သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Wisconsin ပြည်နယ် ခရစ်စမတ်ကြိုပွဲကားနဲ့တိုက်လို့ ၅ ဦးသေ၊ ၄၀ ကျော် ဒဏ်ရာရ


ခရစ္စမတ်လှည့်လည်ပွဲ အကအဖွဲ့ ကားနဲ့ဝင်တိုက်ခံရတဲ့နေရာ။ (နိုဝင်ဘာ ၂၁၊ ၂၀၂၁)
ခရစ္စမတ်လှည့်လည်ပွဲ အကအဖွဲ့ ကားနဲ့ဝင်တိုက်ခံရတဲ့နေရာ။ (နိုဝင်ဘာ ၂၁၊ ၂၀၂၁)

{{Zawgyi/Unicode}}

အမေရိကန် နိုင်ငံ၊ Wisconsin ပြည်နယ် ဝါကရှားမြို့ Waukesha မှာ တနင်္ဂနွေနေ့ က ကျင်းပခဲ့တဲ့ ခရစ္စမတ်လှည့်လည်ပွဲကို ကားနဲ့ဝင်တိုက်တဲ့အတွက် လူ ၅ ယောက် သေဆုံးပြီး ၄၀ ကျော် ဒဏ်ရာရှိသွားကြပါတယ်လို့ ရဲတပ်ဖွဲ့က အတည်ပြု ပြောကြားပါတယ်။ ခုလို ကားနဲ့တိုက်တာဟာ အကြမ်းဖက်ဝါဒနဲ့ ဆက်စပ်မှု ရှိမရှိတော့ မသိရသေးပေမဲ့ နောက်ထပ် တိုက်ခိုက်မှုတွေတော့ မတွေ့ခဲ့ရပါဘူးလို့ ရဲတပ်ဖွဲ့ အကြီးအကဲ Dan Thompson က ပြောပါတယ်။

SUV အမျိုးအစား ကားတစီးက ခန့်မှန်း တနာရီ ၆၅ ကီလိုနှုန်းနဲ့ လူအုပ်ထဲကို ဝင် မောင်းတိုက်တာလို့ မျက်မြင်သက်သေတဦးက မီဒီယာကို ပြောပါတယ်။အသက် ၉ နှစ် က ၁၅ နှစ် အရွယ် မိန်းခလေး အကအဖွဲ့ကို ဝင်တိုက်တာဖြစ်ပါတယ်။ ကားမောင်းသူကို ဖမ်းဆီးမိထားတယ်လို့ ရဲတပ်ဖွဲ့ အကြီးအကဲက ဆိုပါတယ်။

အိမ်ဖြူတော်တာဝန်ရှိသူတွေက အဖြစ်အပျက်ကို သမ္မတဂျိုးဘိုင်ဒင်ကို တင်ပြခဲ့ပြီး ဖြစ်ပေါ်ပြောင်းလဲမှုတွေကို အစိုးရက ကြည့်နေတဲ့အပြင် လိုအပ်တဲ့အကူအညီတွေကို ပြည်နယ်နဲ့ ဒေသန္တရ တာဝန်ရှိသူတွေကို ပေးမယ်လို့ အိမ်ဖြူတော်က ပြောပါတယ်။ တနင်္လာနေ့မှာတော့ အဲဒီ မြို့လေးက ကျောင်းတွေကို ပိတ်ထားပါတယ်။

တိုက်ရိုက် လင့်ခ်


========

{{Unicode}}





#USViolence #Wisconsin #VOABurmese

--------------------

XS
SM
MD
LG