သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ဦးအဓိကရုဏ်း မျက်မြင်အခြေအနေ


မနေ့ အင်္ဂါနေ့က လူတဦးသေဆုံးပြီး အနည်းဆုံး ကိုးဦးဒဏ်ရာရရှိခဲ့တဲ့ မြောက်ဦးမြို့မှာ လုံခြုံရေးရဲတပ်ဖွဲ့ဝင်တွေနဲ့ အရပ်သားတွေကြားဖြစ်ပွားတဲ့ အဓိကရုဏ်းနဲ့ပတ်သက်ပြီး မျက်မြင်သက်သေတဦးကို ဗွီအိုအေက ကိုရန်နိုင်က အခင်းဖြစ်ပွားပြီး မကြာခင်မှာပဲ ဆက်သွယ်မေးမြန်းထားပါတယ်။

ဖြေ။ ။ အကျဉ်းချုံးပြီး ပြောရလို့ရှိရင် ရခိုင် အချုပ်အခြာအာဏာကျဆုံးတဲ့နေ့က နှစ်စဉ်နှစ်တိုင်း နန်းတော်ရာကုန်းမှာ လုပ်နေကျဆိုတော့ ကျနော်တို့ မြောက်ဦးက လုပ်နေကျ သူတို့ ကော်မတီကနေပြီးတော့ ခွင့်တင်လိုက်ပါတယ်။ ခွင့်တင်ပြီးတော့ အဲဒီမှာလုပ်တယ်၊ လုပ်တဲ့အချိန်မှာ ပထမတော့ ဘာမှမပြောဘူး။ မနက်ပိုင်းမှာ သံဃာတွေနဲ့ အလှူအတန်းပေးဝေပြီးတော့ ပရိတ်တရားတော်နာတယ်။ ပြီးသွားပါတယ်၊ မနက်ပိုင်းက။

မေး။ ။ ခွင့်တင်တယ်ဆိုတော့ ခွင့်ပြုချက်ရော ရလား။

ဖြေ။ ။ ခွင့်ပြုချက်ကိုတင်လိုက်ရုံပဲ။ အသိပေးရုံပဲပေါ့။ ခါတိုင်းဟာဆိုလို့ရှိရင်၊ ခွင့်ပြုချက်တော့ ကျမလာသေးဘူး။

မေး ။ ။ ခွင့်ပြုချက်တင်တယ်၊ ဒါပေမယ့် တရားဝင်ချပေးတာမျိုးတော့ မရှိသေးဘူး။

ဖြေ။ ။ မရှိသေးဘူး၊ ဒါပေမယ့် ခါတိုင်းကတော့ ကန့်ကွက်တာမရှိဘူး။ နှစ်တိုင်းက လုပ်နေကျဆိုတော့လေ။ အဲဒီမှာ မနက်ပိုင်းပြီးသွားလို့ ညပိုင်းရောက်တဲ့အခါမှာ ရှေးဟောင်းသုတေသနညွှန်ကြားရေးမှူးဖြစ်တဲ့ ဦးမြင့်(လွင်/လှိုင်) ကနေပြီးတော့ နန်းတော်ရာကုန်းမှာ မလုပ်ပါနဲ့ဆိုပြီးတော့ သူက စာထုတ်လာတယ်။ စာထုတ်လာတော့ အဲဒီမှာရှိတဲ့ ကော်မတီက သွားပြီးတော့ ညှိနှိုင်းကြတယ်ပေါ့။ ရဲက ထပ်ရောက်လာပြီးတော့ လုပ်ခွင့်မရဘူးလို့ အဲလို ကန့်သတ်လိုက်တဲ့အချိန်မှာ လူတွေက မကျေမနပ်တွေဖြစ်ပြီးတော့ - လူတွေက အများကြီးဖြစ်နေတာ။ မကျေမနပ်ဖြစ်ပြီး ဆန္ဒပြမယ်ဆိုပြီးတော့ ညမှာပဲ မြို့ကိုလှည့်ပြီး ဆန္ဒပြကြတယ်။ မြို့ကိုလှည့်ပြီးတော့ ဆန္ဒပြရင်းနဲ့ သူတို့က အဲဒီ ခရိုင်ရုံးဘက်ကို ရောက်လာတဲ့အချိန်မှာ ခရိုင်ရုံးရှေ့မှာ လူတွေအကုန်လုံးက အလံတွေထောင်ပြီးတော့ သူတို့ မကျေနပ်ဘူးဆိုတဲ့ကိစ္စတွေကို သူတို့ ဆန္ဒပြကြတယ်ပေါ့။ အထူးသဖြင့်ကတော့ “ဟောပြောပွဲကို ကန့်ကွက်သူ- တို့ရန်သူ” ဆိုပြီးတော့ အဲလိုမျိုးတွေ ပြန်ပြီးတော့ ခွင့်ပေးဖို့ ဆိုတဲ့ ကိစ္စတွေပေါ့နော်။ အဲလို ကြွေးကြော်ကြတယ်။ ကြွေးကြော်တဲ့အချိန်မှာပဲ လူတွေက အများကြီးဆိုတော့ ခရိုင်ရုံးကနေပြီးတော့ အဲဒီမှာ ရဲက စပြီး ပစ်တာလို့ ပြောပါတယ်။

ကျနော်က သေနတ်သံကိုကြားတာနဲ့ သွားကြည့်လိုက်တဲ့အချိန်မှာ လူတွေက အကုန်လုံး လူက သောင်းဂဏန်းဆိုတော့ လုံးဝ တိုးမပေါက်ဘူး။ အဲဒီအချိန်မှာ သူတို့က သေနတ်နဲ့ပစ်တဲ့အချိန်မှာ တချို့တွေကလည်း အဲဒီမှာ သေပြီးကျန်ခဲ့တယ်လို့ ပြောတယ်။ တချို့က ဒဏ်ရာရပြီး ကျန်ခဲ့တယ်လို့ ပြောတယ်။ နိုင်သလောက်လေးကိုပဲ ထမ်းပြီးပြေးကြတဲ့အချိန်မှာ ဆေးရုံမှာလူဆယ်ယောက်ရှိတယ်။ ကိုးယောက်ကတော့ ဒဏ်ရာ အပြင်းအထန်ရတယ်။ တယောက်ကတော့ ချက်ချင်းပဲ သေဆုံးသွားတယ်။ ဝမ်းဗိုက်ဒဏ်ရာပေါ့နော်။

မေး ။ ။ ပစ်တာက ခရိုင်အုပ်ချုပ်ရေးမှူးရုံးရှေ့မှာ ပစ်တာနော်။

ဖြေ ။ ။ ဟုတ်တယ်၊ ဟုတ်တယ်။ အဲဒီဝန်းကျင်မှာပဲ ပစ်တာ။

မေး။ ။ အခုက ပြောတာမှာ ဆယ်ယောက် ဒဏ်ရာရတဲ့ထဲမှာ တယောက်သေသွားတယ်။ ကျန်တဲ့ကိုးယောက်က အပြင်းအထန် ဒဏ်ရာရတယ် အခုလောလောဆယ်- အဲဒီမှာ ….

ဖြေ။ ။ အဲဒီမှာ တချို့က ခရိုင်ရုံးထဲမှာ အလောင်းတွေ မယူခဲ့ရဘဲ ကျန်ခဲ့တယ်လို့ ပြောပါတယ်။ အခုထိအောင် ဘယ်နှစ်လောင်းကျန်ခဲ့လဲဆိုတာ အတည်မပြုနိုင်သေးပါဘူး။ အခုခါကျတော့ စစ်တပ်ကလည်းပဲ နေရာယူထားလိုက်ပြီဆိုတော့ လူတွေအကုန်လုံးက ပြိုပြီးတော့ ပြန်သွားကြပါပြီ။

မြောက်ဦးအဓိကရုဏ်း မျက်မြင်အခြေအနေ
please wait

No media source currently available

0:00 0:02:08 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG