မြန်မာပြည်လူဦးရေရဲ့ ထက်ဝက်ကျော်ကို ကိုယ်စားပြုတဲ့ အမျိုးသမီးထုဟာ နိုင်ငံရဲ့ အရေးပါတဲ့ အဆုံးအဖြတ်ပေးနိုင်တဲ့ အဆင့်တွေမှာ ပါဝင်နိုင်မှုအားနည်းနေသေးတယ်လို့ ABSDF မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦးရဲ့ ဗဟိုဦးဆောင်ကော်မတီဝင် မိဆူးပွင့်ကသုံးသပ်လိုက်ပါတယ်။ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး နဲ့ နိုင်ငံဖွံ့ဖြိုးရေးမှာ အဟန့်အတားဖြစ်နေတဲ့ ပြည်တွင်းစစ်အဆုံးသတ်ရေးနဲ့ ငြိမ်းချမ်းရေးခရီးစဉ်ရဲ့ လက်ရှိအခြေအနေနဲ့ အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍနဲ့ ပတ်သက်လို့EAO တိုင်းရင်းလက်နက်ကိုင်အဖွဲ့များ နဲ့ UPDJC ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီဝင် မိဆူးပွင့်ကို ဒေါ်ခင်စိုးဝင်းက ဆက်သွယ်မေးမြန်းပြီး ဒီသီတင်းပတ်ရဲ့ အမျိုးသမီးကဏ္ဍအဖြစ်တင်ဆက်လိုက်ပါတယ်။
UNICODE