သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

စစ္ေကာင္စီအႀကီးအကဲ ရဲ႕ ၿငိမ္းခ်မ္းေရးစကားအေပၚ တံု႔ျပန္သံုးသပ္ခ်က္တခ်ိဳ႕


Senior General Min Aung Hlaing ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္

စစ္ေကာင္စီအႀကီးအကဲ ရဲ႕ ၿငိမ္းခ်မ္းေရးစကားအေပၚ တံု႔ျပန္သံုးသပ္ခ်က္တခ်ိဳ႕

{{Zawgyi/Unicode}}

အခု ၂ဝ၂၂ ခုႏွစ္ဟာ စိန္ရတုရက္ေတြနဲ႔တိုက္ဆိုင္ေနတာမို႔ ျမန္မာ့ျငိမ္းခ်မ္းေရးေျခလွမ္းသစ္ေတြ စရမယ္လို႔ စစ္ေကာင္စီေခါင္းေဆာင္ ဗို္လ္ခ်ဳပ္မူးႀကီးမင္းေအာင္လိႈင္က ႏွစ္သစ္မိန္႔ခြန္းမွာေျပာခဲ့တဲ့အေပၚ၊ လက္ေတြ႔ေကာင္းတဲ့လုပ္ရပ္နဲ႔ကတိစကားပါမွရမယ္လို႔ သံုးသပ္မူေတြရွိလာပါတယ္။

လက္ေတြ႔ေျမျပင္မွာ တိုက္ပြဲေတြဆက္လုပ္ေနၿပီး၊ အေရးပါတဲ့ ဖယ္ဒရယ္နဲ႔ဒီမိုကေရစီရေရး ရည္မွန္းခ်က္မပါလွ်င္ ဘာအတြက္ေဆြးေႏြးဖို႔ သံသယရွိတာေၾကာင့္ အလြတ္သေဘာေတာင္ စေဆြးေႏြးဖို႔ ခက္မယ္လို႔ ျငိမ္းခ်မ္းေရးေဆြးေႏြးပြဲ ပါဝင္ခဲ့သူေတြက ေထာက္ျပလိုက္ပါတယ္။

ဒီအေၾကာင္း KNU ကရင္အမ်ိဳးသားအစည္းအရံုး အေထြေထြအတြင္းေရးမူး ဖဒိုတာဒိုမူး၊ NCA အပစ္ရပ္လက္မွတ္ထိုး တိုင္းရင္းသား လက္နက္ကိုင္အဖြဲ႔ေပါင္းစု PPST ပူးတြဲဦးေဆာင္သူ ဦးခြန္ဥကၠာနဲ႔ ျမန္မာ့အေရးေလ့လာသံုးသပ္သူ ဦးသန္းစိုးႏိုင္တို႔ကို ကိုဝင္းမင္းက ေမးထားပါတယ္။

ကိုဝင္းမင္း ။. ။ ကရင္အမ်ဳိးသားအစည္းအရုံး KNU အေထြေထြအတြင္းေရးမွဴး ဖဒိုတာဒုိမွဴး က ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လိႈင္ ရဲ႔ ႏွစ္သစ္ၿငိမ္းခ်မ္းေရးကမ္းလွမ္းမႈကို အခုလိုစသုံးသပ္ျပပါတယ္။

ဖဒိုတာဒိုမွဴး ။. ။ ၿငိမ္းခ်မ္းေရးရတဲ့ဟာက က်ေနာ္တို႔ သက္ဆိုင္ရာအဖြဲ႔အစည္းေတြၾကားမွာ တည္ေဆာက္ၿပီး က်ေနာ္တို႔အမွန္တကယ္ သေဘာတူညီထားတဲ့ သေဘာတူညီခ်က္ေတြကို လိုက္နာမႈကတဆင့္ ဘယ္လုိရွာၾကမလဲဆိုတာက မူတည္တာေပါ့။ က်ေနာ္တို႔အေတြ႔အႀကဳံအရဆိုရင္ ၿငိမ္းခ်မ္းေရးကို ႏုတ္ဖ်ားကေန လိုသလိုေျပာေနၿပီးေတာ့ လက္ေတြ႔မွာေတာ့ သူတို႔အသာစီးရဖို႔နဲ႔ သူတို႔လုိခ်င္တာဟာကို ျဖစ္ေျမာက္ေအာင္လုပ္တဲ့အပိုင္းကိုလုပ္သြားတဲ့ ပုံစံကေတာ့ က်ေနာ္တို႔မွာ အဲဒီအေတြ႔အႀကဳံေတြ အမ်ားႀကီးရွိထားတယ္။ က်ေနာ္တို႔ခ်ည္းမဟုတ္ပဲ တျခားတိုင္းရင္းသားေတြကေကာ အထူးသျဖင့္ ခ်ဳပ္သမွ် စာခ်ဳပ္ေတြမွာ က်ေနာ္တို႔ဖက္ကသာလွ်င္ Follow လုပ္ရမယ္။ သူတို႔ဖက္က လုပ္စရာမလိုဘူးဆိုၿပီးလုပ္တဲ့ ၿငိမ္းခ်မ္းေရးကေတာ့ ဘယ္ေတာ့မွ ေအာင္ျမင္ႏိုင္စရာမရွိပါဘူး။ သူတို႔ေျပာတဲ့ၿငိမ္းခ်မ္းေရးကေတာ့ ဒီႏိုင္ငံအတြက္ကေတာ့ လက္ေတြ႔ျဖစ္မွာမဟုတ္ပါဘူး။

ကိုဝင္းမင္း ။. ။ အခုလို ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လိႈင္ ရဲ႕ ၿငိမ္းခ်မ္းေရးအေပၚ NCA အပစ္ရပ္လက္မွတ္ထိုးထားတဲ့အဖြဲ႔ေတြ PPST အဖြဲ႔ရဲ႕ ပူးတြဲဦးေဆာင္သူ ဦးခြန္ဥကၠာကလည္း အခုလိုရည္ရြယ္ပုံရတယ္လို႔ဆိုပါတယ္။


ဦးခြန္ဥကၠာ ။. ။ ဒီအၾကမ္းအရမ္းနဲ႔ သြားတဲ့ တႏွစ္ကာလမွာ ရလဒ္က အေကာင္းမထြက္ပဲနဲ႔ ပိုပုိဆုိးလာတယ္။ ဖိႏိုပ္ေလ ထၾကြေလဆိုတဲ့ နိယာမအရ ဆန္က်င္တဲ့ဖက္ကလည္း ပိုၿပီးေတာ့ ဆန္႔က်င္လာတဲ့အခါၾကေတာ့ နည္းပရိယယ္အရ ၂ဝ၂၂ ထဲမွာ အလွည့္အေျပာင္းမလုပ္ရင္ စစ္ေကာင္စီက ဆက္ဖို႔ခက္ႏိုင္တယ္လို႔ လူႀကီးေတြလည္း တြက္ႏိုင္တာေပါ့ဗ်ာ။ ဒါေၾကာင့္ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ ေခါင္းလွည့္မယ္ ဦးတည္မယ္ အဲဒါေၾကာင့္အလြတ္သေဘာေတြစတင္မယ္ ေဆြးေႏြးညွိႏႈိင္းရေအာင္ဆိုတဲ့ ဖိတ္ေခၚမႈမ်ဳိးေတြေပၚလာတာ။

ကိုဝင္းမင္း ။. ။ ဒါေပမယ့္ ဖဒိုတာဒိုမွဴး ကေတာ့ ေနာက္ရည္ရြယ္ခ်က္ျဖစ္ႏိုင္တာအေပၚ အခုလိုေဝဖန္လိုက္ပါတယ္။

ဖဒိုတာဒိုမွဴး ။. ။ အဓိက ကေတာ့ သူတို႔ Divided and Rule လုပ္တာ က်ေနာ္တို႔ လြန္ခဲ့တဲ့ကာလေတြ တုိင္းရင္းသားေဒသေတြမွာ စစ္ဆင္ေရးလုပ္မယ္ဆိုရင္ ျပည္မမွာ ႏုိင္ငံေရးပါတီေတြကို သူတို႔က အခြင့္အေရးေတြေပးၿပီးေတာ့ ျပည္မနဲ႔ ျပည္နယ္ေတြနဲ႔ ေပါင္းစည္းမႈမရွိေအာင္ အဓိက ဗမာလူထု႔ေတြနဲ႔ ေပါင္းၿပီးေတာ့ တုိင္းရင္းသားေတြနဲ႔ မေပါင္းႏိုင္ေအာင္လုပ္တာက ေတာက္ေလွ်ာက္လုပ္ခဲ့တာေပါ့။ အခုကေတာ့ အထူးသျဖင့္ အာဏာသိမ္းမႈအေပၚအေျခခံၿပီးေတာ့ တျပည္လုံး အုံၾကြလာၿပီးေတာ့ ေနာက္ဆုံး စစ္တပ္ကို လက္မခံႏိုင္တဲ့အေနအထားတခုမွာ တိုင္းရင္းသားေတြကို သူတို႔ႏွစ္သိပ္ႏိုင္တဲ့အေနအထားမ်ားရွိသလားဆိုတာ ေသြးတိုးစမ္းၾကည့္တဲ့သေဘာေလာက္ပဲျဖစ္ပါတယ္။

ကိုဝင္းမင္း ။. ။ ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လိႈင္ေျပာတာအေပၚ ျမန္မာႏိုင္ငံေရးေလ့လာသူ ဦးသန္းစိုးႏိုင္ က အခုလိုသုံးသပ္ပါတယ္။

ဦးသန္းစုိးႏိုင္ ။. ။ အခုလာမယ့္ ျပည္ေထာင္စုေန႔ဆိုတာက ၇၅ ႏွစ္ျပည့္တဲ့တိုင္ေအာင္ က်ယ္က်ယ္ျပန္႔ျပန္႔လုပ္ႏိုင္တဲ့အေနအထားမရွိပါဘူး။ တျပည္လုံးမွာျဖစ္ေနတဲ့ ျပည္သူေတာ္လွန္ေရးလွဳပ္ရွားမႈေတြက ဗမာျပည္ရဲ႕ ၆၀ ရာခိုင္ႏႈန္းေလာက္မွာ လႊမ္းမိုးထားတဲ့အေနအထားမွာ ဒီႏွစ္ ျပည္ေထာင္စုေန႔ စိန္ရတု႔မွာ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ကို အေကာင္ထည္ေဖာ္ႏိုင္မယ့္အေနအထားမရွိပါဘူး။ အဲဒါေၾကာင့္ လာမယ့္ ေရြးေကာက္ပြဲက်င္းပမယ့္ ၂ဝ၂၃ ခုႏွစ္ကို လြတ္လပ္ေရးေန႔နဲ႔ တြဲၿပီးေျပာလိုက္တာ။

ကိုဝင္းမင္း ။.။ အခုလိုၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ကို. ဘယ္လုိစခ်င္ပါသလဲလို႔ ေမးရာမွာ ဦးခြန္ဥကၠာက

ဦးခြန္ဥကၠာ ။. ။ အလြတ္သေဘာစဖို႔က အဖြဲ႔အေတာ္မ်ားမ်ား က်ေနာ္တီးေခါက္ၾကည့္ရာမွာ ဗုံးေတြၾကဲေနတယ္။ လက္နက္ႀကီးေတြပစ္ေနတယ္။ ျပည္သူေတြဒုကၡေရာက္တာေပါ့ဗ်ာ။ ရန္လိုမႈမ်ားေနတယ္။ တစုံတရာ စိတ္ေကာင္းျပတဲ့အေနနဲ႔ တိုက္ခိုက္မႈေတြကို ေလွ်ာ့ျပမွ ဒါမွမဟုတ္ ရပ္စဲျပမွ။ လက္ေတြ႔ေျမျပင္မွာ ျပဳျပင္ျပမွ အလြတ္သေလာေတြ႔ရမယ္လို႔တြက္တယ္ဗ်။ အႀကံေပးခ်င္တာက RCSS ထုတ္ျပန္ခ်က္ကို တခ်က္ၾကည့္လုိက္ပါ။ ဖက္ဒရယ္ျပည္ေထာင္စုတည္ေဆာက္ဖို႔၊ ဒီမိုကေရစီကို တကယ္တက္လွမ္းဖို႔ ဆိုရင္ ႀကိဳဆိုတယ္လို႔ သူေျပာခဲ့တယ္ေလ။ ဒါေၾကာင့္ ဖိတ္ေခၚတဲ့ေနရာမွာ ခံဝန္ခ်က္ပါထဲ့လုိက္။ က်ေနာ္တို႔ ဖက္ဒရယ္ နဲ႔ ဒီမိုကေရစီကို ႏိုင္ငံကို တည္ေထာင္မယ္ လူအခြင့္အေရးကို သြားမယ္ဆိုတာ။ အာမခံခ်က္ထဲ့ေခၚလိုက္ရင္ ေကာင္းပါတယ္။

ကိုဝင္းမင္း ။. ။ ဒီအေပၚမွာ ဖဒိုတာဒိုမွဴး ကလည္း ႀကိဳဆိုလိုက္ၿပီး ျပည္သူအေပၚ ဖိႏိုပ္တဲ့ တပ္မ်ဳိးနဲ႔ ေတာ့ ဆက္ၿပီး မေျပာေတာ့ဘူးလို႔ေျပာခဲ့ပါတယ္ခင္ဗ်ာ။

.....................................

ၿငိမ္းခ်မ္းေရးနဲ႔ ပတ္သက္ၿပီး အျမင္သေဘာထား
please wait

No media source currently available

0:00 0:04:47 0:00
တိုက္႐ိုက္ လင့္ခ္

စစ်ကောင်စီအကြီးအကဲ ရဲ့ ငြိမ်းချမ်းရေးစကားအပေါ် တုံ့ပြန်သုံးသပ်ချက်တချို့

{{Unicode}}

အခု ၂ဝ၂၂ ခုနှစ်ဟာ စိန်ရတုရက်တွေနဲ့တိုက်ဆိုင်နေတာမို့ မြန်မာ့ငြိမ်းချမ်းရေးခြေလှမ်းသစ်တွေ စရမယ်လို့ စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မူးကြီးမင်းအောင်လှိုင်က နှစ်သစ်မိန့်ခွန်းမှာပြောခဲ့တဲ့အပေါ်၊ လက်တွေ့ကောင်းတဲ့လုပ်ရပ်နဲ့ကတိစကားပါမှရမယ်လို့ သုံးသပ်မူတွေရှိလာပါတယ်။

လက်တွေ့မြေပြင်မှာ တိုက်ပွဲတွေဆက်လုပ်နေပြီး၊ အရေးပါတဲ့ ဖယ်ဒရယ်နဲ့ဒီမိုကရေစီရရေး ရည်မှန်းချက်မပါလျှင် ဘာအတွက်ဆွေးနွေးဖို့ သံသယရှိတာကြောင့် အလွတ်သဘောတောင် စဆွေးနွေးဖို့ ခက်မယ်လို့ ငြိမ်းချမ်းရေးဆွေးနွေးပွဲ ပါဝင်ခဲ့သူတွေက ထောက်ပြလိုက်ပါတယ်။

ဒီအကြောင်း KNU ကရင်အမျိုးသားအစည်းအရုံး အထွေထွေအတွင်းရေးမူး ဖဒိုတာဒိုမူး၊ NCA အပစ်ရပ်လက်မှတ်ထိုး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ပေါင်းစု PPST ပူးတွဲဦးဆောင်သူ ဦးခွန်ဥက္ကာနဲ့ မြန်မာ့အရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်တို့ကို ကိုဝင်းမင်းက မေးထားပါတယ်။

ဖဒိုတာဒိုမှူး ။. ။ ငြိမ်းချမ်းရေးရတဲ့ဟာက ကျနော်တို့ သက်ဆိုင်ရာအဖွဲ့အစည်းတွေကြားမှာ တည်ဆောက်ပြီး ကျနော်တို့အမှန်တကယ် သဘောတူညီထားတဲ့ သဘောတူညီချက်တွေကို လိုက်နာမှုကတဆင့် ဘယ်လိုရှာကြမလဲဆိုတာက မူတည်တာပေါ့။ ကျနော်တို့အတွေ့အကြုံအရဆိုရင် ငြိမ်းချမ်းရေးကို နုတ်ဖျားကနေ လိုသလိုပြောနေပြီးတော့ လက်တွေ့မှာတော့ သူတို့အသာစီးရဖို့နဲ့ သူတို့လိုချင်တာဟာကို ဖြစ်မြောက်အောင်လုပ်တဲ့အပိုင်းကိုလုပ်သွားတဲ့ ပုံစံကတော့ ကျနော်တို့မှာ အဲဒီအတွေ့အကြုံတွေ အများကြီးရှိထားတယ်။ ကျနော်တို့ချည်းမဟုတ်ပဲ တခြားတိုင်းရင်းသားတွေကကော အထူးသဖြင့် ချုပ်သမျှ စာချုပ်တွေမှာ ကျနော်တို့ဖက်ကသာလျှင် Follow လုပ်ရမယ်။ သူတို့ဖက်က လုပ်စရာမလိုဘူးဆိုပြီးလုပ်တဲ့ ငြိမ်းချမ်းရေးကတော့ ဘယ်တော့မှ အောင်မြင်နိုင်စရာမရှိပါဘူး။ သူတို့ပြောတဲ့ငြိမ်းချမ်းရေးကတော့ ဒီနိုင်ငံအတွက်ကတော့ လက်တွေ့ဖြစ်မှာမဟုတ်ပါဘူး။

ကိုဝင်းမင်း ။. ။ အခုလို ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရဲ့ ငြိမ်းချမ်းရေးအပေါ် NCA အပစ်ရပ်လက်မှတ်ထိုးထားတဲ့အဖွဲ့တွေ PPST အဖွဲ့ရဲ့ ပူးတွဲဦးဆောင်သူ ဦးခွန်ဥက္ကာကလည်း အခုလိုရည်ရွယ်ပုံရတယ်လို့ဆိုပါတယ်။


ဦးခွန်ဥက္ကာ ။. ။ ဒီအကြမ်းအရမ်းနဲ့ သွားတဲ့ တနှစ်ကာလမှာ ရလဒ်က အကောင်းမထွက်ပဲနဲ့ ပိုပိုဆိုးလာတယ်။ ဖိနိုပ်လေ ထကြွလေဆိုတဲ့ နိယာမအရ ဆန်ကျင်တဲ့ဖက်ကလည်း ပိုပြီးတော့ ဆန့်ကျင်လာတဲ့အခါကြတော့ နည်းပရိယယ်အရ ၂ဝ၂၂ ထဲမှာ အလှည့်အပြောင်းမလုပ်ရင် စစ်ကောင်စီက ဆက်ဖို့ခက်နိုင်တယ်လို့ လူကြီးတွေလည်း တွက်နိုင်တာပေါ့ဗျာ။ ဒါကြောင့်ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ခေါင်းလှည့်မယ် ဦးတည်မယ် အဲဒါကြောင့်အလွတ်သဘောတွေစတင်မယ် ဆွေးနွေးညှိနှိုင်းရအောင်ဆိုတဲ့ ဖိတ်ခေါ်မှုမျိုးတွေပေါ်လာတာ။

ကိုဝင်းမင်း ။. ။ ဒါပေမယ့် ဖဒိုတာဒိုမှူး ကတော့ နောက်ရည်ရွယ်ချက်ဖြစ်နိုင်တာအပေါ် အခုလိုဝေဖန်လိုက်ပါတယ်။

ဖဒိုတာဒိုမှူး ။. ။ အဓိက ကတော့ သူတို့ Divided and Rule လုပ်တာ ကျနော်တို့ လွန်ခဲ့တဲ့ကာလတွေ တိုင်းရင်းသားဒေသတွေမှာ စစ်ဆင်ရေးလုပ်မယ်ဆိုရင် ပြည်မမှာ နိုင်ငံရေးပါတီတွေကို သူတို့က အခွင့်အရေးတွေပေးပြီးတော့ ပြည်မနဲ့ ပြည်နယ်တွေနဲ့ ပေါင်းစည်းမှုမရှိအောင် အဓိက ဗမာလူထု့တွေနဲ့ ပေါင်းပြီးတော့ တိုင်းရင်းသားတွေနဲ့ မပေါင်းနိုင်အောင်လုပ်တာက တောက်လျှောက်လုပ်ခဲ့တာပေါ့။ အခုကတော့ အထူးသဖြင့် အာဏာသိမ်းမှုအပေါ်အခြေခံပြီးတော့ တပြည်လုံး အုံကြွလာပြီးတော့ နောက်ဆုံး စစ်တပ်ကို လက်မခံနိုင်တဲ့အနေအထားတခုမှာ တိုင်းရင်းသားတွေကို သူတို့နှစ်သိပ်နိုင်တဲ့အနေအထားများရှိသလားဆိုတာ သွေးတိုးစမ်းကြည့်တဲ့သဘောလောက်ပဲဖြစ်ပါတယ်။

ကိုဝင်းမင်း ။. ။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ပြောတာအပေါ် မြန်မာနိုင်ငံရေးလေ့လာသူ ဦးသန်းစိုးနိုင် က အခုလိုသုံးသပ်ပါတယ်။

ဦးသန်းစိုးနိုင် ။. ။ အခုလာမယ့် ပြည်ထောင်စုနေ့ဆိုတာက ၇၅ နှစ်ပြည့်တဲ့တိုင်အောင် ကျယ်ကျယ်ပြန့်ပြန့်လုပ်နိုင်တဲ့အနေအထားမရှိပါဘူး။ တပြည်လုံးမှာဖြစ်နေတဲ့ ပြည်သူတော်လှန်ရေးလှုပ်ရှားမှုတွေက ဗမာပြည်ရဲ့ ၆၀ ရာခိုင်နှုန်းလောက်မှာ လွှမ်းမိုးထားတဲ့အနေအထားမှာ ဒီနှစ် ပြည်ထောင်စုနေ့ စိန်ရတု့မှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို အကောင်ထည်ဖော်နိုင်မယ့်အနေအထားမရှိပါဘူး။ အဲဒါကြောင့် လာမယ့် ရွေးကောက်ပွဲကျင်းပမယ့် ၂ဝ၂၃ ခုနှစ်ကို လွတ်လပ်ရေးနေ့နဲ့ တွဲပြီးပြောလိုက်တာ။

ကိုဝင်းမင်း ။. ။ အခုလိုငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို. ဘယ်လိုစချင်ပါသလဲလို့ မေးရာမှာ ဦးခွန်ဥက္ကာက

ဦးခွန်ဥက္ကာ ။. ။ အလွတ်သဘောစဖို့က အဖွဲ့အတော်များများ ကျနော်တီးခေါက်ကြည့်ရာမှာ ဗုံးတွေကြဲနေတယ်။ လက်နက်ကြီးတွေပစ်နေတယ်။ ပြည်သူတွေဒုက္ခရောက်တာပေါ့ဗျာ။ ရန်လိုမှုများနေတယ်။ တစုံတရာ စိတ်ကောင်းပြတဲ့အနေနဲ့ တိုက်ခိုက်မှုတွေကို လျှော့ပြမှ ဒါမှမဟုတ် ရပ်စဲပြမှ။ လက်တွေ့မြေပြင်မှာ ပြုပြင်ပြမှ အလွတ်သလောတွေ့ရမယ်လို့တွက်တယ်ဗျ။ အကြံပေးချင်တာက RCSS ထုတ်ပြန်ချက်ကို တချက်ကြည့်လိုက်ပါ။ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ဖို့၊ ဒီမိုကရေစီကို တကယ်တက်လှမ်းဖို့ ဆိုရင် ကြိုဆိုတယ်လို့ သူပြောခဲ့တယ်လေ။ ဒါကြောင့် ဖိတ်ခေါ်တဲ့နေရာမှာ ခံဝန်ချက်ပါထဲ့လိုက်။ ကျနော်တို့ ဖက်ဒရယ် နဲ့ ဒီမိုကရေစီကို နိုင်ငံကို တည်ထောင်မယ် လူအခွင့်အရေးကို သွားမယ်ဆိုတာ။ အာမခံချက်ထဲ့ခေါ်လိုက်ရင် ကောင်းပါတယ်။

ကိုဝင်းမင်း ။. ။ ဒီအပေါ်မှာ ဖဒိုတာဒိုမှူး ကလည်း ကြိုဆိုလိုက်ပြီး ပြည်သူအပေါ် ဖိနိုပ်တဲ့ တပ်မျိုးနဲ့ တော့ ဆက်ပြီး မပြောတော့ဘူးလို့ပြောခဲ့ပါတယ်ခင်ဗျာ။

XS
SM
MD
LG