သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံတကာ အမျိုးသမီး သတ္တိရှင် ၁၀ ဦး အမေရိကန် ဂုဏ်ပြု

နိုင်ငံတကာ အမျိုးသမီး သတ္တိရှင် ၁၀ ဦး အမေရိကန် ဂုဏ်ပြု
နိုင်ငံတကာ အမျိုးသမီး သတ္တိရှင် ၁၀ ဦး အမေရိကန် ဂုဏ်ပြု

မတ်လ ၈ ရက်နေ့ဟာ နှစ် ၁၀၀ ပြည့် နိုင်ငံတကာ အမျိုးသမီးများနေ့ ဖြစ်ပါတယ်။ ဒီနေ့ အထိမ်းအမှတ်အဖြစ် အမေရိကန် သမ္မတကတော် မစ်ရှဲလ် အိုဘားမား (Michelle Obama) နဲ့ နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် (Hillary Clinton) တို့က ကမ္ဘာတဝန်းက အမျိုးသမီးရေး လှုပ်ရှားသူ ၁၀ ဦးနဲ့အတူ နိုင်ငံတကာ အမျိုးသမီးများ သတ္တိရှင်ဆုပေးပွဲ အခမ်းအနားကို မြို့တော် ဝါရှင်တန်ဒီစီမှာ ကျင်းပခဲ့ပါတယ်။ ဒီအခမ်းအနားကို သြစတြေးလျ ဝန်ကြီးချုပ် ဂျူလီယာ ဂေးလာ့ဒ် (Julia Gillard) လည်း တက်ရောက်ခဲ့ပါတယ်။

ဆုရရှိတဲ့ သူတွေထဲမှာ ကာဂစ္စတန် သမ္မတ ရိုဇာ အိုထမ်ဘာယေးဗား (Roza Otunbayeva) လည်း ပါဝင်ပါတယ်။ သူဟာ ပြီးခဲ့တဲ့နှစ် နိုင်ငံရဲ့ သမ္မတရာထူးက ဆင်းသွားရတဲ့ လူထုလှုပ်ရှားမှုနဲ့အတူ ကြားဖြတ်အစိုးရ ခေါင်းဆောင် ဖြစ်လာတဲ့ အမျိုးသမီးပါ။

ဆုရရှိသူတွေထဲမှာ တရုတ်အမျိုးသမီး ရှေ့နေတဦး၊ ကမ်မရွန်းနိုင်ငံက အမျိုးသမီး သတင်းထောက်တဦး၊ ဟန်ဂေရီက အမျိုးသမီး လွှတ်တော်အမတ် တဦး၊ ကျူးဘားနိုင်ငံက အမျိုးသမီး ဘလော်ဂါတဦး၊ ဘဲလားရုစ်နိုင်ငံက နိုင်ငံရေးလှုပ်ရှားသူ အမျိုးသမီးတဦး၊ အာဖဂန်နစ္စတန်နိုင်ငံက ပြည်နယ်အစိုးရ ရှေ့နေချုပ် အမျိုးသမီးတဦး၊ ပါကစ္စတန် ကျေးလက်ဒေသ အမျိုးသမီးရေး လှုပ်ရှားသူတဦး၊ မက္ကဆီကိုနိုင်ငံက လက်ထောက် အစိုးရရှေ့နေချုပ် တဦးတို့လည်း ပါဝင်ကြပါတယ်။

အီဂျစ်နိုင်ငံမှာတော့ တန်းတူအခွင့်အရေးရဖို့ တောင်းဆိုတဲ့ အမျိုးသမီးတွေ ရာနဲ့ချီပြီး နှစ် ၁၀၀ ပြည့် အမျိုးသမီးများနေ့မှာ ကိုင်ရိုမြို့တော်က သာရ်ရီရင်ပြင်ကို ထွက်ပြီး ဆန္ဒပြခဲ့ကြပါတယ်။

This item is part of
XS
SM
MD
LG