သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ေဒၚေအာင္ဆန္းစုၾကည္ကိုစြဲခ်က္တင္အမႈ ကိုယ္တိုင္သက္ေသထြက္ဆိုမည္


ေဒၚေအာင္ဆန္းစုၾကည္၊ သမၼတဦးဝင္းျမင့္၊ ေနျပည္ေတာ္ေကာင္စီဥကၠ႒ ေဒါက္တာမ်ဳိးေအာင္

{Zawgyi/Unicode}

သမၼတဦးဝင္းျမင့္၊ ႏိုင္ငံေတာ္အတိုင္ပင္ခံ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ ေနျပည္ေတာ္ေကာင္စီဥကၠ႒ ေဒါက္တာမ်ိဳးေအာင္တို႔ ကို အမႈတြဲ ၁ ခုတည္း စြဲခ်က္တင္ထားတဲ့ ရာဇသတ္ႀကီး ပုဒ္မ ၅၀၅ (ခ) အတြက္ သူတို႔ကိုယ္တိုင္ သက္ေသထြက္ဆိုၾကမွာျဖစ္ပါတယ္။ ေရွ႕တပတ္ ေအာက္တိုဘာ ၁၂ ရက္ အဂၤါေန႔ကစတင္ၿပီး သူတို႔ကိုယ္တိုင္ စတင္ သက္ေသထြက္ဆိုၾကေတာ့မွာပါ။ ဒီေန႔ သီးသန႔္တရား႐ုံးမွာ ၾကားနာခဲ့တဲ့ သဘာဝေဘးအႏၲရာယ္ စီမံခန႔္ခြဲေရးအမႈအတြက္ေတာ့ ေနာက္တခါ႐ုံးခ်ိန္းက်ရင္ စြဲခ်က္တင္သင့္ မသင့္ ဆုံးျဖတ္မွာျဖစ္ပါတယ္။ ဒီကေန႔ တရား႐ုံးမွာ ၾကားနာစစ္ေဆးခဲ့တဲ့ အေၾကာင္းအရာေတြနဲ႔ပတ္သက္လို႔ရန္ကုန္ကေပးပို႔တဲ့သတင္းကို မခင္ျဖဴေထြးက တင္ျပေပးထားပါတယ္။

ေဒၚေအာင္ဆန္းစုၾကည္တို႔ရဲ႕အမႈေတြထဲက စြဲခ်က္တင္ထားတဲ့ အမ်ားျပည္သူ တည္ၿငိမ္ေအးခ်မ္းမႈပ်က္ျပားေအာင္ လုပ္ေဆာင္မႈ ရာဇသတ္ႀကီး ပုဒ္မ ၅၀၅ (ခ) အမႈနဲ႔ သဘာဝေဘးအႏၲရာယ္ စီမံခန႔္ခြဲေရး ဥပေဒပုဒ္မ ၂၅ တုိ႔နဲ႔စြဲထားတဲ့အမႈတို႔ ကို ေနျပည္ေတာ္ သီးသန္႔တရား႐ံုးမွာ ဒီေန႔ စစ္ေဆးၾကားနာပါတယ္။ ၅၀၅ (ခ) အမႈအတြက္ စြပ္စြဲခံရသူေတြဘက္က သက္ေသအျဖစ္ တျခားသူေတြကိုမေခၚဘဲ သူတုိ႔ကိုယ္တိုင္ သက္ေသထြက္ဆိုၾကမယ္လုိ႔ သမၼတဦးဝင္းျမင့္၊ ႏိုင္ငံေတာ္အတုိင္ပင္ခံ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ ေနျပည္ေတာ္ေကာင္စီဥကၠ႒ ေဒါက္တာမ်ဳိးေအာင္တုိ႔က တရားရံုးကို ေလွ်ာက္ထားခဲ့ၾကပါတယ္။ ဒါေၾကာင့္ ေနာက္တေခါက္႐ံုးခ်ိန္းျဖစ္တဲ့ ေအာက္တိုဘာ ၁၂ ရက္ေန႔စၿပီး သူတုိ႔ကို တလွည့္စီ စစ္ေဆးသြားမွာျဖစ္တယ္လို႔ ေရွ႕ေန ဦးခင္ေမာင္ေဇာ္က ဗြီအိုေအကို ေျပာပါတယ္။

စစ္တပ္အာဏာသိမ္းၿပီးေနာက္ ေဖေဖာ္ဝါရီ ၇ ရက္ နဲ႔ ေဖေဖာ္ဝါရီ ၁၃ ရက္ေန႔ေတြမွာ NLD ဗဟိုအလုပ္အမႈေဆာင္အဖြဲ႕က ထုတ္ျပန္ခဲ့တဲ့ စစ္အာဏာသိမ္းတာကို ကန႔့္ကြက္တဲ့သေဘာထားအျမင္ေၾကညာခ်က္ဟာ အမ်ားျပည္သူ တည္ၿငိမ္ေအးခ်မ္းမႈ ပ်က္ျပားေစေအာင္လုပ္ေဆာင္တယ္” ဆိုတဲ့ စြပ္စြဲခ်က္နဲ႔ သမၼတ၊ ႏိုင္ငံေတာ္အတိုင္ပင္ခံနဲ႔ ေနျပည္ေတာ္ေကာင္စီဥကၠ႒တို႔ကို ရာဇသတ္ႀကီး ဥပေဒ ပုဒ္မ ၅၀၅ (ခ) နဲ႔ စစ္ေကာင္စီက တရားစြဲေနတာျဖစ္ပါတယ္။

“စြပ္စြဲခံရတဲ့ ၃ ေယာက္စလုံးရဲ႕ ေဆြးေႏြးခ်က္အတိုင္း စြပ္စြဲခံရသူ ၃ ေယာက္စလုံးက သက္ေသအျဖစ္နဲ႔ ထြက္မယ္ေပါ့ဗ်ာ။ အထူးသျဖင့္ ဒီ ၃ ေယာက္ သက္ေသခံမယ့္ အခ်ိန္းကို က်ေနာ္တို႔ သတ္မွတ္ပါတယ္။ ပထမတခ်ိန္းက စြပ္စြဲခံ ဦးဝင္းျမင့္ကိုစစ္ပါမယ္။ အဲဒါေရွ႕တပတ္ အဂၤါေန႔မွာစစ္ပါမယ္။ ေနာက္ၿပီးေတာ့မွ သီတင္းကြၽတ္႐ုံးပိတ္ရက္ရွိမယ္၊ ေနာက္တပတ္ေက်ာ္ မွ ေဒၚေအာင္ဆန္းစုၾကည္ကို စစ္ပါမယ္။ အဲဒီရဲ႕ေနာက္တပတ္က်ေတာ့မွ ေဒါက္တာမ်ိဳးေအာင္ကိုစစ္ပါမယ္ဗ်။ ဒါက သူတို႔ ဆုံး ျဖတ္တာေပါ့ေလ။ သူတို႔ၫႊန္ၾကားတာကေတာ့ ခံျပအေနနဲ႔ သက္ေသစာရင္းမတင္ေတာ့ဘူး။ သူတို႔ ကိုယ္တိုင္ပဲ သက္ေသအျဖစ္ အစစ္ခံမယ္။ ဒါပဲ ၫႊန္ၾကားတယ္။”

ကိုယ္တိုင္ သက္ေသထြက္ဆိုၾကမွာကို တရား႐ုံးကလည္းလက္ခံတဲ့အတြက္ သမၼတဦးဝင္းျမင့္က လာမယ့္ ေအာက္တိုဘာ ၁၂ ရက္၊ ေဒၚေအာင္ ဆန္းစုၾကည္က ေအာက္တိုဘာ ၂၆ ရက္နဲ႔ ေဒါက္တာမ်ိဳးေအာင္က ႏိုဝင္ဘာ ၂ ရက္ေန႔ေတြမွာ အသီးသီး ထြက္ဆိုၾကဖုိ႔ တရား႐ုံးက သတ္မွတ္ေပးခဲ့တာပါ။

စစ္တပ္အာဏာသိမ္းၿပီးေနာက္ ေဖေဖာ္ဝါရီ ၇ ရက္ နဲ႔ ေဖေဖာ္ဝါရီ ၁၃ ရက္ေန႔ေတြမွာ NLD ဗဟိုအလုပ္အမႈေဆာင္အဖြဲ႔က စစ္အာဏာသိမ္းတာကို ကန္႔႔ကြက္တဲ့သေဘာထားအျမင္ ထုတ္ျပန္ခဲ့တာဟာ အမ်ားျပည္သူ တည္ၿငိမ္ေအးခ်မ္းမႈ ပ်က္ျပားေစေအာင္လုပ္ေဆာင္တယ္ဆိုၿပီး သမၼတ၊ ႏိုင္ငံေတာ္အတုိင္ပင္ခံနဲ႔ ေနျပည္ေတာ္ေကာင္စီဥကၠ႒တို႔ကို ရာဇသတ္ႀကီး ဥပေဒ ပုဒ္မ ၅၀၅ (ခ) နဲ႔ စစ္ေကာင္စီက တရားစြဲခဲ့တာျဖစ္ပါတယ္။ အဲဒီအမႈကို သီးသန္႔တရား႐ံုးက စြဲခ်က္တင္ခဲ့တာေၾကာင့္ ဆက္လက္ၾကားနာ စစ္ေဆးမႈေတြလုပ္ေနတာျဖစ္ပါတယ္။

ဒီေန႔ ေအာက္တိုဘာ ၅ ရက္ေန႔ ႐ံုးခ်ိန္မွာ စစ္ေဆးခဲ့တဲ့ ေနာက္တမႈကေတာ့ သဘာဝ ေဘးအႏၲရာယ္ စီမံခန႔္ခြဲေရးဥပေဒ ပုဒ္မ ၂၅ အမႈျဖစ္ပါတယ္။ အဲဒီအမႈကိုလည္း စြဲခ်က္တင္သင့္ မတင္သင့္ကို လာမယ့္႐ံုးခ်ိန္းက်ရင္ တရား႐ံုးက ဆံုးျဖတ္မယ္လို႔ ဦးခင္ေမာင္ေဇာ္က ေျပာပါတယ္။

“ေဒၚအာင္ဆန္းစုၾကည္ရဲ႕ သဘာဝေဘး ၂၅ ပါ။ တရားလို ျပသက္ေသ ဦးျမင့္ႏိုင္ထင္ပါတယ္။ သူ႔ကိုစစ္ဖို႔အတြက္ခ်ိန္းတာပါ။ ၆ ႀကိမ္ရွိၿပီ၊ သူမလာတာ။ အေၾကာင္းမၾကားဘူး။ သူမလာဘူး။ အဲဒီေတာ့ ဒီဟာမလိုအပ္ဘူး၊ ပယ္ေပးပါေပါ့ဗ်ာ။ ေလွ်ာက္ပါတယ္။ က်ေနာ္တို႔ဘက္ကေပါ့၊ တရားသူႀကီးက ဒါကိုဘယ္လိုဆုံးျဖတ္လဲဆိုေတာ့ ဒီသက္ေသကို မစစ္ေတာ့ ဘူး၊ ပယ္တယ္ဆိုတဲ့ သေဘာေတာ့မဟုတ္ဘူး။ စစ္ၿပီးသား တရားလိုျပသက္ေသေတြ ထြက္ခ်က္ေတြအရ ၾကည့္ၿပီးေတာ့ စြဲခ်က္တင္သင့္မတင္သင့္ ေလွ်ာက္လဲခ်က္ေတြကို ၾကားနာမယ္-တဲ့။ ေနာက္တခ်ိန္းမွာ။ အဲဒီေလွ်ာက္လဲခ်က္ေတြ ၾကားနာမယ္လို႔ အဲလို အမိန႔္ခ်လိုက္ပါတယ္ဗ်။”

ဒီေန႔စစ္ေဆးတဲ့ အမႈ ၂ ခုလံုးအတြက္ ေနာက္႐ံုးခ်ိန္းက ေအာက္တိုဘာ ၁၂ ရက္ေန႔ျဖစ္ပါတယ္။ ေဒၚေအာင္ဆန္းစုၾကည္ ကို ရန္ကုန္တုိင္း ဗဟန္းၿမိဳ႕နယ္ထဲမွာ တရားစြဲထားတဲ့ အဂတိလိုက္စားမႈကို ေနျပည္ေတာ္သီးသန္႔တရား႐ံုးမွာ ေ႐ႊ႕စစ္ေဆးဖို႔ ဗဟိုတရားလႊတ္ေတာ္ခ်ဳပ္က ဒီကေန႔ပဲ အမိန႔္ခ်လိုက္တယ္လို႔ ေရွ႕ေန ဦးခင္ေမာင္ေဇာ္က ဗြီအိုေအကို ေျပာပါတယ္။

“ဟုတ္ကဲ့၊ မနက္ျဖန္က နားတယ္ဆိုေပမယ့္ အမႈေတြကနားတယ္။ တရားလႊတ္ေတာ္ခ်ဳပ္မွာ ရန္ကုန္တိုင္း တရားလႊတ္ေတာ္မွာ ရွိေနတဲ့အမႈကို မႏၲေလးတိုင္းတရားလႊတ္ေတာ္ကို လႊဲလို႔၊ အဲဒါကို က်ေနာ္တို႔ ကိုယ္စားလွယ္လႊဲစာ ေရွ႕ေနပါဝါသြားတင္ရပါမယ္ဗ်။ ဟုတ္တယ္၊ ရန္ကုန္တိုင္းမွာရွိတဲ့ အဂတိအမႈအတြက္ပါ။”

ေနျပည္ေတာ္မွာ စတင္စစ္ေဆးေနတဲ့ အဂတိလုိက္စားမႈ ၄ မႈကိုေတာ့ ေအာက္တုိဘာ ၈ ရက္ ေသာၾကာေန႔က်ရင္ ေနျပည္ ေတာ္သီးသန္႔ တရား႐ံုးမွာ ဆက္လက္စစ္ေဆးသြားမွာျဖစ္ပါတယ္။ Australia ႏိုင္ငံသား စီးပြားေရးပညာ႐ွင္ Sean Turnell နဲ႔ အတူတရားစြဲခံထားရတဲ့ႏိုင္ငံေတာ္ လွ်ိဳ႕ဝွက္ခ်က္ အက္ ဥပေဒ ပုဒ္မ ၃-၁ (ဂ) အမႈအတြက္ေတာ့ ေအာက္တိုဘာ ၇ ရက္ ၾကာသပေတးေန႔မွာ စစ္ေဆးမွာျဖစ္ပါတယ္။

ေလာေလာဆယ္ စုစုေပါင္း အမႈ ၁၁ ခုနဲ႔တရားစြဲခံထားရတဲ့ ေဒၚေအာင္ဆန္းစုၾကည္ဟာ အမႈ ၁၀ ခု အတြက္ သီတင္းပတ္ တိုင္း ေနျပည္ေတာ္ သီးသန႔္တရား႐ုံးမွာ ႐ုံးထုတ္ ၾကားနာစစ္ေဆးမႈေတြ လုပ္ေနပါတယ္။ ဗုဒၶဟူးေန႔ကလြဲလို႔ ေန႔တိုင္း တရား႐ုံးလာေနရတာ သူ႔က်န္းမာေရးထိခိုက္တဲ့အတြက္ အပတ္စဥ္အစား သီတင္း ၂ ပတ္ျခား စစ္ေပးဖို႔ ေဒၚေအာင္ဆန္းစုၾကည္က မေန႔ကေကာ ဒီကေန႔မွာပါ တရား႐ုံးကို သူမကိုယ္တိုင္ ထပ္ၿပီး စာတင္ေတာင္းဆိုခဲ့ပါတယ္။

အသက္ ၇၆ ႏွစ္အ႐ြယ္ ေဒၚေအာင္ဆန္းစုၾကည္ကို စစ္အုပ္ခ်ဳပ္ေရးေကာင္စီက အျမင့္ဆုံးျပစ္ဒဏ္ခ်မွတ္ခံရႏိုင္မယ့္ ဥပေဒ ေတြနဲ႔ တရားစြဲဆိုထားပါတယ္။ ေနာက္ထပ္ အဂတိလုိက္စားမႈ ၃ မႈအတြက္ အဂတိလိုက္စားမႈေကာ္မ႐ွင္က စစ္ေဆးေနတာေၾကာင့္ အဂတိအမႈ ၃ မႈ ထပ္တိုးႏိုင္တဲ့ အလားအလာလည္း ႐ွိေနပါတယ္။

တိုက္႐ိုက္ လင့္ခ္


======

{Zawgyi/Unicode}

ဒေါ်အောင်ဆန်းစုကြည်ကိုစွဲချက်တင်အမှု ကိုယ်တိုင်သက်သေထွက်ဆိုမည်

သမ္မတဦးဝင်းမြင့်၊ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နဲ့ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်တို့ ကို အမှုတွဲ ၁ ခုတည်း စွဲချက်တင်ထားတဲ့ ရာဇသတ်ကြီး ပုဒ်မ ၅၀၅ (ခ) အတွက် သူတို့ကိုယ်တိုင် သက်သေထွက်ဆိုကြမှာဖြစ်ပါတယ်။ ရှေ့တပတ် အောက်တိုဘာ ၁၂ ရက် အင်္ဂါနေ့ကစတင်ပြီး သူတို့ကိုယ်တိုင် စတင် သက်သေထွက်ဆိုကြတော့မှာပါ။ ဒီနေ့ သီးသန့်တရားရုံးမှာ ကြားနာခဲ့တဲ့ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေးအမှုအတွက်တော့ နောက်တခါရုံးချိန်းကျရင် စွဲချက်တင်သင့် မသင့် ဆုံးဖြတ်မှာဖြစ်ပါတယ်။ ဒီကနေ့ တရားရုံးမှာ ကြားနာစစ်ဆေးခဲ့တဲ့ အကြောင်းအရာတွေနဲ့ပတ်သက်လို့ရန်ကုန်ကပေးပို့တဲ့သတင်းကို မခင်ဖြူထွေးက တင်ပြပေးထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်တို့ရဲ့အမှုတွေထဲက စွဲချက်တင်ထားတဲ့ အများပြည်သူ တည်ငြိမ်အေးချမ်းမှုပျက်ပြားအောင် လုပ်ဆောင်မှု ရာဇသတ်ကြီး ပုဒ်မ ၅၀၅ (ခ) အမှုနဲ့ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေး ဥပဒေပုဒ်မ ၂၅ တို့နဲ့စွဲထားတဲ့အမှုတို့ ကို နေပြည်တော် သီးသန့်တရားရုံးမှာ ဒီနေ့ စစ်ဆေးကြားနာပါတယ်။ ၅၀၅ (ခ) အမှုအတွက် စွပ်စွဲခံရသူတွေဘက်က သက်သေအဖြစ် တခြားသူတွေကိုမခေါ်ဘဲ သူတို့ကိုယ်တိုင် သက်သေထွက်ဆိုကြမယ်လို့ သမ္မတဦးဝင်းမြင့်၊ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နဲ့ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်တို့က တရားရုံးကို လျှောက်ထားခဲ့ကြပါတယ်။ ဒါကြောင့် နောက်တခေါက်ရုံးချိန်းဖြစ်တဲ့ အောက်တိုဘာ ၁၂ ရက်နေ့စပြီး သူတို့ကို တလှည့်စီ စစ်ဆေးသွားမှာဖြစ်တယ်လို့ ရှေ့နေ ဦးခင်မောင်ဇော်က ဗွီအိုအေကို ပြောပါတယ်။

“စွပ်စွဲခံရတဲ့ ၃ ယောက်စလုံးရဲ့ ဆွေးနွေးချက်အတိုင်း စွပ်စွဲခံရသူ ၃ ယောက်စလုံးက သက်သေအဖြစ်နဲ့ ထွက်မယ်ပေါ့ဗျာ။ အထူးသဖြင့် ဒီ ၃ ယောက် သက်သေခံမယ့် အချိန်းကို ကျနော်တို့ သတ်မှတ်ပါတယ်။ ပထမတချိန်းက စွပ်စွဲခံ ဦးဝင်းမြင့်ကိုစစ်ပါမယ်။ အဲဒါရှေ့တပတ် အင်္ဂါနေ့မှာစစ်ပါမယ်။ နောက်ပြီးတော့မှ သီတင်းကျွတ်ရုံးပိတ်ရက်ရှိမယ်၊ နောက်တပတ်ကျော် မှ ဒေါ်အောင်ဆန်းစုကြည်ကို စစ်ပါမယ်။ အဲဒီရဲ့နောက်တပတ်ကျတော့မှ ဒေါက်တာမျိုးအောင်ကိုစစ်ပါမယ်ဗျ။ ဒါက သူတို့ ဆုံး ဖြတ်တာပေါ့လေ။ သူတို့ညွှန်ကြားတာကတော့ ခံပြအနေနဲ့ သက်သေစာရင်းမတင်တော့ဘူး။ သူတို့ ကိုယ်တိုင်ပဲ သက်သေအဖြစ် အစစ်ခံမယ်။ ဒါပဲ ညွှန်ကြားတယ်။”

စစ်တပ်အာဏာသိမ်းပြီးနောက် ဖေဖော်ဝါရီ ၇ ရက် နဲ့ ဖေဖော်ဝါရီ ၁၃ ရက်နေ့တွေမှာ NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့က ထုတ်ပြန်ခဲ့တဲ့ စစ်အာဏာသိမ်းတာကို ကန့့်ကွက်တဲ့သဘောထားအမြင်ကြေညာချက်ဟာ အများပြည်သူ တည်ငြိမ်အေးချမ်းမှု ပျက်ပြားစေအောင်လုပ်ဆောင်တယ်” ဆိုတဲ့ စွပ်စွဲချက်နဲ့ သမ္မတ၊ နိုင်ငံတော်အတိုင်ပင်ခံနဲ့ နေပြည်တော်ကောင်စီဥက္ကဋ္ဌတို့ကို ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၅၀၅ (ခ) နဲ့ စစ်ကောင်စီက တရားစွဲနေတာဖြစ်ပါတယ်။


ကိုယ်တိုင် သက်သေထွက်ဆိုကြမှာကို တရားရုံးကလည်းလက်ခံတဲ့အတွက် သမ္မတဦးဝင်းမြင့်က လာမယ့် အောက်တိုဘာ ၁၂ ရက်၊ ဒေါ်အောင် ဆန်းစုကြည်က အောက်တိုဘာ ၂၆ ရက်နဲ့ ဒေါက်တာမျိုးအောင်က နိုဝင်ဘာ ၂ ရက်နေ့တွေမှာ အသီးသီး ထွက်ဆိုကြဖို့ တရားရုံးက သတ်မှတ်ပေးခဲ့တာပါ။

စစ်တပ်အာဏာသိမ်းပြီးနောက် ဖေဖော်ဝါရီ ၇ ရက် နဲ့ ဖေဖော်ဝါရီ ၁၃ ရက်နေ့တွေမှာ NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့က စစ်အာဏာသိမ်းတာကို ကန့့်ကွက်တဲ့သဘောထားအမြင် ထုတ်ပြန်ခဲ့တာဟာ အများပြည်သူ တည်ငြိမ်အေးချမ်းမှု ပျက်ပြားစေအောင်လုပ်ဆောင်တယ်ဆိုပြီး သမ္မတ၊ နိုင်ငံတော်အတိုင်ပင်ခံနဲ့ နေပြည်တော်ကောင်စီဥက္ကဋ္ဌတို့ကို ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၅၀၅ (ခ) နဲ့ စစ်ကောင်စီက တရားစွဲခဲ့တာဖြစ်ပါတယ်။ အဲဒီအမှုကို သီးသန့်တရားရုံးက စွဲချက်တင်ခဲ့တာကြောင့် ဆက်လက်ကြားနာ စစ်ဆေးမှုတွေလုပ်နေတာဖြစ်ပါတယ်။

ဒီနေ့ အောက်တိုဘာ ၅ ရက်နေ့ ရုံးချိန်မှာ စစ်ဆေးခဲ့တဲ့ နောက်တမှုကတော့ သဘာဝ ဘေးအန္တရာယ် စီမံခန့်ခွဲရေးဥပဒေ ပုဒ်မ ၂၅ အမှုဖြစ်ပါတယ်။ အဲဒီအမှုကိုလည်း စွဲချက်တင်သင့် မတင်သင့်ကို လာမယ့်ရုံးချိန်းကျရင် တရားရုံးက ဆုံးဖြတ်မယ်လို့ ဦးခင်မောင်ဇော်က ပြောပါတယ်။

“ဒေါ်အာင်ဆန်းစုကြည်ရဲ့ သဘာဝဘေး ၂၅ ပါ။ တရားလို ပြသက်သေ ဦးမြင့်နိုင်ထင်ပါတယ်။ သူ့ကိုစစ်ဖို့အတွက်ချိန်းတာပါ။ ၆ ကြိမ်ရှိပြီ၊ သူမလာတာ။ အကြောင်းမကြားဘူး။ သူမလာဘူး။ အဲဒီတော့ ဒီဟာမလိုအပ်ဘူး၊ ပယ်ပေးပါပေါ့ဗျာ။ လျှောက်ပါတယ်။ ကျနော်တို့ဘက်ကပေါ့၊ တရားသူကြီးက ဒါကိုဘယ်လိုဆုံးဖြတ်လဲဆိုတော့ ဒီသက်သေကို မစစ်တော့ ဘူး၊ ပယ်တယ်ဆိုတဲ့ သဘောတော့မဟုတ်ဘူး။ စစ်ပြီးသား တရားလိုပြသက်သေတွေ ထွက်ချက်တွေအရ ကြည့်ပြီးတော့ စွဲချက်တင်သင့်မတင်သင့် လျှောက်လဲချက်တွေကို ကြားနာမယ်-တဲ့။ နောက်တချိန်းမှာ။ အဲဒီလျှောက်လဲချက်တွေ ကြားနာမယ်လို့ အဲလို အမိန့်ချလိုက်ပါတယ်ဗျ။”

ဒီနေ့စစ်ဆေးတဲ့ အမှု ၂ ခုလုံးအတွက် နောက်ရုံးချိန်းက အောက်တိုဘာ ၁၂ ရက်နေ့ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကို ရန်ကုန်တိုင်း ဗဟန်းမြို့နယ်ထဲမှာ တရားစွဲထားတဲ့ အဂတိလိုက်စားမှုကို နေပြည်တော်သီးသန့်တရားရုံးမှာ ရွှေ့စစ်ဆေးဖို့ ဗဟိုတရားလွှတ်တော်ချုပ်က ဒီကနေ့ပဲ အမိန့်ချလိုက်တယ်လို့ ရှေ့နေ ဦးခင်မောင်ဇော်က ဗွီအိုအေကို ပြောပါတယ်။

“ဟုတ်ကဲ့၊ မနက်ဖြန်က နားတယ်ဆိုပေမယ့် အမှုတွေကနားတယ်။ တရားလွှတ်တော်ချုပ်မှာ ရန်ကုန်တိုင်း တရားလွှတ်တော်မှာ ရှိနေတဲ့အမှုကို မန္တလေးတိုင်းတရားလွှတ်တော်ကို လွှဲလို့၊ အဲဒါကို ကျနော်တို့ ကိုယ်စားလှယ်လွှဲစာ ရှေ့နေပါဝါသွားတင်ရပါမယ်ဗျ။ ဟုတ်တယ်၊ ရန်ကုန်တိုင်းမှာရှိတဲ့ အဂတိအမှုအတွက်ပါ။”

နေပြည်တော်မှာ စတင်စစ်ဆေးနေတဲ့ အဂတိလိုက်စားမှု ၄ မှုကိုတော့ အောက်တိုဘာ ၈ ရက် သောကြာနေ့ကျရင် နေပြည် တော်သီးသန့် တရားရုံးမှာ ဆက်လက်စစ်ဆေးသွားမှာဖြစ်ပါတယ်။ Australia နိုင်ငံသား စီးပွားရေးပညာရှင် Sean Turnell နဲ့ အတူတရားစွဲခံထားရတဲ့နိုင်ငံတော် လျှို့ဝှက်ချက် အက် ဥပဒေ ပုဒ်မ ၃-၁ (ဂ) အမှုအတွက်တော့ အောက်တိုဘာ ၇ ရက် ကြာသပတေးနေ့မှာ စစ်ဆေးမှာဖြစ်ပါတယ်။

လောလောဆယ် စုစုပေါင်း အမှု ၁၁ ခုနဲ့တရားစွဲခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ အမှု ၁၀ ခု အတွက် သီတင်းပတ် တိုင်း နေပြည်တော် သီးသန့်တရားရုံးမှာ ရုံးထုတ် ကြားနာစစ်ဆေးမှုတွေ လုပ်နေပါတယ်။ ဗုဒ္ဓဟူးနေ့ကလွဲလို့ နေ့တိုင်း တရားရုံးလာနေရတာ သူ့ကျန်းမာရေးထိခိုက်တဲ့အတွက် အပတ်စဉ်အစား သီတင်း ၂ ပတ်ခြား စစ်ပေးဖို့ ဒေါ်အောင်ဆန်းစုကြည်က မနေ့ကကော ဒီကနေ့မှာပါ တရားရုံးကို သူမကိုယ်တိုင် ထပ်ပြီး စာတင်တောင်းဆိုခဲ့ပါတယ်။

အသက် ၇၆ နှစ်အရွယ် ဒေါ်အောင်ဆန်းစုကြည်ကို စစ်အုပ်ချုပ်ရေးကောင်စီက အမြင့်ဆုံးပြစ်ဒဏ်ချမှတ်ခံရနိုင်မယ့် ဥပဒေ တွေနဲ့ တရားစွဲဆိုထားပါတယ်။ နောက်ထပ် အဂတိလိုက်စားမှု ၃ မှုအတွက် အဂတိလိုက်စားမှုကော်မရှင်က စစ်ဆေးနေတာကြောင့် အဂတိအမှု ၃ မှု ထပ်တိုးနိုင်တဲ့ အလားအလာလည်း ရှိနေပါတယ်။

#AungSanSuuKyiTrial #AungSanSuuKyi #MyamarPolitics #MyanmarMilitaryCoup #VOABurmese

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG