သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

FIFA ရဲ့ပထမဦးဆုံး အမျိုးသမီး အတွင်းရေးမှူးချုပ်


 FIFA ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ် ရဲ့ အတွင်းရေးမှူးချုပ်သစ် Fatma Samba Diouf Samoura ။
FIFA ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ် ရဲ့ အတွင်းရေးမှူးချုပ်သစ် Fatma Samba Diouf Samoura ။

Senegal နိုင်ငံသူ Fatma Samba Diouf Samoura ကို FIFA ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ် ရဲ့ အတွင်းရေးမှူးချုပ်အဖြစ် ခန့်အပ်လိုက်ပါတယ်။ သူဟာ ပထမဆုံး အမျိုးသမီး အတွင်းရေးမှူးချုပ်ဖြစ်လာပြီး ဒီနေရာမှာအရင်က ဥရောပနိုင်ငံသားတွေ ကိုသာ ခန့်အပ်လေ့ရှိတာပါ။ ကုလသမဂ္ဂမှာ နှစ်ပေါင်းများစွာ အလုပ်လုပ်လာခဲ့တဲ့ Samoura ဟာ အရင်က အားကစားအတွေ့အကြုံ မရှိသူလဲဖြစ်ပါတယ်။

အကျင့်ပျက်လာဘ်စားမှုတွေ ဘဏ္ဍာရေးအလွဲသုံးစားမှုတွေနဲ့ နာမည်ပျက် ခဲ့ရပြီးနောက်ပိုင်း ဒီရွေးချယ်မှုကြောင့် ကမ္ဘာပြည်သူတွေရဲ့ ယုံကြည် လေးစားမှု ကို ပြန်ရနိုင်မှာဖြစ်တယ်လို့ FIFA ဥက္ကဋ္ဌ Gianni Infantino ကပြောပါတယ်။

သူ့မဆီမှာ အဖွဲ့တွေကို ဦးဆောင်နိုင်တဲ့ ကိုယ်တွေ့အရည်အချင်းတွေရော၊ အဖွဲ့အစည်းတွေ တိုးတက်အောင်လုပ်မယ့် နည်းလမ်းတွေလဲ ရှိပါ တယ်လို့ Infantino ကပြောပါတယ်။ ဒါဟာFIFA အတွက် ပိုအရေးကြီးကြောင်းနဲ့ စနစ်တကျစီမံခန့်ခွဲပြီး တာဝန်သိတဲ့အဖွဲ့အစည်းတွေမှာ ပွင့်လင်းမြင်သာမှုတို့၊ တာဝန်ခံမှု ဆိုတာတွေရှိရမယ်ဆိုတာကိုလဲသူ့နားလည်ထားကြောင်း Infantino ကပြောပါတယ်။ Samoura ဟာ သူ့အလုပ်တာဝန်တွေကို ဇွန်လအလယ်မှာ စတင်မှာဖြစ်ပါတယ်။

အရင် FIFA အဖွဲ့အတွင်းရေးမှူးချုပ်ဖြစ်သူ ပြင်သစ်နိုင်ငံသား Jerome Valcke ကို ရုပ်သံဌာနနဲ့ အပေးအယူလုပ်တာတွေ ကမ္ဘာ့ဖလား လက်မှတ် အရောင်းအဝယ် ကိစ္စတွေမှာ လွဲမှားတဲ့ စီမံခန့်ခွဲမှုတွေကြောင့် ပြီးခဲ့တဲ့ ဇန်နဝါရီလအတွင်း သူ့ကို ရာထူးကဖယ်ရှားခဲ့ပြီး ဘောလုံး လောက ကနေ ၁၂ နှစ်အနားပေးခဲ့ပါတယ်။

FIFA ဥက္ကဋ္ဌအဖြစ် ၁၈နှစ်ကြာလုပ်ခဲ့တဲ့ Sepp Blatter ကိုလဲ အဖွဲ့ချုပ်အတွင်း ကျယ်ကျယ်ပျံ့ပျံ့ဖြစ်နေတဲ့ လာဘ်စားမှုတွေကို စုံစမ်းစစ်ဆေး တာတွေပေါ်ပေါက်အပြီး ရာထူးက နှုတ်ထွက်သွားပါတယ်။

XS
SM
MD
LG