သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

သမၼတဦးဝင္းျမင့္ရဲ႕ တရား႐ံုးထြက္ဆုိခ်က္ေပၚ "ဘာမွမေဝဖန္လို" - ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္း


{Zawgyi/Unicode}

ျမန္မာႏိုင္ငံမွာ စစ္အာဏာသိမ္းတဲ့ေန႔က သမၼတဦးဝင္းျမင့္ကို က်န္းမာေရးအေၾကာင္းျပၿပီး ႏုတ္ထြက္ဖို႔ စစ္တပ္အရာရွိႀကီးႏွစ္ဦးက လာေျပာခဲ့တယ္ဆိုတာနဲ႔ ပတ္သက္ၿပီး စစ္ေကာင္စီဘက္က ဘာမွမေဝဖန္လိုဘူးလို႔ တုံ႔ျပန္ပါတယ္။

အာဏာသိမ္းတဲ့ ေဖေဖာ္ဝါရီ ၁ ရက္ မနက္အေစာႀကီး ၅ နာရီမွာ စစ္အရာရွိႀကီး ႏွစ္ဦးက အခုလို ႏုတ္ထြက္ေပးဖို႔ ေျပာခဲ့တာလို႔ ဖမ္းဆီးခံထားရတဲ့ သမၼတဦးဝင္းျမင့္က တရားရံုးမွာ အဂၤါေန႔က ထြက္ဆိုခဲ့တာပါ။

စစ္ေကာင္စီေျပာခြင့္ရ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းကေတာ့ ဒီအေပၚ မွတ္တမ္းေတြရွိထားတာမို႔ ၂၀၀၃ ခုွႏွစ္တံုးက ႏိုင္ငံေတာ္အဆင့္ပုဂၢိဳလ္ ထိန္းသိမ္းစဥ္ကလို ေကာလာဟလမ်ိဳးစံုထြက္ခဲ့တာမ်ိဳး အခ်ိန္တန္ရင္ေတာ့ အမွန္အတိုင္း ထြက္လာမွာပါလို႔ သတင္းဌာနတခုကေမးတာကို ဒီကေန႔ ျပန္ေျဖခဲ့ပါတယ္။

၂၀၀၃ ခုႏွစ္က ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္း အဆိုအားျဖင့္ "ႏိုင္ငံေတာ္အဆင့္ ပုဂၢိဳလ္တဦး" ကို ထိန္းသိမ္းခ်ိန္ကလည္း ေကာလာဟလေတြ အမ်ဳိးမ်ဳိး ျပန္႔ႏွံ႔ခဲ့ၿပီးေတာ့ ေနာက္ပိုင္းမွာ ဗီြဒီယိုမွတ္တမ္းထြက္လာတယ္ဆိုၿပီး ေျဖဆိုထားပါတယ္။

ဒါေပမယ့္ အဲဒီ "ႏိုင္ငံေတာ္အဆင့္ပုဂၢိဳလ္" ဆိုတာ ဘယ္သူလဲဆိုတာကိုေတာ့ နာမည္နဲ႔တကြ ထည့္ေျပာမထားပါဘူး။

သမၼတဦးဝင္းျမင့္ရဲ႕ ေျပာဆိုခ်က္ဟာ တရား႐ံုးထြက္ဆုိခ်က္ ျဖစ္တဲ့အေၾကာင္း၊ ႏုိင္ငံသားေတြရဲ႕ မူလအခြင့္အေရးနဲ႔ တာဝန္မွာလည္း လြတ္လပ္စြာ ထြက္ဆုိႏုိင္တဲ့အေၾကာင္း၊ တရားရံုးမွာရွိတဲ့ သူ႔ရဲ႕အခြင့္အေရးပဲ ျဖစ္တဲ့အေၾကာင္း ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းကေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္


-------

{Unicode}

သမ္မတဦးဝင်းမြင့်ရဲ့ တရားရုံးထွက်ဆိုချက်ပေါ် "ဘာမှမဝေဖန်လို" - ဗိုလ်ချုပ်ဇော်မင်းထွန်း

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းတဲ့နေ့က သမ္မတဦးဝင်းမြင့်ကို ကျန်းမာရေးအကြောင်းပြပြီး နုတ်ထွက်ဖို့ စစ်တပ်အရာရှိကြီးနှစ်ဦးက လာပြောခဲ့တယ်ဆိုတာနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်က ဘာမှမဝေဖန်လိုဘူးလို့ တုံ့ပြန်ပါတယ်။

အာဏာသိမ်းတဲ့ ဖေဖော်ဝါရီ ၁ ရက် မနက်အစောကြီး ၅ နာရီမှာ စစ်အရာရှိကြီး နှစ်ဦးက အခုလို နုတ်ထွက်ပေးဖို့ ပြောခဲ့တာလို့ ဖမ်းဆီးခံထားရတဲ့ သမ္မတဦးဝင်းမြင့်က တရားရုံးမှာ အင်္ဂါနေ့က ထွက်ဆိုခဲ့တာပါ။

စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ ဒီအပေါ် မှတ်တမ်းတွေရှိထားတာမို့ ၂၀၀၃ ခုှနှစ်တုံးက နိုင်ငံတော်အဆင့်ပုဂ္ဂိုလ် ထိန်းသိမ်းစဉ်ကလို ကောလာဟလမျိုးစုံထွက်ခဲ့တာမျိုး အချိန်တန်ရင်တော့ အမှန်အတိုင်း ထွက်လာမှာပါလို့ သတင်းဌာနတခုကမေးတာကို ဒီကနေ့ ပြန်ဖြေခဲ့ပါတယ်။

၂၀၀၃ ခုနှစ်က ဗိုလ်ချုပ်ဇော်မင်းထွန်း အဆိုအားဖြင့် "နိုင်ငံတော်အဆင့် ပုဂ္ဂိုလ်တဦး" ကို ထိန်းသိမ်းချိန်ကလည်း ကောလာဟလတွေ အမျိုးမျိုး ပြန့်နှံ့ခဲ့ပြီးတော့ နောက်ပိုင်းမှာ ဗွီဒီယိုမှတ်တမ်းထွက်လာတယ်ဆိုပြီး ဖြေဆိုထားပါတယ်။

ဒါပေမယ့် အဲဒီ "နိုင်ငံတော်အဆင့်ပုဂ္ဂိုလ်" ဆိုတာ ဘယ်သူလဲဆိုတာကိုတော့ နာမည်နဲ့တကွ ထည့်ပြောမထားပါဘူး။

သမ္မတဦးဝင်းမြင့်ရဲ့ ပြောဆိုချက်ဟာ တရားရုံးထွက်ဆိုချက် ဖြစ်တဲ့အကြောင်း၊ နိုင်ငံသားတွေရဲ့ မူလအခွင့်အရေးနဲ့ တာဝန်မှာလည်း လွတ်လပ်စွာ ထွက်ဆိုနိုင်တဲ့အကြောင်း၊ တရားရုံးမှာရှိတဲ့ သူ့ရဲ့အခွင့်အရေးပဲ ဖြစ်တဲ့အကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းကပြောပါတယ်။

#WhatIsHappeningInMyanmar #MyanmarMilitaryCoup #voaburmese #စစ်အာဏာသိမ်းမှု #ဗွီအိုအေမြန်မာပိုင်း

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG