သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လိပ်ကျွန်းတရားခံ ၂ ဦး အယူခံ ထိုင်းဘုရင် တနှစ်အတွင်းဆုံးဖြတ်မည်

၀င်းဇော်ထွန်း နဲ့ ဇော်ဝင်းတို့ ၂ ဦးကို ဖမ်းဆီး ထိမ်းသိမ်းထားစဉ်

[Zawgyi / Unicode]

ထိုင်းနိုင်ငံမှာ လိပ်ကျွန်းလူသတ်မူနဲ့သေဒဏ်ပေးခံထားရတဲ့ မြန်မာရွှေပြောင်းလူငယ် ၂ ဦးကို ထိုင်းဘုရင်းမင်းမြတ်က သေဒဏ်ပြစ်ဒဏ်ကနေ ခွင့်လွတ်ပေးဖို့အတွက် အသနာခံထား တာနဲ့ ပတ်သက်ပြီး ထိုင်းဘုရင်က တနှစ်အတွင်းမှာ ဆုံးဖြတ်ဖွယ်ရှိတယ်လို့ ထိုင်းနိုင်ငံဘန်ကောက်မြု ိမြန်မာသံရုံးရဲ့ ဥပဒေအကြံပေးက ပြောပါတယ်။ အပြည့်အစုံကို ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ထိုင်းနိုင်ငံမှာ လိပ်ကျွန်းလူသတ်မူနဲ့သေဒဏ်ပေးခံထားရတဲ့ မြန်မာရွှေပြောင်းလူငယ် ၂ဦးကို ထိုင်းဘုရင်းမင်းမြတ်အနေနဲ့ သေဒဏ်ပြစ်ဒဏ်ကနေ ခွင့်လွတ်ပေးဖို့ အသနားခံစာ ကို တင်ခဲ့တာဖြစ်ပြီး ဒီအသနားခံစာကို အောက်တိုဘာလ၂၄ ရက်နေ့က လူငယ် ၂ဦး အကျဉ်းချထားရာ ဘန်ခွမ်အကျဉ်းထောင်ကတဆင့် ဘုရင်မင်းမြတ်ဆီရောက်အောင် ပို့ဆောင်ခဲ့တာဖြစ်ပါတယ်။ ဒီအသနားခံစာနဲ့ ပတ်သက်ပြီး တနှစ်အတွင်း မှာ ဆုံးဖြတ်မယ့်အခြေအနေရှိနေတယ်လို့ ဘန်ကောက်က မြန်မာသံရုံးရဲ့ ဥပဒေအကြံပေး ဦးအောင်မျိုးသန့်က ဗွီအိုအေကို အခုလိုပြောပါတယ်။

"အန်ကယ်တို့ဘက်ကတော့ လုပ်သင့်တာကို အားလုံး ဆောင်ရွက်ပြီးပြီ။ သံအမတ်ကြီးဦးဆောင်ပြီး အသနားခံစာလည်း တင်ပြီးပါပြီ။ အန်ကယ်တို့တင်တာက ၂၄ရက်နေ့ ၁၀ လ ၂၀၁၉ ဒီကြားထဲမှာ ဘုရင်ရဲ့ ပွဲတခုခုရှိရင်တော့ ထူးခြားချက်ပေါ့။ ပုံမှန်ကတော့ တနှစ်အတွင်းမှာတော့ တခုခု ပြောင်းလဲမူထူးထူးခြားမူူရှိမယ် လို့ကြားပါတယ်။ ရှေ့နေများကောင်စီ ဘက်ကနေကြားပါတယ်။"

ဘုရင်ဆီက နေ အကြောင်းပြန် လာတဲ့အခါ အကောင်းဆုံး အဖြေရရှိလာဖို့ မျှော်လင့်ထားတယ်လို့၊ မြန်မာသံရုံးကို ဒီအမူနဲ့ ပတ်သက်ပြီး အကူညီပေးနေတဲ့ ထိုင်းရှေနေများကောင်စီ ဘက်က ပြောကြားကြောင်းလည်း ဦးအောင်မျိုးသန့် ကပြောပါတယ်။

"ရှေ့နေကောင်စီများဘက်ကလည်းအကောင်းဆုံးအကြံဉာဏ်ပေးတယ် အကောင်းဆုံးဖြစ်ရပ်တွေကို အစအဆုံး လုပ်ခဲ့တာဆိုတော့ အသနားခံစာတင်တဲ့အခါမှာ တင်ထားတဲ့အချက်တွေကလည်းတော်တော်လေးလေးနက်နက်ရှိတယ်။ သူတို့ကိုယ်တိုင်ကလည်း ဒီပြစ်ဒဏ်ဟာ ဘုရင်ဆီရောက်သွားရင် ဘာမှဆက်လုပ်လို့မရတော့ဘူး ဘုရင် သဘောထား ဖြစ်သွားပြီ။ ဘုရင်ရဲ့ဆုံးဖြတ်ချက်ဖြစ်သွားပြီ။ ဒီတော့ဘုရင်ဆီရောက်ပြီးရင်တော့ ကောင်းသောမျှော်လင့်ချက် အပြောင်းအလဲတခု ရသွားမယ်လို့တော့ သူတို့လည်းမျေျာ်လင့်နေပါတယ်။"

လိပ်ကျွန်းလူသတ်မူနဲပတ်သက်လို့ အသနားခံစာတင်သွင်းတုန်းကတော့ မြန်မာပြည်တွင်းက လူထုအခြေပြုအဖွဲ့အစည်း ၆၀နဲ့ ထိုင်းဘက်က အစိုးရမဟုတ်တဲ့အဖွဲ့အစည်းတွေရဲ့ထောက်ခံစာများနဲ့အတူ ပူးတွဲပေးပို့ထားတာ ဖြစ်ပါတယ်။ ဒါ့အပြင် ထိုင်းဘက်က NGO တွေကလည်း ထောက်ခံကြောင်း ရေးထားတဲ့ စာတွေလည်း ပူးတွဲ တင်လိုက်တာ ဖြစ်ပါတယ်။

ပြည်ပနိုင်ငံတခုခုမှာ ပြစ်မှုကျူးလွန်ပြီး ပြစ်ဒဏ်ပေးခဲ့ထားရတဲ့ မြန်မာနိုင်ငံသားတွေအရေးနဲ့ ပတ်သက်လို့ မြန်မာအစိုးရ အဆက်ဆက်က ကြားဝင်ဆောင်ရွက်ပေးတဲ့ အစဉ်အလာ အရင်က မရှိခဲ့ပေမယ့် ဒီကိစ္စမှာ ကူညီဆောင်ရွက်ပေးဖို့ ထိုင်းရှေ့နေများကောင်စီကို အရင်သမ္မတ ဦးသိန်းစိန် အစိုးရက တောင်းဆိုခဲ့တာပါ။

မြန်မာရွှေ့ပြောင်းအလုပ်သမား ခန့်မှန်းချေ ၄,၀၀၀ လောက် အလုပ်လုပ်ကိုင်နေတဲ့ ကော့တောင် အပမ်းဖြေကျွန်းဖြစ်တဲ့ လိပ်ကျွန်းမှာ ၂၀၁၄ခုနှစ် စက်တင်ဘာလမှာ ဗြိတိန်လူငယ်၂ ဦးသတ်ခံခဲ့ရတာ ဖြစ်ပြီး ဒီအမှုမှာ မြန်မာရွှေ့ပြောင်းလူငယ် ၂ ယောက်ဖြစ်တဲ့ ကိုဝင်းဇော်ထွန်းနဲ့ ကိုဇော်လင်း တို့ကို လူသတ်မှု၊ မုဒိမ်းမှု၊ ပစ္စည်းလူယူမှု အပါအဝင် အမှု ၇ မှုနဲ့ တရားစွဲခဲ့တာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

[Unicode Version]

ထိုင်းနိုင်ငံမှာ လိပ်ကျွန်းလူသတ်မူနဲ့သေဒဏ်ပေးခံထားရတဲ့ မြန်မာရွှေပြောင်းလူငယ် ၂ ဦးကို ထိုင်းဘုရင်းမင်းမြတ်က သေဒဏ်ပြစ်ဒဏ်ကနေ ခွင့်လွတ်ပေးဖို့အတွက် အသနာခံထား တာနဲ့ ပတ်သက်ပြီး ထိုင်းဘုရင်က တနှစ်အတွင်းမှာ ဆုံးဖြတ်ဖွယ်ရှိတယ်လို့ ထိုင်းနိုင်ငံဘန်ကောက်မြု ိမြန်မာသံရုံးရဲ့ ဥပဒေအကြံပေးက ပြောပါတယ်။ အပြည့်အစုံကို ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်

XS
SM
MD
LG