သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆောင်းရာသီအိုလံပစ်ပြိုင်ပွဲများရဲ့ ပထမဆုံးလူမည်းရွှေတံဆိပ်ဆုရှင် 


ဘေဂျင်းအိုလံပစ်ပွဲ အမျိုးသမီး မီတာ ၅၀၀၊ speedskating oval အရှိန်မြင့်စကိတ်စီးအပြေးပြိုင်ပွဲရွှေတံဆိပ်ဆုရှင် အမေရိကန်ကအားကစားမယ် Erin Jackson 
ဘေဂျင်းအိုလံပစ်ပွဲ အမျိုးသမီး မီတာ ၅၀၀၊ speedskating oval အရှိန်မြင့်စကိတ်စီးအပြေးပြိုင်ပွဲရွှေတံဆိပ်ဆုရှင် အမေရိကန်ကအားကစားမယ် Erin Jackson 

[[Zawgyi/Unicode]]

ဘေဂျင်းအိုလံပစ်ပွဲ အမျိုးသမီး မီတာ ၅၀၀၊ speedskating oval အရှိန်မြင့်စကိတ်စီးအပြေးပြိုင်ပွဲမှာတော့ အမေရိကန်ကအားကစားမယ် Erin Jackson က ရွှေ့တံဆိပ်ဆွတ်ခူးသွားပါတယ်။ သူဟာ ဆောင်းရာသီအိုလံပစ်ရဲ့ပထမဆုံး လူမည်း ရွှေတံဆုရှင်အဖြစ်သမိုင်းမှတ်တမ်းတင်လိုက်နိုင်တာပါ။ ဒီအောင်မြင်မှုကြောင့် အခြားလူမည်းတွေလည်း ဆောင်းရာသီအားကစားနည်းတွေမှာ ပါဝင်ကြဖို့ အားတရပ်ဖြစ်လာစေဖို့ Jackson ကမျှော်လင့်ထားပါတယ်။

တားမြစ်ဆေးသုံးစွဲမှု အကြိုစစ်ဆေးချက်မအောင်ခဲ့တဲ့ ရုရှား ဆယ်ကျော်သက် စကိတ် အားကစားမယ် Kamila Valieva တရုတ်ဆောင်းရာသီအိုလံပစ်ပွဲမှာဆက်ပြီးယှဉ်ပြိုင်ခွင့်ရသွားပါတယ်။

Valieva ရဲ့ကိစ္စ အားကစားခုံသမာဓိအဖွဲ့ (CAS) ကတနင်္လာနေ့မနက်ထိ တက်သုတ် ရိုက် ဆွေးနွေးဆုံးဖြတ်ခဲ့ကြတာပါ။ တားမြစ်ဆေးမအောင်တဲ့ Valieva ကိစ္စအပြည့်အဝစုံစမ်းမှုမလုပ်ခင် အိုလံပစ်ပွဲမှာ ဆက်ပြီး ယှဉ်ပြိုင်ခွင့်ပေးဖို့ ဆုံးဖြတ်ခဲ့ကြတာဖြစ်ပါတယ်။ အသက် ၁၅ နှစ်အရွယ် Valieva ဟာအရွယ်မရောက်သေးတဲ့သူ ဖြစ်တာကြောင့် အရွယ်ရောက်ပြီးသား အားကစားသမားတွေနဲ့ ကွဲပြားတဲ့စည်းကမ်း တွေရပိုင်ခွင့်ရှိတယ်ဆိုတဲ့ အချက်ကိုလည်း တရားရုံးက ထည့်သွင်းစဉ်းစားခဲ့တယ်လို့ပြောပါတယ်။

အိုလံပစ်ပွဲမှာ သူ့ကို ယှဉ်ပြိုင်ခွင့်တားမြစ်လိုက်ရင် အတော့်ကို နစ်နာသွားနိုင်တယ်လို့ လည်း CAS ညွှန်ကြားရေးမှူးချုပ် Matthieu Reeb ကပြောပါတယ်။ ရုရှားအတွက် Valieva ရွှေတံဆိပ်ဆွတ်ခူးပေးခဲ့ပြီးကာမှ ဆွီဒင်ဓာတ်ခွဲခန်းရဲ့ ပြီးခဲ့တဲ့ဒီဇင်ဘာလက စစ်ဆေးချက်ရလဒ် ထွက်ပေါ်လာတာဖြစ်ပါတယ်။ ဆွီဒင်ဓာတ်ခွဲခန်းက ဆေးစစ်ချက်ရလဒ်တွေ အကြောင်းကြားဖို့ သီတင်း ၆ ပတ်နှောင့်နှေးခဲ့ရတဲ့အကြောင်းရင်းမရှင်းလင်းသေးပါဘူး။

တိုက်ရိုက် လင့်ခ်

========

[[Unicode]]






XS
SM
MD
LG