အထူးတရားရုံးတခုက နိုင် ငံတော်အကြည်ညိုပျက်အောင်လုပ်မှု ပုဒ်မ ၁၂၄ - ကနဲ့ထောင်ဒဏ်အနှစ် ၂၀ ချမှတ်လိုက်ပါတယ်။ ဒီပြစ်ဒဏ်အတွက် အယူခံတင်သွားမယ်လို့ ဦးဝင်းထိန်ရဲ့ ရှေ့နေက ဗီအိုအေကို ပြောပါတယ်။
“နေပြည်တော်အချုပ်ထောင်ထဲမှာ ဒက္ခိဏခရိုင်တရားရုံး အထူးခုံရုံးကနေ အန်ကယ်ထိန်ကို ရာဇသတ်ကြီးပုဒ်မ ၁၂၄-ကနဲ့ အနှစ် ၂၀ထောင်ဒဏ်ချပါတယ်။ ညနေ ၃ နာရီကပါ။ ကျနော်တို့ဘက်ကလည်း ပါတီမှာ တာဝန်ရှိတဲ့ပုဂ္ဂိုလ် နိုင်ငံရေးသမား၊ စာရေးဆရာအနေနဲ့ ကျနော်တို့ဥပဒေအရ ဥပဒေရဲ့ရှင်းလင်းချက်တွေ၊ ကင်းလွတ်ချက်တွေ၊ စီရင်ထုံးတွေအရ အစိုးရကို ဝေဖန်တာ၊ ထောက်ပြတာ၊ ထောက်ပြခွင့်ရှိတယ်ဆိုတဲ့ စီရင်ထုံးတွေအရ အကာအကွယ်ယူ ခုခံတယ်။ အဲဒီအတွက် ပြစ်ဒဏ်ချတာကို ကျနော်တို့ ကလည်း ဒီပြစ်ဒဏ်နဲ့ ပတ်သက်လို့ ဥပဒေနဲ့ မညီညွတ်ဘူးဆိုပြီး အယူခံဆက်တက်မှာပါခင်ဗျ။”
ပုဒ်မ ၁၂၄-က နဲ့ ပြစ်မှုထင်ရှားရင် အမြင့်ဆုံး ထောင်ဒဏ် ၇ နှစ် ကျခံရမယ်လို့ အရင်က သတ်မှတ်ထားတာပါ။ ဒါပေမဲ့စစ်အုပ်ချုပ်ရေးကောင်စီ အာဏာသိမ်းပြီး ဖေဖော်ဝါရီ ၂၄ ရက်နေ့က အဲဒီအမှုအတွက် အမြင့်ဆုံးပြစ်ဒဏ်ကို အနှစ် ၂၀ လို့ ပြောင်းလဲ ပြင်ဆင်သတ်မှတ်ခဲ့တာဖြစ်ပါတယ်။
ဖေဖော်ဝါရီ ၁ ရက်နေ့ အာဏာသိမ်းပြီး ရက်ပိုင်းအကြာမှာ ဖမ်းဆီးခံခဲ့ရတဲ့ ဦးဝင်းထိန်ကို နေပြည်တော် ဒက္ခိဏခရိုင်တရားရုံးမှာ ရာဇသတ်ကြီး ပုဒ်မ ၁၂၄-က နဲ့ အမှုဖွင့်ခဲ့တာဖြစ်ပါတယ်။စစ်တပ်အာဏာသိမ်းတဲ့ ဖေဖော်ဝါရီ ၁ ရက်က နေပြည်တော်မှာ သတင်းဌာနတချိုနဲ့တွေ့ဆုံပြီး “ပြည်သူသို့ပန်ကြားချက်” ဆိုပြီး ပြောခဲ့တာက နိုင်ငံတော်အကြည်ညိုပျက်စေတယ်ဆိုပြီး တရားစွဲခဲ့တာပါ။ စစ်တပ်အာဏာသိမ်းတာဟာ လုပ်သင့်လုပ်ထိုက်တဲ့ ကိစ္စမဟုတ်ဘူးလို့ သတင်းမီဒီယာတွေကို ပြောကြားခဲ့တာက နိုင်ငံတော်အာဏာယူထားတဲ့ ပါတီကြီးရဲ့ ခေါင်းဆောင်တယောက်အနေနဲ့ ဖြစ်ပေါ်လာတဲ့ နိုင်ငံရေးအခြေအနေပေါ် တာဝန်ယူ ပြောဆိုတာဖြစ်တယ်လို့ ပြီးခဲ့တဲ့ရုံးချိန်းတွေမှာ ဦးဝင်းထိန်ဘက်က ထွက်ဆိုခဲ့ပါတယ်။ အသက် ၈၀ ရှိပြီဖြစ်တဲ့ ဦးဝင်းထိန်ဟာ ဆီးချို၊ သွေးတိုးနဲ့ နှလုံးရောဂါတွေ ခံစားနေရသူဖြစ်ပါတယ်။ လက်ရှိကျန်းမာရေးအခြေအနေနဲ့ အမိန့်ချတဲ့အပေါ် ဦးဝင်းထိန်အခြေအနေနဲ့ပတ်သတ်လို့ သူ့ရှေ့နေကခုလိုပြောပြပါတယ်။
“အန်ကယ်ကျန်းမာရေးကောင်းတယ်။ သူ့စကားအရပြောရရင်တော့ အသက် ၈၀ အရွယ်တန်း ရှိသင့်တဲ့ ကျန်းမာရေးရှိတယ်လို့ပြောပါတယ်။ အန်ကယ်က ယုံကြည်ချက်ခံယူချက်နဲ့ သူကဒီအမှုစတင်ကတည်းကချမှတ်ချင် ချလိုက်လို့ပြောထားတယ်။ ဒီ၁၂၄-က က မူလက ၇ နှစ်ပဲရှိတယ်။ ပြင်လိုက်တော့ အနှစ် ၂၀။ သူကတော့ အနှစ်၂၀ ချမယ်လို့ သူ့ကိုယ်သူကြိုမျှော်လင့်ထားတယ်။ အဲဒီအတွက် သူ့မှာခံနိုင်ရည်ရှိပါတယ်။ အဲဒီအတွက် သူကတော့ ပေါ့ပေါ့ပါးပါးပြောပါတယ်။”
လက်ရှိ နေပြည်တော် အချုပ်ထောင်မှာ ဖမ်းဆီးထားတဲ့ ဦးဝင်းထိန်ကို နှစ်ရှည် ထောင်ဒဏ်အမိန့်ချလိုက်ပြီမို့ တခြားထောင်ကိုပြောင်းရွှေ့ဖို့ စီစဉ်နေတယ်လို့ သူ့ရှေ့နေကပြောပါတယ်။ ဘယ်ထောင်ပြောင်းမလဲဆိုတာတော့ မသိရသေးပါဘူး။
ဦးဝင်းထိန်လိုပဲ စစ်ကောင်စီက အမှုတွေဖွင့်ထားတဲ့ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အဂတိလိုက်စားမှု အမှု ၄ မှုကို ဒီနေ့ အောက်တိုဘာ ၂၉ ရက်မှာ နေပြည်တော်အထူးတရားရုံးမှာ ကြားနာခဲ့ပါတယ်။
ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းအတွက် လုပ်တဲ့ လရောင်တော စီမံကိန်းထဲမှာ ဒေါ်အောင်ဆန်းစုကြည် နေထိုင်ဖို့ အယ်လ်ပုံစံ အိမ်ဆောက်တယ်ဆိုပြီး ဒေါ်အောင်ဆန်းစုကြည်တဦးတည်းကို အဂတိလိုက်စားမှု ပုဒ်မ ၅၅ နဲ့ စွပ်စွဲထားသလိုလရောင်တော စိုက်ပျိုးသက်မွေးပညာ သင်တန်းကျောင်း စီမံကိန်းအတွက် နေပြည်တော် ပြည်နယ် ၂ ခုမှာ မြေနေရာတွေ လျှောက်ထားတဲ့နေရာမှာလည်း လုပ်ထုံးလုပ်နည်းနဲ့ ဆောင် ရွက်ခြင်းမရှိဘဲ ရာထူးအရှိန်အဝါသုံးခဲ့တယ်လို့ စွပ်စွဲချက်တွေနဲ့ဒေါ်အောင်ဆန်းစုကြည် NLD အစိုးရလက်ထက် နေပြည်တော်က တာဝန်ရှိသူတွေနဲ့ ပူးတွဲအမှုတွေ ဖွင့်ထားပါတယ်။
အဲဒီလရောင်တောစီမံကိန်းမှာ သတ်မှတ်ထားတဲ့ လုပ်ထုံး လုပ်နည်း စည်းမျဉ်း စည်းကမ်းဖျောက်ဖျက် ကျူးလွန်မှုနဲ့ နေပြည်တော်မြို့တော်ဝန် ဒေါက်တာမျိုးအောင်၊ နေပြည်တော်စည်ပင်ကော်မတီဝင် ဦးမင်းသူတို့နဲ့ ပူးတွဲစွဲဆိုထားတဲ့ အမှု၊ မြေလျှောက်ထားမှုနဲ့ပဲ နေပြည်တော်မြို့တော်ဝန်ဒေါက်တာမျိုးအောင်နဲ့ ဒုမြို့တော်ဝန် ဦးရဲမင်းဦးတို့နဲ့ ပူးတွဲစွဲဆိုထားတဲ့အမှု ဒီ ၃ မှုကို ဒီကနေ့စစ်ခဲ့တယ်လို့ စုံစမ်းသိရပါတယ်။
ဒီနေ့ရုံးချိန်းမှာ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်က စစ်ဆေးရေးမှူး ဦးရဲထက်ကို ပြန်လှန်မေးခွန်းတွေစစ်မေးတာ အပြင် တရားလိုဘက်က တင်သွင်းလာတဲ့ တရားလိုပြသက်သေ နေပြည်တော်စည်ပင် ဌာနမှူးဟောင်း ဦးစိုးနိုင်ကို အဓိက စစ်မေးတာတွေလုပ်ခဲ့တယ်လို့ နေပြည်တော်ကလာတဲ့သတင်းတွေအရ သိရပါတယ်။ အဲဒီအမှုတွေအတွက် ရုံးချိန်းကို နောက်တစ်ပတ် သောကြာနေ့ နိုဝင်ဘာ ၅ ရက်ကို ပြန်လည်ချိန်းဆိုထားပါတယ်။ အဲဒီရုံးချိန်းကျရင် ဦးဖြိုးမင်းသိန်းရဲ့ဇနီး ဒေါ်ခင်မိမိကြွယ်က စစ်ကောင်စီသက်သေအဖြစ် လာရောက်ထွက်ဆိုလိမ့်မယ်လို့ သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမှုကို လိုက်ပါဆောင်ရွက်နေတဲ့ ရှေ့နေတွေကို မီဒီယာတွေကို မဖြေကြားဖို့ ပုဒ်မ ၁၄၄ အမိန့်နဲ့စစ်ကောင်စီဘက်က တားမြစ်ထားတာမို့ အမှုအခြေအနေ အသေးစိတ်ကိုတော့ မသိရပါဘူး။
#ဦးဝင်းထိန်#နိုင်ငံတော်အကြည်ညိုပျက်စေမှု#နှစ်၂၀#NLD#၁၂၄-က#ဗွီအိုအေ
=======