သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပါကစ္စတန်မှာ ဆိုင်ကလုန်းမုန်တိုင်းကြောင့် အနည်းဆုံး ၂၇ ယောက်သေ


Pakistan Storm
Pakistan Storm

ပါကစ္စတန်နိုင်ငံ အနောက်မြောက်ပိုင်းမှာ မိုးသည်းထန်စွာ ရွာသွန်းပြီး၊ လေပြင်းတိုက်ခတ်တာကြောင့် ၂၇ ယောက်ထက်မနည်း သေဆုံးသွားတယ်လို့ ပါကစ္စတန်တာဝန်ရှိသူတွေက ဒီနေ့ ပြောလိုက်ပါတယ်။ အဲဒီထဲမှာ အနည်းဆုံး လူ ၁၂ ယောက်ကတော့ သူတို့နေတဲ့ အိမ်ရဲ့နံရံတွေနဲ့ အမိုးတွေပြိုကျတဲ့အောက်မှာပိပြီး သေဆုံးသွားခဲ့တယ်လို့ Khyber Pakhtunkhwa ပြည်နယ်ဘေးဒုက္ခစီမံခန့်ခွဲရေးဌာန ပြောခွင့်ရ AFP သတင်းဌာနကို ပြောပါတယ်။

အဲဒီလေပြင်းမုန်တိုင်းတွေက Khyber Pakthunkhwa ပြည်နယ်ကက ခရိုင် ၄ ခုကို စနေနေ့ နှောင်းပိုင်းက ဝင်ရောက်တိုက်ခတ်ခဲ့တာဖြစ်ပြီး၊ Bannu ခရိုင်မှာတော့ အသက် ၂ နှစ်ကနေ ၁၁ နှစ်ကြား မောင်နှမ ၅ ယောက်အပါအဝင် ၁၅ ယောက် သေဆုံးခဲ့ပါတယ်။

ဒါ့အပြင် လူ ၁၄၀ ကျော်ဒဏ်ရာတွေရခဲ့ကြပြီး၊ ကျွဲ နွား တိရစာ္ဆန် ၂၀၀ အကောင် ၂၀၀ ကျော် သေဆုံးခဲ့ပြီး၊ အာဏာပိုင်တွေက အဲဒီခရိုင် ၄ ခုစလုံးမှာ အရေးပေါ် အခြေအနေကြေညာထားပါတယ်။ မနှစ်တုန်းကတော့ ပါကစ္စတန်နိုင်ငံဟာ ဘယ်တုန်းကမှ မကြုံဖူးတဲ့ မုတ်သုန်မိုးရွာသွန်းမှု အခြေအနေနဲ့ ကြုံရပြီးတော့ နိုင်ငံဧရိယာရဲ့ ၃ ပုံ ၁ ပုံ ရေကြီးတဲ့အတွက် အိမ်ခြေ ၂ သန်းကျော် ထိခိုက်ပြီး လူ ၁၇၀၀ ကျော် သေဆုံးခဲ့ပါတယ်။

တချိန်တည်းမှာပဲ၊ နိုင်ငံတောင်ပိုင်းမှာတော့ အာရေဗျ ပင်လယ်ထဲမှာဖြစ်နေတဲ့ ဆိုင်ကလုံးမုန်တိုင်းဟာ ပါကစ္စတန် နဲ့ အိန္ဒိယနိုင်ငံတွေကို ဦးတည် ချဉ်းကပ်လာ်နေတယ်လို့ ဒီနေ့မှာ သတိပေးလိုက်ပါတယ်။ ဆင်းပြည်နယ်မှာတော့ အခုတပတ်အတွင်း မိုးအကြီးအကျယ်ရွာသွန်းပြီး လေတိုုက်နှုန်းဟာ တနာရီကို မိုင် ၇၀ လောက်အထိ ရှိလာနိုင်တယ်လို့ အာဏာပိုင်တွေက ကြေညာချက်ထဲမှာ ပြောထားပါတယ်။ ငါးဖမ်းတဲ့သူတွေအနေနဲ့ ဇွန်လ ၁၇ ရက်နေ့ မုန်တိုင်းလွန်ပြီးသွားတဲ့အထိ ပင်လယ်ပြင်ကို မထွက်ကြဖို့လည်း ပြောထားပါတယ်။

XS
SM
MD
LG