အမေရိကန်လွှတ်တော်က အရပ်သားတွေအပေါ်မှာ ချီးမြှင့်တဲ့ အမြင့်ဆုံးသော ဂုဏ်ထူးဆောင် ရွှေတံဆိပ်ဆုကို လက်ရှိ အမေရိကန်ပြည်ထောင်စုမှာ ရောက်နေတဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် နိုဘဲလ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်ကို စက်တင်ဘာလ ၁၉ ရက်နေ့က အမေရိကန်ကွန်ဂရက်လွှတ်တော်ကနေ ချီးမြှင့်ခဲ့ပါတယ်။ ဒီဆုဟာ လူ့အဖွဲ့အစည်းကောင်းကျိုးအတွက် တထောင့်တနေရာကနေ စွမ်းဆောင်ပေးမှုကြောင့် ချီးမြှင့်တာလည်း ဖြစ်ပါတယ်။ ဒီဆုချီးမြှင့်ရာမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ စွမ်းဆောင်မှုတွေနဲ့ပတ်သက်လို့ ဘယ်လို အမှတ်တရစကားတွေကို ပြောကြားခဲ့ကြပါသလဲ။ ဒါ့အပြင် ဒီဆုကို အမျိုးသမီး ဘယ်နှစ်ဦးလောက်ကရော ချီးမြှင့်ခံခဲ့ရပြီးပါပြီလဲ။ ဒီသီတင်းပတ်ရဲ့ အမျိုးသမီးကဏ္ဍမှာ ဒေါ်လှလှသန်း က တင်ဆက်ထားပါတယ်။