သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လေကြောင်းရန် ကာကွယ်ရေး မစ်ဇိုင်းဒုံးတွေ ပြတ်လတ်မှာ ယူကရိန်းစိုးရိမ်

အမေရိကန်က Patriot ဒုံးခွင်းဒုံးစနစ်
အမေရိကန်က Patriot ဒုံးခွင်းဒုံးစနစ်

ရုရှားရဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေ ရင်ဆိုင်နေရတဲ့ ယူကရိန်းနိုင်ငံမှာ လေကြောင်းရန် ကာကွယ်ရေး မစ်ဇိုင်းဒုံးတွေ ပြတ်လတ်မယ့် အခြေအနေနဲ့ ရင်ဆိုင်နေရတယ်လို့ သမ္မတ Volodymyr Zelenskyy က ပြောလိုက်ပါတယ်။ ပြီးခဲ့တဲ့ တလအတွင်းမှာလို နေ့စဉ်ရက်ဆက် တိုက်ခိုက်ခံရမယ်ဆိုရင် မစ်ဇိုင်းဒုံးတွေ ကုန်သွားနိုင်သလို၊ အခြေအနေကို မိတ်ဆွေနိုင်ငံတွေကလည်း သိရှိထားကြပါတယ်လို့ မနေ့တုန်းက ယူကရိန်းရုပ်သံအစီအစဉ်တခုနဲ့ မေးမြန်းခန်းမှာ သမ္မတက ပြောလိုက်တာပါ။

ယူကရိန်းရဲ့ စွမ်းအင်လုပ်ငန်းတွေ၊ မြို့တွေကို အဆက်မပြတ် တိုက်ခိုက်နေတာကြောင့် အကူအညီပေးကြဖို့ မဟာမိတ်တွေကို ယူကရိန်းက အကူအညီတောင်းခံနေတာ သီတင်းပတ်နဲ့ချီ ရှိနေပါပြီ။ လေကြောင်းရန် ကာကွယ်ရေးအတွက် လတ်တလော လုံလောက်ပေမဲ့ အကာအကွယ်ပေးရမယ့် နေရာတွေကို စဉ်းစားရွေးချယ်နေရပြီလို့လည်း သမ္မတ Zelenskyy ကပြောပါတယ်။

မိနစ်ပိုင်းအတွင်း ပစ်မှတ်ကို ရောက်နိုင်တဲ့ ရုရှားရဲ့ ပဲ့ထိန်းတပ် မစ်ဇိုင်းဒုံးတွေနဲ့ အသံထက် အဆပေါင်းများစွာမြန်တဲ့ ဟိုက်ပါဆိုနစ် မစ်ဇိုင်းဒုံးတွေကို ကာကွယ်ဖို့ အမေရိကန်က Patriot ဒုံးခွင်းဒုံးစနစ် ပေးထားပေမဲ့ နောက်ထပ် ၂၅ ခုလောက် လိုသေးတယ်လို့လည်း ယူကရိန်းသမ္မတက ပြောပါတယ်။ အမေရိကန်ရဲ့ အကူအညီတွေဟာ ယူကရိန်းကာကွယ်ရေးအတွက် အလွန်အရေးကြီးတာကြောင့် ကွန်ဂရက် လွှတ်တော်က ထောက်ပံ့မယ့် အစီအစဉ်ကို အတည်ပြုပေးလိမ့်မယ်လို့ မျှော်လင့်ထားကြောင်းလည်း သမ္မတ Zelenskyy ကပြောဆိုခဲ့တာပါ။

အမေရိကန်က အကူအညီတွေကို ချေးငွေအဖြစ် ပေးမယ်ဆိုရင်လည်း လက်ခံဖို့ အသင့်ရှိကြောင်း ပြောဆိုခဲ့ပါတယ်။

This item is part of

Forum

XS
SM
MD
LG