လက်ရှိမြန်မာနိုင်ငံမှာ ပြည်ပနိုင်ငံတွေနဲ့တကွ ပြည်တွင်း နိုင်ငံရေး၊ စီးပွားရေး လူမှုရေးအင်အားစုတွေ အားလုံးလိုလိုက ရှုံးနိမ့်သူမရှိ "WIN WIN Situation" ဆိုပြီး ကိုယ့်လမ်းကိုယ် ချီတက်နေကြတယ်။ တကယ်ပဲ မြန်မာနိုင်ငံမှာ ရှုံးနိမ့်သူ မရှိတော့ဘူးလား။ မြန်မာပြည်သူတွေကရော ဒီလိုအခြေအနေမှာ ဘာတွေများ အမြတ်ထွက်နေကြပါသလဲ။ အမြတ်ထွက်ဖို့ဆိုရင်ရော ဘာတွေ ဆောင်ရွက်ကြဖို့ လိုလဲဆိုတာကို သတင်းစာဆရာ ဦးစည်သူအောင်မြင့်နဲ့ ကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးဗဟိုကော်မတီဝင် လွှတ်တော်အမတ် ဦးလှဆွေတို့အပါအဝင် သောတရှင်တွေနဲ့အတူ ဦးကျော်ဇံသာက စီစဉ်တင်ဆက်ထားပါတယ်။