သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆောင်းရာသီ အိုလံပစ်ပွဲတော် အဆုံးသတ်


ရုရှားနိုင်ငံ၊ ဆိုချီမြို့မှာ ကျင်းပခဲ့တဲ့ ဆောင်းရာသီအိုလံပစ်အားကစား ပိတ်ပွဲအခမ်းအနားမှာ မီးရှူးမီးပန်းများ ပစ်ဖောက်စဉ်။ (၀၂၊ ၂၃၊ ၁၄)
ရုရှားနိုင်ငံ၊ ဆိုချီမြို့မှာ ကျင်းပခဲ့တဲ့ ဆောင်းရာသီအိုလံပစ်အားကစား ပိတ်ပွဲအခမ်းအနားမှာ မီးရှူးမီးပန်းများ ပစ်ဖောက်စဉ်။ (၀၂၊ ၂၃၊ ၁၄)
ရုရှားနိုင်ငံ Sochi မှာကျင်းပတဲ့ ဆောင်းရာသီ အိုလံပစ် ပြိုင်ပွဲဟာ တနင်္ဂနွေနေ့မှာ ပြီးဆုံးသွားပြီဖြစ်ပါတယ်။ ပိတ်ပွဲအခမ်းအနားကို နိုင်ငံတကာ အားကစားသမားတွေ အတွက် အိမ်ရှင်နိုင်ငံက ခမ်းခမ်းနားနားကျင်းပပေးခဲ့တာပါ။

ဒီ ၂၀၁၄ ခုနှစ် အိုလံပစ်ပွဲတော်ကို ဒေါ်လာ ဘီလျံပေါင်း ၅၁ ဘီလျံအကုန်ကျခံပြီး ကျင်းပပေးခဲ့တာမို့ ဒါဟာ အိုလံပစ် ရာဇဝင်မှာ ငွေအများဆုံး သုံးစွဲခဲ့တာဖြစ်ပါတယ်။ Sochi က ရေခဲပြင်တွေမှာကျင်းပတဲ့ ပြိုင်ပွဲမျိုးစုံကို ရုပ်သံတွေကနေတဆင့် ကမ္ဘာတဝန်းက တိုက်ရိုက်ကြည့်ရှုနိုင်ကြသလို ပြိုင်ပွဲမကျင်းပခင် မှာ အကြမ်းဖက်သမားတွေက ပြင်းပြင်းထန် ခြိမ်းခြောက်ခဲ့ပေမယ့် အန္တရာယ် တစုံတရာမကြုံဘဲ ပွဲစဉ်တွေကို ကျင်းပနိုင်ခဲ့ကြပါတယ်။

ညဘက် ပိတ်ပွဲအခန်းအနားမှာ Fisht အိုလံပစ် အားကစားရုံကြီးရဲ့ အပြင်ဘက်မှာ မီးရှူး မီးပန်းတွေနဲ့ လှပနေသလို အတွင်းမှာလည်း ကြီးမားလှတဲ့ ဝက်ဝံရုပ်ကြီးက အသက်ရှူထုတ်တိုင်း မီးလျံတွေ ထွက်နေတာ မြင်နေရပါတယ်။ မကြာခင်မှာပဲ အိုလံပစ် မီးရှူးတိုင်ကို မီးငြိမ်းလိုက်တာပါ။

ဒီလို အံ့မခန်း ပြင်ဆင်ထားမှုတွေနဲ့ အခမ်းအနား မပိတ်ခင်မှာတော့ IOC နိုင်ငံတကာ အိုလံပစ်ကော်မတီ ဥက္ကဋ္ဌ Thomas Bach က အိမ်ရှင်အဖြစ် လက်ခံကျင်းပတဲ့ မြို့ကလေးကို ဂုဏ်ပြုစကား ပြောကြားခဲ့ပြီး လွန်ခဲ့တဲ့ ၁၉၉၄ ခုနှစ် တုန်းက ကျင်းပခဲ့တဲ့ ပွဲနဲ့မတူဘဲ နှစ်ပေါင်း ၂၀ အတွင်း သိသိသာသာ ပြောင်းလဲတိုးတက်လာတဲ့ မြို့ကလေးအတွက် ချီးကျူးဂုဏ်ပြုခဲ့ပါတယ်။

ပြိုင်ပွဲမှာ ရုရှား အားကစားသမားတွေက ရွှေတံဆိပ်အများဆုံးနဲ့ ဆုတံဆိပ် အများဆုံး ရခဲ့တာပါ။ အိမ်ရှင်ရုရှားက စုစုပေါင်း ဆုတံဆိပ် ၃၃ ခုရခဲ့ပြီး ရွှေ ၁၃ ခုရခဲ့ပါတယ်။ အမေရိကန်ပြည်ထောင်စုက စုစုပေါင်း ဆု ၂၈ ခုရခဲ့ပြီး နော်ဝေးက ၂၆ ခုနဲ့ တတိယနေရာလိုက်ပါတယ်။ နော်ဝေးက ရွှေ ၁၁ ခုနဲ့ ရုရှားနောက် ရွှေတံဆိပ် အများဆုံးရတဲ့ နိုင်ငံဖြစ်ပြီး ကနေဒါကတော့ ၁၀ ခုရခဲ့ပါတယ်။

http://www.voanews.com/media/photogallery/sochi-olympic-venues/1841899.html
XS
SM
MD
LG