[Zawgyi/Unicode]
႐ိုးရာ ၾကာခ်ည္ ယကၠန္းလုပ္ငန္း ဆက္လက္ ထိန္းသိမ္းလိုသူ ေဒၚနန္းျမဦး (အမ်ိဳးသမီးက႑)
ျမန္မာ့ ႐ိုးရာ ၾကာခ်ည္နဲ႔ ယကၠန္းအထည္ ယက္လုပ္တဲ့လုပ္ငန္း တိမ္ေကာမသြားေစခ်င္တဲ့အတြက္ သဘာဝအတိုင္းထုတ္လုပ္တဲ့ ႐ိုးရာၾကာထည္ ပစၥည္းေတြ ထုတ္လုပ္ ေရာင္းခ်ေနတဲ့အေၾကာင္း အင္းေလးမွာလက္ယကၠန္း ၾကာခ်ည္ ပုဝါေတြ နဲ႔ ႐ိုးရာ ခ်ည္ထည္ေတြ ထုတ္လုပ္ ေရာင္းခ်တဲ့ အမ်ိဳးသမီး စီးပြားေရး လုပ္ငန္းရွင္ ေဒၚနန္းျမဦးက ေျပာပါတယ္။ ၿပီးခဲ့တဲ့ ၂ ႏွစ္အတြင္း ကိုဗစ္ကပ္ေဘးနဲ႔ ႏိုင္ငံေရး မတည္ၿငိမ္မႈေတြၾကား လုပ္ငန္း ထိခိုက္ရတာေတြ ရွိေပမဲ့ ဒီလုပ္ငန္းကိုေတာ့ ဆက္လက္ လုပ္ကိုင္ေနတုန္းပဲလို႔လည္း ေဒၚနန္းျမဦးက ေျပာပါတယ္။ ေဒၚနန္းျမဦးကို ဆက္သြယ္ေမးျမန္းၿပီး ဒီသီတင္းပတ္ အမ်ိဳးသမီးက႑မွာ မခင္ျဖဴေထြးက တင္ဆက္ထားပါတယ္။
ျမန္မာေတြရဲ႕ ႐ိုးရာယကၠန္းလုပ္ငန္းမွာ ၾကာသကၤန္း တို႔၊ ၾကာထည္တို႔ ဆိုတာေတြ အရင္ကတည္းက ရွိခဲ့တယ္ဆိုေပမဲ့ ေနာက္ပိုင္းေခတ္မွာေတာ့ ၾကာနဲ႔ယက္တဲ့ပစၥည္းေတြက ရွားလာပါတယ္။ တန္ဖိုးအားျဖင့္လည္း လူေတြ ေပါေပါမ်ားမ်ား ဝယ္သုံးႏိုင္တဲ့ ပစၥည္းမ်ိဳး မဟုတ္ပါဘူး။ ဆိုေတာ့ ဒီလို ရွားရွားပါးပါး ၾကာခ်ည္နဲ႔လုပ္တဲ့ ပစၥည္းေတြကိုမွ ဘာေၾကာင့္ ထုတ္လုပ္ ေရာင္းခ်ျဖစ္တာပါလဲ။ ဘယ္လိုစိတ္ကူးနဲ႔ ဒီလုပ္ငန္းကို စျဖစ္ခဲ့တာပါလဲရွင့္။
“ဒီလုပ္ငန္းကိုစခဲ့တာ ကေတာ့ က်မ က စခဲ့တာ မဟုတ္ပါဘူး။ စခဲ့တဲ့ အေဒၚႀကီးတေယာက္ ရွိပါတယ္။ တျခား႐ြာကပါ။ ေဒၚၾကာဥ ဆိုတာ။ သူက စခဲ့တဲ့ လုပ္ငန္း။ သူ စခဲ့တဲ့ နည္းပညာေပါ့ေနာ္။ ၾကာနဲ႔အထည္ ယက္တယ္ ဆိုတာက။ သူ လုပ္တုန္းကေတာ့ ဘုန္းႀကီးသကၤန္းနဲ႔ ဘုရားသကၤန္းေတြ လုပ္ခဲ့တာေလ။ က်မတို႔ ဒီဘက္ေခတ္ ေရာက္လာေတာ့ လြန္ခဲ့တဲ့ႏွစ္ေပါင္း ၂၅ ႏွစ္ ေက်ာ္ေက်ာ္ ေလာက္မွာ က်မလည္း ဒါကို လူေတြ သုံးႏိုင္ရင္ ေကာင္းမွာေပါ့ေနာ္။ စိတ္ထဲ စဥ္းစားမိတယ္။ တခ်ိဳ႕ကလည္း လူေတြ သုံးလို႔မရဘူးလား ဆိုတဲ့ အေမးမ်ိဳးေတြ လာ ေမးၾကတယ္။ ၾကာကို လူေတြသုံးဖို႔ေရာ ထုတ္လို႔မရဘူးလား ဆိုတာမ်ိဳး လာေမးၾကေတာ့ က်မလည္း ဪ…ရမွာပါေလ ဆိုၿပီးေတာ့ ၾကာပုဝါ၊ လည္ပင္းပတ္တဲ့ ပုဝါေလးေတြ၊ ၿခဳံထည္ေလးေတြ၊ အက်ႌစေလးေတြ စလုပ္ျဖစ္တယ္ရွင့္။ ေနာက္ၿပီး ၾကာထည္က ခိုင္ခန႔္မႈ ရွိတယ္။ ေနာက္ၿပီးေတာ့ သဘာဝစစ္စစ္ကိုလည္း သုံးေစခ်င္တယ္။ ၾကာရဲ႕ ဂုဏ္သတၱိကလည္း ေဆာင္းမွာဆိုရင္ ေႏြးၿပီး ေႏြမွာဆို ေအးတယ္။ သူ႔အနံ႔ကလည္း အၿမဲသင္းေနတဲ့အခါက်ေတာ့ သုံးတဲ့သူကလည္း ဘာနဲ႔မွ မတူတဲ့ တန္ဖိုးႀကီး ပစၥည္းကို သုံးရတယ္ ဆိုတဲ့ စိတ္ကေလး ဝင္သြားတာေပါ့ေနာ္။ အဲ့ဒါေၾကာင့္ အဲ့လို ရည္႐ြယ္ခ်က္ေလးနဲ႔ လူ သုံးႏိုင္တဲ့ ပစၥည္းကို ထုတ္ခဲ့တာပါရွင့္။”
ဒီလို ရွားရွားပါးပါး ၾကာထည္ ပစၥည္းေတြ ထုတ္လုပ္ဖို႔မွာ ကုန္ၾကမ္းပစၥည္း အရလည္း ရွားပါးတယ္။ စရိတ္စကလည္း ႀကီးသလို၊ ေရာင္းခ်တဲ့ အခါမွာလည္း သာမန္ေဈးနဲ႔ ေရာင္းလို႔ရတဲ့ ပစၥည္းမ်ိဳး မဟုတ္တဲ့အတြက္ ဒါကို စၿပီး ယက္လုပ္ ဖန္တီးတဲ့ အပိုင္းမွာပဲျဖစ္ျဖစ္၊ ျပန္ေရာင္းခ်တဲ့ အပိုင္းမွာပဲ ျဖစ္ျဖစ္ အခက္အခဲ ႀကဳံရတာမ်ိဳး ရွိပါလား။
“ရွိတယ္ရွင့္။ စစခ်င္း လုပ္တဲ့အခ်ိန္မွာဆိုရင္ ဒါက ကိုယ္ကိုင္ေနက် ပစၥည္း မဟုတ္ဘူးေလ။ ကိုယ္ကြၽမ္းက်င္တဲ့ ပစၥည္းလည္း မဟုတ္ေတာ့၊ ၾကာဆိုတာကလည္း နည္းနည္း ျပတ္လြယ္တာေပါ့ေနာ္။ ျပတ္လြယ္တဲ့အတြက္ နည္း အမ်ိဳးမ်ိဳး စမ္းသပ္ၿပီးမွ လုပ္ရတာေပါ့ေနာ္။ ဒီၾကာကို ခိုင္ခန႔္ေအာင္ ဘယ္လိုခတ္ရမယ္။ ဒီအထည္သားကို ေပ်ာ့ေအာင္ ဘယ္လို လုပ္ရမယ္ဆိုတာေတြက အခက္အခဲ ႀကဳံခဲ့တယ္။ ေနာက္ပိုင္း ေကတာ့ လုပ္တတ္သြားေတာ့ အဆင္ေျပပါတယ္။ ေရာင္းခ်တဲ့ အခါက်ေတာ့လည္း က်မတို႔က လူေတြသိေအာင္ ေျပာျပ ရွင္းျပရတာေပါ့။ က်မတို႔ဆီလာတဲ့ ဧည့္သည္ေတြကို က်မတို႔က ရွင္းျပတယ္။ ၾကာ႐ိုး ဘယ္ေလာက္ေတာင္ ကုန္တယ္။ ၾကာကို ဘယ္လိုလုပ္တယ္။ အဲ့လို အစ အဆုံး ရွင္းျပေတာ့ ဧည့္သည္ေတြကလည္း စိတ္ဝင္စားၿပီးေတာ့မွ တန္ဖိုးထားတယ္။ ဒီ လက္မႈပညာကို တန္ဖိုးထားတယ္။ သဘာဝပစၥည္းေတြနဲ႔ ထုတ္လုပ္ထားတဲ့ ၾကာပုဝါေတြကို အရမ္း တန္ဖိုးထားၿပီးေတာ့မွ တျဖည္းျဖည္း လူသိမ်ားၿပီး ေရာင္းရလာတာရွင့္။ အခက္အခဲေတြေတာ့ ႀကဳံခဲ့တယ္။ မ်ိဳးစုံေပါ့။ ေနာက္ၿပီး အနံ ၇ လက္မနဲ႔ အလ်ား ၂ ကိုက္ရွိတဲ့ ပုဝါတထည္ရဖို႔ ဆိုရင္ ၾကာပင္ေပါင္း ၇,၀၀၀ ၊ ၈,၀၀၀ ေလာက္ သုံးရတယ္ရွင့္။ အထည္ တထည္ရဖို႔ကိုေလ။”
ၾကာခ်ည္ ထုတ္ရတာအခ်ိန္ၾကာေပါ့ေနာ္။ ဘယ္ေလာက္ ေလာက္မ်ား ၾကာတယ္ ေျပာရမလဲ။
“ၾကာပုဝါတထည္စာအတြက္ ဆိုရင္ ၾကာခ်ည္ ထုတ္တာခ်ည္းကိုပဲ လ ဝက္ေလာက္ ၾကာတယ္။ ၿပီးရင္ သူ႔ရဲ႕ အဆင့္ဆင့္ ျပန္က်စ္ရေသးတယ္။ ေကာ္စာ ျပန္တင္ရတယ္။ ဒီလိုမ်ိဳး အဆင့္ဆင့္ေတြနဲ႔ ၾကာပုဝါ တထည္ရဖို႔ အစ ေကန အဆုံးထိဆိုရင္ က်မထင္တယ္ တလခြဲေလာက္ေတာ့ ၾကာမယ္ရွင့္။ ေနာက္ၿပီး က်မတို႔က ၾကာခ်ည္ကို တႏွစ္ပတ္လုံး တ ေဖာခ်င္းေသာခ်င္း အမ်ားႀကီး ထုတ္လို႔မရဘူး။ ေရာင္းရတဲ့ ပမာဏကလည္း ရွိေသးတယ္ေလ။ အမ်ားႀကီး ထုတ္ၿပီး အကုန္ မေရာင္းရရင္လည္း အဆင္မေျပေတာ့ ၾကာထည္ေတြကို တႏိုင္တပိုင္ပဲလုပ္တာ မ်ားပါတယ္။ ခ်ည္ထည္တို႔ ပိုးထည္တို႔ ဆိုရင္ေတာ့ က်မတို႔က မ်ားမ်ား ထုတ္တာေပါ့။ ဒါက တတိုင္းျပည္လုံး သုံးေနတဲ့ ပစၥည္း ဆိုေတာ့ေလ။ ၾကာ ကိုေတာ့ လူတိုင္း မသုံးႏိုင္ဘူးရွင့္။ အဲ့ဒါေၾကာင့္ ထုတ္သေလာက္လည္း အကုန္ မေရာင္းႏိုင္တာမ်ိဳးလည္း ရွိတာေပါ့။ မကုန္တာေတြေပါ့။ အခုဆိုရင္ အရင္တႏွစ္တုန္းက ထုတ္ထားတာေတြ အခုထိ ရွိေသးတယ္ရွင့္။”
ၿပီးခဲ့တဲ့ႏွစ္ပိုင္းေတြအတြင္းမွ ာျမန္မာနဲ႔ ကမာၻတဝန္းမွာ ကိုဗစ္ကပ္ေဘး ႀကဳံရတယ္။ စီးပြားေရး လုပ္ငန္းေတြ ေတာ္ေတာ္မ်ားမ်ား ထိခိုက္တယ္။ ေနာက္ပိုင္း ျမန္မာႏိုင္ငံမွာ ပိုဆိုးသြားတာကႏိုင္ငံေရးအရလည္း မတည္ၿငိမ္မႈေတြ ထပ္ၿပီး ႀကဳံရတယ္။ ဆိုေတာ့ အက်ပ္အတည္းေတြက တခုၿပီးတခု ဆင့္ကဲ ႀကဳံရသလို ျဖစ္ေနတာေပါ့ေလ။ ခုထိလည္း စီးပြားေရး လုပ္ငန္းေတြ ျပန္ နာလန္ထူဖို႔ ႀကိဳးစားေနရတုန္းပါပဲ။ ဆိုေတာ့ ေဒၚနန္းျမဦးတို႔ ယကၠန္းၾကာထည္ လုပ္ငန္း လုပ္ကိုင္သူေတြ အေနနဲ႔ေရာ ဒီအေျခအေနေတြေၾကာင့္ ထိခိုက္ရတာမ်ိဳး ရွိပါလား။ ဘာေတြ ႀကဳံရတာ ရွိပါလဲ။
“က်မ ဆိုရင္ အဲ့ဒီ ကိုဗစ္ စျဖစ္ကတည္းက ယကၠန္းစင္ကို ရပ္လိုက္ရတာ တႏွစ္ေလာက္ ၾကာတယ္ရွင့္။ ေရာင္းလို႔လည္း မေရတာ့ဘူး။ လုပ္ငန္းက မလည္ပတ္ေတာ့ဘူး။ ရပ္လိုက္ရတယ္။ အခက္အခဲ ေတာ္ေတာ္ေတြ႕တယ္။ ကိုယ္က ရပ္လိုက္တဲ့အတြက္ အလုပ္သမားေတြလည္း ကဆင့္ကလ်ား ျဖစ္ကုန္တာေပါ့ေလ။ သူတို႔ကလည္း စားဖို႔ေသာက္ဖို႔ လိုေတာ့ တျခား အလုပ္ ထြက္လုပ္တာေတြ ျဖစ္ကုန္ေတာ့ အခု ကိုယ္ျပန္စတဲ့ အခ်ိန္က်ေတာ့ အလုပ္သမားက အရမ္း အခက္အခဲ ႀကဳံေနရတယ္။ အဲ့လိုေတြ ျဖစ္ေနတယ္ရွင့္။ ခက္ခဲတုန္းပဲ။ ၾကာ က အခုထိ လြန္ခဲ့တဲ့ ၃-၄ ႏွစ္က ေရာင္းရသလို ျပန္မေရာင္းရေသးဘူး။ နည္းနည္းပါးပါးပဲ ေရာင္းရတယ္။ အခုက ဒီအခက္အခဲကို ေက်ာ္လႊားဖို႔ အတြက္ကိုပဲ က်မတို႔က ေဈးလည္း သက္သာမယ္။ ဝတ္လို႔လည္း လွမယ့္ဟာမ်ိဳးကို ေျပာင္း ခပ္ ရတယ္။ ႏွစ္ ၈၀ ခ်ည္နဲ႔ ဇင္းမယ္ ခပ္တာမ်ိဳးေတြေပါ့။ အဲ့ဒါမ်ိဳးေလးေတြကေတာ့ နည္းနည္း ေရာင္းရလာတယ္။ လုပ္ငန္းေလး နည္းနည္း ျပန္ လည္ပတ္လာတယ္။”
ခုလို ယကၠန္း ၾကာထည္ လုပ္ငန္းေတြက ျမန္မာႏိုင္ငံမွာ ေနာက္ပိုင္း တြင္တြင္က်ယ္က်ယ္ ျပန္ျဖစ္လာတာ ေတြ႕ရပါလား။ ဘယ္ေလာက္မ်ား တြင္တြင္က်ယ္က်ယ္ ရွိေနပါလဲ။
“အခုထိေတာ့ တြင္တြင္က်ယ္က်ယ္ ျဖစ္မလာေသးဘူးရွင့္။ ပိုးထည္ေတြ ဘာေတြလိုေတာ့ မျဖစ္ဘူးရွင့္။ ႏိုင္ငံျခားမွာေတာ့ သူတို႔ထုတ္တာက အီတလီက ဒီဇိုင္းပညာရွင္ လို႐ို ပီယာနာ (Loro Piana) က သူက ဒီကအထည္ေတြကို ဝယ္တယ္။ ၾကာထည္ေတြကိုေပါ့ေနာ္။ ၿပီးေတာ့ သူ႔ႏိုင္ငံကိုေရာက္ေတာ့ finishing ျပန္လုပ္တာ။ (အေခ်ာထည္ ျပန္ခ်ဳပ္တာ) ေတာ္ေတာ္ေကာင္းတယ္။ သူက finishing လုပ္ၿပီး ကုတ္အက်ႌ ခ်ဳပ္ေရာင္းတာက တထည္ကို ၅,၆၀၀ ေဒၚလာ။ အဲ့လိုေပါ့ေနာ္။ ေဈးလည္း အရမ္းကြာသြားတယ္။ သူမ်ားႏိုင္ငံမွာ အဲ့ဒီအထည္ေရာက္သြားေတာ့ေလ။ ဒါေပမဲ့ က်မတို႔ ႏိုင္ငံမွာက်ေတာ့ အဲ့လိုလုပ္ၿပီး ေရာင္းလို႔မရဘူး ျဖစ္ေနတယ္။”
ဆိုေတာ့ အဲ့ဒီအဆင့္ကိုသာ လုပ္ႏိုင္မယ္ဆိုရင္ေတာ့ အေတာ့္ကို ေကာင္းတဲ့ကိစၥေပါ့ေနာ္။ အဲ့ဒီလိုေရာ ဒီလုပ္ငန္းမွာ ထဲထဲဝင္ဝင္ လုပ္ေနတဲ့သူ တေယာက္ အေနနဲ႔ အဲ့လိုျဖစ္လာဖို႔ေရာ ေမ ွ်ာ္မွန္းထားတာ ရွိလားရွင့္။
“လုပ္ေတာ့လုပ္ခ်င္တယ္ရွင့္။ လုပ္ခ်င္စိတ္လည္း အၿမဲရွိတယ္။ finishing ေကာင္းေကာင္းေလး လုပ္ခ်င္တယ္။ ခ်ဳပ္ရင္လည္း စံခ်ိန္မီမီေလး ခ်ဳပ္ခ်င္တယ္။ အဲ့ဒီလိုမ်ိဳးေလးေတြ လုပ္ခ်င္တယ္။ ဒါေပမဲ့ ေရာင္းဖို႔ေနရာ လိုပါတယ္။”
ေဒၚနန္းျမဦးရဲ႕ ယကၠန္းၾကာထည္နဲ႔ ခ်ည္ထည္ပစၥည္းေတြကို ႏိုင္ငံရပ္ျခားမွာလည္း ခင္းက်င္း ျပသ ျပပြဲလုပ္တာမ်ိဳးေတြ ရွိခဲ့တယ္လို႔ ၾကားရပါတယ္။ ဆိုေတာ့ ဒီလို ျမန္မာျပည္က ယကၠန္းၾကာထည္ ပစၥည္းေတြကို ျပည္ပအထိ ထိုးေဖာက္ႏိုင္တယ္လို႔ေရာ ေျပာလို႔ရပါလား။ ျပည္ပမွာ ဘယ္ေလာက္အထိ က်ယ္က်ယ္ျပန႔္ျပန႔္ ေရာင္းခ်ႏိုင္တာမ်ိဳး ရွိပါလဲ။
“က်ယ္က်ယ္ျပန႔္ျပန႔္ႀကီးေတာ့ မေရာင္းခ်ႏိုင္ေသးပါဘူးရွင့္။ က်မ သြားျပတယ္ ဆိုရင္လည္း ျပတယ္ ဆိုတဲ့သေဘာမ်ိဳးေလာက္ပါပဲ။ ေအာ္ဒါ ေတာ့ မရဘူးေပါ့ေနာ္။ လာေတာ့ ၾကည့္ၾကပါတယ္။ ထူးထူးဆန္းဆန္း ဆိုၿပီး လာၾကည့္ၾကတယ္။ ျပပြဲ အေနနဲ႔ ျပတယ္။ လာၾကည့္တယ္။ ဝယ္ဖို႔က်ေတာ့ ေဈးကႀကီးတယ္။ ေဈးႀကီးေတာ့ မဝယ္ၾကဘူး။ ေျပာမယ္ဆိုရင္ေတာ့ က်မတို႔ရဲ႕ ထုတ္လုပ္မႈ ကုန္က်စရိတ္ကေလ အိႏၵိယထက္လည္း နည္းနည္း ပိုမ်ားတယ္။ ဗီယက္နမ္တို႔ ကေမာၻဒီးယားတို႔ ထက္လည္း မ်ားေနတယ္။ အဲ့ဒီလိုဆိုေတာ့ ေဈးက နည္းနည္းေလး မ်ားတာေပါ့ေနာ္။ ေနာက္ၿပီး ပစၥည္း အပို႔အယူမွာ နည္းနည္းေလး ခက္တာေၾကာင့္ သိပ္မဝယ္ၾကတာလို႔ ထင္ပါတယ္။”
ဘယ္လိုပဲ ျဖစ္ျဖစ္ ကိုယ္ကေတာ့ ဒီလိုရွားပါး ႐ိုးရာ ၾကာခ်ည္ယကၠန္းထည္ေတြကို ဆက္ၿပီး ဒီစီးပြားေရးလုပ္ငန္းကို အခက္အခဲေတြ ၾကားကပဲ ဆက္ၿပီး လုပ္ေနတယ္လို႔ နားလည္ပါတယ္။ ဒီလိုမ်ိဳး ႐ိုးရာၾကာထည္လုပ္ငန္းကို ျပည္တြင္းေရာ ျပည္ပမွာပါ ျပန္တြင္က်ယ္လာေအာင္ ႀကိဳးစားေနတဲ့သူ တေယာက္လို႔ ေျပာရင္လည္း မွားမယ္မထင္ပါဘူး။ ဆိုေတာ့ ဒီလို ႀကိဳးစားေနသူ တေယာက္ အေနနဲ႔ ႐ိုးရာ ၾကာထည္လုပ္ငန္းေတြ မ်ားမ်ားရွိလာဖို႔ ထင္ပါသလား။ ကိုယ္ ကိုယ္တိုင္ေရာ လက္ရွိလုပ္ေနတဲ့ လုပ္ငန္းေတြ ပိုတြင္က်ယ္လာဖို႔အတြက္ ဘာေတြမ်ား လုပ္သြားဖို႔ ရွိေနပါလဲရွင့္။
“က်မေလ လူငယ္ေလးေတြကို သင္ေပးခ်င္တယ္။ ဒီ ႐ိုးရာလက္မႈ လုပ္ငန္းေတြကိုေလ။ ဒီလုပ္ငန္း ေပ်ာက္သြားမွာ ေၾကာက္တာေလ။ ဘာလို႔လဲဆို ဒါက မိ႐ိုးဖလာ ႐ိုးရာလက္မႈလုပ္ငန္း ျဖစ္တဲ့အတြက္ ေနာင္လာေနာက္သားေတြ ဒါကို ဆက္ၿပီး ထိန္းသိမ္းႏိုင္ရင္ အေကာင္းဆုံးေပါ့။ ဒါေၾကာင့္ အားေနတဲ့ ကေလးေတြဆိုရင္ က်မ ေခၚ ေခၚၿပီးေတာ့ သင္ေပးတယ္။ ေပ်ာက္သြားမွာကို က်မက စိုးရိမ္တယ္။ ႏွေျမာတယ္ေပါ့ေနာ္။ ဒီလို လက္မႈ လုပ္ငန္းႀကီးကိုေလ။ ျမန္မာျပည္မွာ ဒါက ကမာၻကေတာင္ သိတဲ့ လုပ္ငန္း တခုေလ။ ကမာၻက တျခားႏိုင္ငံေတြက စိတ္ဝင္စားတဲ့ လုပ္ငန္းျဖစ္တဲ့အတြက္။ ေနာက္ၿပီးရင္ ျမန္မာျပည္အတြက္လည္း ဒီ ႐ိုးရာလုပ္ငန္းႀကီးက ဂုဏ္တခုေပါ့ေနာ္။ ဒါ က်မ အျမင္ကေတာ့ တျခားႏိုင္ငံေတြလည္း စိတ္ဝင္စားတယ္။ ေကာ္ပီ လုပ္ခ်င္ၾကတယ္။ တန္ဖိုးရွိတဲ့လုပ္ငန္းလို႔ က်မ ထင္ပါတယ္။ ကေလးေတြကိုလည္း တြင္တြင္က်ယ္က်ယ္ တတ္ေစခ်င္တယ္။ ဆက္လက္လည္း ထိန္းသိမ္းေစခ်င္ပါတယ္။”
ဟုတ္ကဲ့ပါ။ အခုလို အခ်ိန္ေပး ေျဖၾကားေပးတာ ေက်းဇူး အမ်ားႀကီး တင္ပါတယ္။
“ဟုတ္ကဲ့။ က်မကလည္း ေက်းဇူးတင္ပါတယ္။”
==================================
[Unicode]
ရိုးရာ ကြာချည် ယက္ကန်းလုပ်ငန်း ဆက်လက် ထိန်းသိမ်းလိုသူ ဒေါ်နန်းမြဦး (အမျိုးသမီးကဏ္ဍ)
မြန်မာ့ ရိုးရာ ကြာချည်နဲ့ ယက္ကန်းအထည် ယက်လုပ်တဲ့လုပ်ငန်း တိမ်ကောမသွားစေချင်တဲ့အတွက် သဘာဝအတိုင်းထုတ်လုပ်တဲ့ ရိုးရာကြာထည် ပစ္စည်းတွေ ထုတ်လုပ် ရောင်းချနေတဲ့အကြောင်း အင်းလေးမှာလက်ယက္ကန်း ကြာချည် ပုဝါတွေ နဲ့ ရိုးရာ ချည်ထည်တွေ ထုတ်လုပ် ရောင်းချတဲ့ အမျိုးသမီး စီးပွားရေး လုပ်ငန်းရှင် ဒေါ်နန်းမြဦးက ပြောပါတယ်။ ပြီးခဲ့တဲ့ ၂ နှစ်အတွင်း ကိုဗစ်ကပ်ဘေးနဲ့ နိုင်ငံရေး မတည်ငြိမ်မှုတွေကြား လုပ်ငန်း ထိခိုက်ရတာတွေ ရှိပေမဲ့ ဒီလုပ်ငန်းကိုတော့ ဆက်လက် လုပ်ကိုင်နေတုန်းပဲလို့လည်း ဒေါ်နန်းမြဦးက ပြောပါတယ်။ ဒေါ်နန်းမြဦးကို ဆက်သွယ်မေးမြန်းပြီး ဒီသီတင်းပတ် အမျိုးသမီးကဏ္ဍမှာ မခင်ဖြူထွေးက တင်ဆက်ထားပါတယ်။
မြန်မာတွေရဲ့ ရိုးရာယက္ကန်းလုပ်ငန်းမှာ ကြာသင်္ကန်း တို့၊ ကြာထည်တို့ ဆိုတာတွေ အရင်ကတည်းက ရှိခဲ့တယ်ဆိုပေမဲ့ နောက်ပိုင်းခေတ်မှာတော့ ကြာနဲ့ယက်တဲ့ပစ္စည်းတွေက ရှားလာပါတယ်။ တန်ဖိုးအားဖြင့်လည်း လူတွေ ပေါပေါများများ ဝယ်သုံးနိုင်တဲ့ ပစ္စည်းမျိုး မဟုတ်ပါဘူး။ ဆိုတော့ ဒီလို ရှားရှားပါးပါး ကြာချည်နဲ့လုပ်တဲ့ ပစ္စည်းတွေကိုမှ ဘာကြောင့် ထုတ်လုပ် ရောင်းချဖြစ်တာပါလဲ။ ဘယ်လိုစိတ်ကူးနဲ့ ဒီလုပ်ငန်းကို စဖြစ်ခဲ့တာပါလဲရှင့်။
“ဒီလုပ်ငန်းကိုစခဲ့တာ ကတော့ ကျမ က စခဲ့တာ မဟုတ်ပါဘူး။ စခဲ့တဲ့ အဒေါ်ကြီးတယောက် ရှိပါတယ်။ တခြားရွာကပါ။ ဒေါ်ကြာဥ ဆိုတာ။ သူက စခဲ့တဲ့ လုပ်ငန်း။ သူ စခဲ့တဲ့ နည်းပညာပေါ့နော်။ ကြာနဲ့အထည် ယက်တယ် ဆိုတာက။ သူ လုပ်တုန်းကတော့ ဘုန်းကြီးသင်္ကန်းနဲ့ ဘုရားသင်္ကန်းတွေ လုပ်ခဲ့တာလေ။ ကျမတို့ ဒီဘက်ခေတ် ရောက်လာတော့ လွန်ခဲ့တဲ့နှစ်ပေါင်း ၂၅ နှစ် ကျော်ကျော် လောက်မှာ ကျမလည်း ဒါကို လူတွေ သုံးနိုင်ရင် ကောင်းမှာပေါ့နော်။ စိတ်ထဲ စဉ်းစားမိတယ်။ တချို့ကလည်း လူတွေ သုံးလို့မရဘူးလား ဆိုတဲ့ အမေးမျိုးတွေ လာ မေးကြတယ်။ ကြာကို လူတွေသုံးဖို့ရော ထုတ်လို့မရဘူးလား ဆိုတာမျိုး လာမေးကြတော့ ကျမလည်း ဪ…ရမှာပါလေ ဆိုပြီးတော့ ကြာပုဝါ၊ လည်ပင်းပတ်တဲ့ ပုဝါလေးတွေ၊ ခြုံထည်လေးတွေ၊ အင်္ကျီစလေးတွေ စလုပ်ဖြစ်တယ်ရှင့်။ နောက်ပြီး ကြာထည်က ခိုင်ခန့်မှု ရှိတယ်။ နောက်ပြီးတော့ သဘာဝစစ်စစ်ကိုလည်း သုံးစေချင်တယ်။ ကြာရဲ့ ဂုဏ်သတ္တိကလည်း ဆောင်းမှာဆိုရင် နွေးပြီး နွေမှာဆို အေးတယ်။ သူ့အနံ့ကလည်း အမြဲသင်းနေတဲ့အခါကျတော့ သုံးတဲ့သူကလည်း ဘာနဲ့မှ မတူတဲ့ တန်ဖိုးကြီး ပစ္စည်းကို သုံးရတယ် ဆိုတဲ့ စိတ်ကလေး ဝင်သွားတာပေါ့နော်။ အဲ့ဒါကြောင့် အဲ့လို ရည်ရွယ်ချက်လေးနဲ့ လူ သုံးနိုင်တဲ့ ပစ္စည်းကို ထုတ်ခဲ့တာပါရှင့်။”
ဒီလို ရှားရှားပါးပါး ကြာထည် ပစ္စည်းတွေ ထုတ်လုပ်ဖို့မှာ ကုန်ကြမ်းပစ္စည်း အရလည်း ရှားပါးတယ်။ စရိတ်စကလည်း ကြီးသလို၊ ရောင်းချတဲ့ အခါမှာလည်း သာမန်ဈေးနဲ့ ရောင်းလို့ရတဲ့ ပစ္စည်းမျိုး မဟုတ်တဲ့အတွက် ဒါကို စပြီး ယက်လုပ် ဖန်တီးတဲ့ အပိုင်းမှာပဲဖြစ်ဖြစ်၊ ပြန်ရောင်းချတဲ့ အပိုင်းမှာပဲ ဖြစ်ဖြစ် အခက်အခဲ ကြုံရတာမျိုး ရှိပါလား။
“ရှိတယ်ရှင့်။ စစချင်း လုပ်တဲ့အချိန်မှာဆိုရင် ဒါက ကိုယ်ကိုင်နေကျ ပစ္စည်း မဟုတ်ဘူးလေ။ ကိုယ်ကျွမ်းကျင်တဲ့ ပစ္စည်းလည်း မဟုတ်တော့၊ ကြာဆိုတာကလည်း နည်းနည်း ပြတ်လွယ်တာပေါ့နော်။ ပြတ်လွယ်တဲ့အတွက် နည်း အမျိုးမျိုး စမ်းသပ်ပြီးမှ လုပ်ရတာပေါ့နော်။ ဒီကြာကို ခိုင်ခန့်အောင် ဘယ်လိုခတ်ရမယ်။ ဒီအထည်သားကို ပျော့အောင် ဘယ်လို လုပ်ရမယ်ဆိုတာတွေက အခက်အခဲ ကြုံခဲ့တယ်။ နောက်ပိုင်း ကေတာ့ လုပ်တတ်သွားတော့ အဆင်ပြေပါတယ်။ ရောင်းချတဲ့ အခါကျတော့လည်း ကျမတို့က လူတွေသိအောင် ပြောပြ ရှင်းပြရတာပေါ့။ ကျမတို့ဆီလာတဲ့ ဧည့်သည်တွေကို ကျမတို့က ရှင်းပြတယ်။ ကြာရိုး ဘယ်လောက်တောင် ကုန်တယ်။ ကြာကို ဘယ်လိုလုပ်တယ်။ အဲ့လို အစ အဆုံး ရှင်းပြတော့ ဧည့်သည်တွေကလည်း စိတ်ဝင်စားပြီးတော့မှ တန်ဖိုးထားတယ်။ ဒီ လက်မှုပညာကို တန်ဖိုးထားတယ်။ သဘာဝပစ္စည်းတွေနဲ့ ထုတ်လုပ်ထားတဲ့ ကြာပုဝါတွေကို အရမ်း တန်ဖိုးထားပြီးတော့မှ တဖြည်းဖြည်း လူသိများပြီး ရောင်းရလာတာရှင့်။ အခက်အခဲတွေတော့ ကြုံခဲ့တယ်။ မျိုးစုံပေါ့။ နောက်ပြီး အနံ ၇ လက်မနဲ့ အလျား ၂ ကိုက်ရှိတဲ့ ပုဝါတထည်ရဖို့ ဆိုရင် ကြာပင်ပေါင်း ၇,၀၀၀ ၊ ၈,၀၀၀ လောက် သုံးရတယ်ရှင့်။ အထည် တထည်ရဖို့ကိုလေ။”
ကြာချည် ထုတ်ရတာအချိန်ကြာပေါ့နော်။ ဘယ်လောက် လောက်များ ကြာတယ် ပြောရမလဲ။
“ကြာပုဝါတထည်စာအတွက် ဆိုရင် ကြာချည် ထုတ်တာချည်းကိုပဲ လ ဝက်လောက် ကြာတယ်။ ပြီးရင် သူ့ရဲ့ အဆင့်ဆင့် ပြန်ကျစ်ရသေးတယ်။ ကော်စာ ပြန်တင်ရတယ်။ ဒီလိုမျိုး အဆင့်ဆင့်တွေနဲ့ ကြာပုဝါ တထည်ရဖို့ အစ ကေန အဆုံးထိဆိုရင် ကျမထင်တယ် တလခွဲလောက်တော့ ကြာမယ်ရှင့်။ နောက်ပြီး ကျမတို့က ကြာချည်ကို တနှစ်ပတ်လုံး တ ဖောချင်းသောချင်း အများကြီး ထုတ်လို့မရဘူး။ ရောင်းရတဲ့ ပမာဏကလည်း ရှိသေးတယ်လေ။ အများကြီး ထုတ်ပြီး အကုန် မရောင်းရရင်လည်း အဆင်မပြေတော့ ကြာထည်တွေကို တနိုင်တပိုင်ပဲလုပ်တာ များပါတယ်။ ချည်ထည်တို့ ပိုးထည်တို့ ဆိုရင်တော့ ကျမတို့က များများ ထုတ်တာပေါ့။ ဒါက တတိုင်းပြည်လုံး သုံးနေတဲ့ ပစ္စည်း ဆိုတော့လေ။ ကြာ ကိုတော့ လူတိုင်း မသုံးနိုင်ဘူးရှင့်။ အဲ့ဒါကြောင့် ထုတ်သလောက်လည်း အကုန် မရောင်းနိုင်တာမျိုးလည်း ရှိတာပေါ့။ မကုန်တာတွေပေါ့။ အခုဆိုရင် အရင်တနှစ်တုန်းက ထုတ်ထားတာတွေ အခုထိ ရှိသေးတယ်ရှင့်။”
ပြီးခဲ့တဲ့နှစ်ပိုင်းတွေအတွင်းမှ ာမြန်မာနဲ့ ကမ္ဘာတဝန်းမှာ ကိုဗစ်ကပ်ဘေး ကြုံရတယ်။ စီးပွားရေး လုပ်ငန်းတွေ တော်တော်များများ ထိခိုက်တယ်။ နောက်ပိုင်း မြန်မာနိုင်ငံမှာ ပိုဆိုးသွားတာကနိုင်ငံရေးအရလည်း မတည်ငြိမ်မှုတွေ ထပ်ပြီး ကြုံရတယ်။ ဆိုတော့ အကျပ်အတည်းတွေက တခုပြီးတခု ဆင့်ကဲ ကြုံရသလို ဖြစ်နေတာပေါ့လေ။ ခုထိလည်း စီးပွားရေး လုပ်ငန်းတွေ ပြန် နာလန်ထူဖို့ ကြိုးစားနေရတုန်းပါပဲ။ ဆိုတော့ ဒေါ်နန်းမြဦးတို့ ယက္ကန်းကြာထည် လုပ်ငန်း လုပ်ကိုင်သူတွေ အနေနဲ့ရော ဒီအခြေအနေတွေကြောင့် ထိခိုက်ရတာမျိုး ရှိပါလား။ ဘာတွေ ကြုံရတာ ရှိပါလဲ။
“ကျမ ဆိုရင် အဲ့ဒီ ကိုဗစ် စဖြစ်ကတည်းက ယက္ကန်းစင်ကို ရပ်လိုက်ရတာ တနှစ်လောက် ကြာတယ်ရှင့်။ ရောင်းလို့လည်း မရေတာ့ဘူး။ လုပ်ငန်းက မလည်ပတ်တော့ဘူး။ ရပ်လိုက်ရတယ်။ အခက်အခဲ တော်တော်တွေ့တယ်။ ကိုယ်က ရပ်လိုက်တဲ့အတွက် အလုပ်သမားတွေလည်း ကဆင့်ကလျား ဖြစ်ကုန်တာပေါ့လေ။ သူတို့ကလည်း စားဖို့သောက်ဖို့ လိုတော့ တခြား အလုပ် ထွက်လုပ်တာတွေ ဖြစ်ကုန်တော့ အခု ကိုယ်ပြန်စတဲ့ အချိန်ကျတော့ အလုပ်သမားက အရမ်း အခက်အခဲ ကြုံနေရတယ်။ အဲ့လိုတွေ ဖြစ်နေတယ်ရှင့်။ ခက်ခဲတုန်းပဲ။ ကြာ က အခုထိ လွန်ခဲ့တဲ့ ၃-၄ နှစ်က ရောင်းရသလို ပြန်မရောင်းရသေးဘူး။ နည်းနည်းပါးပါးပဲ ရောင်းရတယ်။ အခုက ဒီအခက်အခဲကို ကျော်လွှားဖို့ အတွက်ကိုပဲ ကျမတို့က ဈေးလည်း သက်သာမယ်။ ဝတ်လို့လည်း လှမယ့်ဟာမျိုးကို ပြောင်း ခပ် ရတယ်။ နှစ် ၈၀ ချည်နဲ့ ဇင်းမယ် ခပ်တာမျိုးတွေပေါ့။ အဲ့ဒါမျိုးလေးတွေကတော့ နည်းနည်း ရောင်းရလာတယ်။ လုပ်ငန်းလေး နည်းနည်း ပြန် လည်ပတ်လာတယ်။”
ခုလို ယက္ကန်း ကြာထည် လုပ်ငန်းတွေက မြန်မာနိုင်ငံမှာ နောက်ပိုင်း တွင်တွင်ကျယ်ကျယ် ပြန်ဖြစ်လာတာ တွေ့ရပါလား။ ဘယ်လောက်များ တွင်တွင်ကျယ်ကျယ် ရှိနေပါလဲ။
“အခုထိတော့ တွင်တွင်ကျယ်ကျယ် ဖြစ်မလာသေးဘူးရှင့်။ ပိုးထည်တွေ ဘာတွေလိုတော့ မဖြစ်ဘူးရှင့်။ နိုင်ငံခြားမှာတော့ သူတို့ထုတ်တာက အီတလီက ဒီဇိုင်းပညာရှင် လိုရို ပီယာနာ (Loro Piana) က သူက ဒီကအထည်တွေကို ဝယ်တယ်။ ကြာထည်တွေကိုပေါ့နော်။ ပြီးတော့ သူ့နိုင်ငံကိုရောက်တော့ finishing ပြန်လုပ်တာ။ (အချောထည် ပြန်ချုပ်တာ) တော်တော်ကောင်းတယ်။ သူက finishing လုပ်ပြီး ကုတ်အင်္ကျီ ချုပ်ရောင်းတာက တထည်ကို ၅,၆၀၀ ဒေါ်လာ။ အဲ့လိုပေါ့နော်။ ဈေးလည်း အရမ်းကွာသွားတယ်။ သူများနိုင်ငံမှာ အဲ့ဒီအထည်ရောက်သွားတော့လေ။ ဒါပေမဲ့ ကျမတို့ နိုင်ငံမှာကျတော့ အဲ့လိုလုပ်ပြီး ရောင်းလို့မရဘူး ဖြစ်နေတယ်။”
ဆိုတော့ အဲ့ဒီအဆင့်ကိုသာ လုပ်နိုင်မယ်ဆိုရင်တော့ အတော့်ကို ကောင်းတဲ့ကိစ္စပေါ့နော်။ အဲ့ဒီလိုရော ဒီလုပ်ငန်းမှာ ထဲထဲဝင်ဝင် လုပ်နေတဲ့သူ တယောက် အနေနဲ့ အဲ့လိုဖြစ်လာဖို့ရော မေ ျှာ်မှန်းထားတာ ရှိလားရှင့်။
“လုပ်တော့လုပ်ချင်တယ်ရှင့်။ လုပ်ချင်စိတ်လည်း အမြဲရှိတယ်။ finishing ကောင်းကောင်းလေး လုပ်ချင်တယ်။ ချုပ်ရင်လည်း စံချိန်မီမီလေး ချုပ်ချင်တယ်။ အဲ့ဒီလိုမျိုးလေးတွေ လုပ်ချင်တယ်။ ဒါပေမဲ့ ရောင်းဖို့နေရာ လိုပါတယ်။”
ဒေါ်နန်းမြဦးရဲ့ ယက္ကန်းကြာထည်နဲ့ ချည်ထည်ပစ္စည်းတွေကို နိုင်ငံရပ်ခြားမှာလည်း ခင်းကျင်း ပြသ ပြပွဲလုပ်တာမျိုးတွေ ရှိခဲ့တယ်လို့ ကြားရပါတယ်။ ဆိုတော့ ဒီလို မြန်မာပြည်က ယက္ကန်းကြာထည် ပစ္စည်းတွေကို ပြည်ပအထိ ထိုးဖောက်နိုင်တယ်လို့ရော ပြောလို့ရပါလား။ ပြည်ပမှာ ဘယ်လောက်အထိ ကျယ်ကျယ်ပြန့်ပြန့် ရောင်းချနိုင်တာမျိုး ရှိပါလဲ။
“ကျယ်ကျယ်ပြန့်ပြန့်ကြီးတော့ မရောင်းချနိုင်သေးပါဘူးရှင့်။ ကျမ သွားပြတယ် ဆိုရင်လည်း ပြတယ် ဆိုတဲ့သဘောမျိုးလောက်ပါပဲ။ အော်ဒါ တော့ မရဘူးပေါ့နော်။ လာတော့ ကြည့်ကြပါတယ်။ ထူးထူးဆန်းဆန်း ဆိုပြီး လာကြည့်ကြတယ်။ ပြပွဲ အနေနဲ့ ပြတယ်။ လာကြည့်တယ်။ ဝယ်ဖို့ကျတော့ ဈေးကကြီးတယ်။ ဈေးကြီးတော့ မဝယ်ကြဘူး။ ပြောမယ်ဆိုရင်တော့ ကျမတို့ရဲ့ ထုတ်လုပ်မှု ကုန်ကျစရိတ်ကလေ အိန္ဒိယထက်လည်း နည်းနည်း ပိုများတယ်။ ဗီယက်နမ်တို့ ကမ္ဘောဒီးယားတို့ ထက်လည်း များနေတယ်။ အဲ့ဒီလိုဆိုတော့ ဈေးက နည်းနည်းလေး များတာပေါ့နော်။ နောက်ပြီး ပစ္စည်း အပို့အယူမှာ နည်းနည်းလေး ခက်တာကြောင့် သိပ်မဝယ်ကြတာလို့ ထင်ပါတယ်။”
ဘယ်လိုပဲ ဖြစ်ဖြစ် ကိုယ်ကတော့ ဒီလိုရှားပါး ရိုးရာ ကြာချည်ယက္ကန်းထည်တွေကို ဆက်ပြီး ဒီစီးပွားရေးလုပ်ငန်းကို အခက်အခဲတွေ ကြားကပဲ ဆက်ပြီး လုပ်နေတယ်လို့ နားလည်ပါတယ်။ ဒီလိုမျိုး ရိုးရာကြာထည်လုပ်ငန်းကို ပြည်တွင်းရော ပြည်ပမှာပါ ပြန်တွင်ကျယ်လာအောင် ကြိုးစားနေတဲ့သူ တယောက်လို့ ပြောရင်လည်း မှားမယ်မထင်ပါဘူး။ ဆိုတော့ ဒီလို ကြိုးစားနေသူ တယောက် အနေနဲ့ ရိုးရာ ကြာထည်လုပ်ငန်းတွေ များများရှိလာဖို့ ထင်ပါသလား။ ကိုယ် ကိုယ်တိုင်ရော လက်ရှိလုပ်နေတဲ့ လုပ်ငန်းတွေ ပိုတွင်ကျယ်လာဖို့အတွက် ဘာတွေများ လုပ်သွားဖို့ ရှိနေပါလဲရှင့်။
“ကျမလေ လူငယ်လေးတွေကို သင်ပေးချင်တယ်။ ဒီ ရိုးရာလက်မှု လုပ်ငန်းတွေကိုလေ။ ဒီလုပ်ငန်း ပျောက်သွားမှာ ကြောက်တာလေ။ ဘာလို့လဲဆို ဒါက မိရိုးဖလာ ရိုးရာလက်မှုလုပ်ငန်း ဖြစ်တဲ့အတွက် နောင်လာနောက်သားတွေ ဒါကို ဆက်ပြီး ထိန်းသိမ်းနိုင်ရင် အကောင်းဆုံးပေါ့။ ဒါကြောင့် အားနေတဲ့ ကလေးတွေဆိုရင် ကျမ ခေါ် ခေါ်ပြီးတော့ သင်ပေးတယ်။ ပျောက်သွားမှာကို ကျမက စိုးရိမ်တယ်။ နှမြောတယ်ပေါ့နော်။ ဒီလို လက်မှု လုပ်ငန်းကြီးကိုလေ။ မြန်မာပြည်မှာ ဒါက ကမ္ဘာကတောင် သိတဲ့ လုပ်ငန်း တခုလေ။ ကမ္ဘာက တခြားနိုင်ငံတွေက စိတ်ဝင်စားတဲ့ လုပ်ငန်းဖြစ်တဲ့အတွက်။ နောက်ပြီးရင် မြန်မာပြည်အတွက်လည်း ဒီ ရိုးရာလုပ်ငန်းကြီးက ဂုဏ်တခုပေါ့နော်။ ဒါ ကျမ အမြင်ကတော့ တခြားနိုင်ငံတွေလည်း စိတ်ဝင်စားတယ်။ ကော်ပီ လုပ်ချင်ကြတယ်။ တန်ဖိုးရှိတဲ့လုပ်ငန်းလို့ ကျမ ထင်ပါတယ်။ ကလေးတွေကိုလည်း တွင်တွင်ကျယ်ကျယ် တတ်စေချင်တယ်။ ဆက်လက်လည်း ထိန်းသိမ်းစေချင်ပါတယ်။”
ဟုတ်ကဲ့ပါ။ အခုလို အချိန်ပေး ဖြေကြားပေးတာ ကျေးဇူး အများကြီး တင်ပါတယ်။
“ဟုတ်ကဲ့။ ကျမကလည်း ကျေးဇူးတင်ပါတယ်။”