သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ် ကိုယ်ဝန်ဆောင်တွေ အမေရိကန်လာဖို့ ကူညီသူ အမျိုးသမီး ထောင်ချခံရ


အမေရိကန်နိုင်ငံမှ ကိုယ်ဝန်ဆောင်အမျိုးသမီးတဦး
အမေရိကန်နိုင်ငံမှ ကိုယ်ဝန်ဆောင်အမျိုးသမီးတဦး

အမေရိကန်မှာ မွေးဖွားတဲ့ ကလေးတွေက အလိုအလျောက် အမေရိကန်နိုင်ငံသား ဖြစ်တာကြောင့် တရုတ် ကိုယ်ဝန်ဆောင် အမျိုးသမီးတွေ အမေရိကန်ကို လာရောက်ပြီး ကလေးမီးဖွားရေးအတွက် ကူညီ ဝန်ဆောင်မှုပေးတဲ့လုပ်ငန်း လုပ်ကိုင်မှုနဲ့ ကယ်လီဖိုးနီးယားပြည်နယ်က အမျိုးသမီးကို ထောင်ဒဏ် ၃ နှစ်ကျော် ပြစ်ဒဏ်ချမှတ်လိုက်ပါတယ်။

ဒီဝန်ဆောင်မှုပေးတဲ့ လုပ်ငန်းလုပ်ကိုင်သူ Phoebe Dong ကို ထောင်ဒဏ် ၄၁ လ ကျခံရမယ်လို့ အမေရိကန် ဒိစတြိတ်တရားသူကြီး R. Gary Klausner က တနင်္လာနေ့မှာ အမိန့်ချမှတ်ခဲ့တာပါ။ Phoebe Dong နဲ့ ခင်ပွန်း ဖြစ်သူ Michael Lui တို့ကို သူတို့ရဲ့ USA Happy Baby ကုမ္ပဏီကို သုံးပြီး ငွေမဲခဝါချမှု၊ ပူးပေါင်းကြံစည်မှု စွဲချက်တွေနဲ့ ပြီးခဲ့တဲ့ စက်တင်ဘာလ အတွင်း ပြစ်ဒဏ်ချမှတ်ခံရတာပါ။

Phoebe Dong နဲ့ အခုသီးခြားစီနေနေကြတဲ့ ခင်ပွန်းဖြစ်သူ Michael Liu တို့ နှစ်ဦးဟာ ကိုယ်ဝန်ဆောင် တရုတ် အမျိုးသမီး ၁၀၀ ကျော်ကို အမေရိကန်ကို လာရောက်နိုင်အောင် ကူညီခဲ့တယ်လို့ ဖယ်ဒရယ် အစိုးရ ရှေ့နေတွေကပြောပါတယ်။ ကိုယ်ဝန်ဆောင် တရုတ် အမျိုးသမီးတွေအဝတ်အစား ပွပွဝတ်ပြီး သူတို့ကိုယ်ဝန်တွေကို ဖုံးကွယ်ကာအကောက်ခွန်အရာရှိတွေကို ဘယ်လိုလှည့်ဖြားရမလဲ ဆိုတာကို ဒီဇနီး ခင်ပွန်း နှစ်ဦးတို့က ကြီးကြပ်ဆောင်ရွက်ပေးကြတာလို့လည်း အာဏာပိုင်တို့က ပြောပါတယ်။

အမေရိကန်အာဏာပိုင်တွေကို လှည့်ဖြားပြီး မွေးလာမယ့် ကလေးတွေ အမေရိကန် နိုင်ငံသား ဖြစ်စေရေး ဝန်ဆောင်ခ အဖြစ် တဦးကို ဒေါ်လာ သောင်းနဲ့ချီပြီး သူတို့က ရယူခဲ့ကြတယ်လို့လည်း အစိုးရ ရှေ့နေတွေရဲ့ တရားရုံး လျှောက်ထားချက်မှာ ဖော်ပြထားပါတယ်။ Phoebe Dong ကို ပြစ်ဒဏ် ချမှတ်အပြီးမှာတော့ ပြည်ထောင်စု အစိုးရ ရှေ့နေတွေက မှတ်ချက်ပေးဖို့ ငြင်းပါတယ်။ သူမရဲ့ ရှေ့နေကတော့ အယူခံ ဝယ်မယ်လို့ ပြောဆိုထားပါတယ်။

တရုတ် ကိုယ်ဝန်ဆောင်တွေ အမေရိကန်လာဖို့ ကူညီသူ အမျိုးသမီး ထောင်ချခံရ 
please wait

No media source currently available

0:00 0:01:26 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG