သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

သဘာဝပတ္ဝန္းက်င္ ထိန္းသိမ္းေစာင့္ေရွာက္ျခင္းနဲ႔ အမ်ိဳးသမီးစြမ္းေဆာင္ရည္


ျမန္မာအစိမ္းေရာင္ကြန္ယက္တာဝန္ခံ သဘာဝပတ္ဝန္းက်င္ ထိန္းသိမ္းေရး လႈပ္ရွားသူ ေဒၚေဒဝီသန္႔စင္

(Zawgyi/Unicode)

သဘာဝပတ္ဝန္းက်င္ထိန္းသိမ္းေရးနဲ႔ ဥတုရာသီေဖာက္ျပန္မႈတိုက္ဖ်က္ေရး ဆီြဒင္သူ Greata ေလးလို အမ်ိဳးသမီးေတြပါ ဦးေဆာင္ပါဝင္တဲ့ ကမာၻတဝွမ္းက သဘာဝ ပတ္ဝန္းက်င္ ထိန္းသိမ္းေရး တက္ၾကြလႈပ္ရွားသူေတြ ဦးေဆာင္တဲ့ လူထုလႈပ္ရွားမႈေတြနဲ႔ ေတာင္းဆိုဆႏၵျပေနၾကခ်ိန္ ရာသီဥတု ေဖာက္ျပန္မႈေတြ မၾကံဳစဖူး သဘာဝေဘး အႏၱရာယ္ေတြနဲ႔ ရင္ဆိုင္ေနရတဲ့ ျမန္မာႏုိင္ငံတြင္း သဘာဝပတ္ဝန္းက်င္ ထိန္းသိမ္းေရး လႈပ္ရွားမႈေတြမွာလည္း စိန္ေခၚမႈေတြနဲ႔ ရင္ဆိုင္ေနရဆဲျဖစ္ပါတယ္။ ျမန္မာႏိုင္ငံမွာ ဥတုရာသီေဖာက္ျပန္မႈ ကာကြယ္ႏုိင္ေရး အစိုးရ၊ အရပ္ဖက္ အဖြဲ႔အစည္းေတြပူးေပါင္းၿပီး သဘာဝပတ္ဝန္းက်င္ထိန္းသိမ္းေရး ေဆာင္ရြက္ေနတဲ့ အေျခအေနေတြကို ျမန္မာအစိမ္းေရာင္ကြန္ယက္ တာဝန္ခံ သဘာဝပတ္ဝန္းက်င္ ထိန္းသိမ္းေရးလႈပ္ရွားသူ ေဒၚေဒဝီသန္႔စင္ကို ေမးျမန္းၿပီး ဒီသီတင္းပတ္ရဲ႕ အမ်ိဳးသမီးက႑မွာ မဆုမြန္က စီစဥ္တင္ဆက္ထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

ေဒၚေဒဝီသန္႔စင္။ ။ ဒီပတ္ဝန္းက်င္ထိန္းသိမ္းေရးသမားေတြဆိုေတာ့ေလ ေဒၚေလးတို႔က ကမာၻၾကီးနဲ႔ ေျပာင္းလဲေနတဲ့ကိစၥေတြေပါ့ ျမန္မာနုိင္ငံနဲ႔လည္း ဆက္စပ္ေနတဲ့ကိစၥေတြမွာ အစိုးရကို ဒါေတြ လုပ္သင့္တယ္ ဒါေတြ မလုပ္သင့္ဘူးလို႔ ေထာက္ျပသလိုပဲ တဘက္မွာ လည္းပဲ တခ်ိန္တည္းမွာပဲ ဒီျပည္သူလူထုကိုလည္း ဒီဗဟုသုတ ပညာေပးတဲ့ အေနနဲ႔ အဲ့ဒီ့ကိစၥေတြဟာ ကမာၻနဲ႔ ျမန္မာကိုေရာ သဘာဝပတ္ဝန္းက်င္အရ ေဘးအႏၱရာယ္ေတြ ျဖစ္လာႏိုင္တယ္ဆိုတဲ့ စာအုပ္ေတြ ျပဳစုေပးတယ္။ သင္တန္းေတြေပးတယ္။ အဲ့တာေတြကို အဓိကထား လုပ္ပါတယ္ ။ အဲ့ေတာ့ ေဒၚေလးတို႔ လုပ္ေနတဲ့ ကိစၥေတြကေတာ့ နံပတ္တစ္ အေနနဲ႔ ေျပာရမယ္ဆိုရင္ေတာ့ Global Energy Transition ၾကီးေပါ့။ ကမာၻနဲ႔အတူ ေရြ႕ေနတဲ့ စြမ္းအင္ကိစၥေတြပါပဲ။ ဒါဟာလည္း ကမာၻၾကီးပူေႏြးမႈကို အဓိကေနရာမွာ ဒုကၡေပးေနတဲ့ ကိစၥပဲေလ အဲ့ဒီ့ေတာ့ ေဒၚေလးတို႔ဟာ အခုမွ မဟုတ္ပါဘူး။ သမၼတၾကီး ဦးသိန္းစိန္ လက္ထက္ကတည္းက ဒါေတြကို “ေကာင္းကင္ျပာ အတြက္ ပဲ့တင္သံ” ဆိုၿပီးေတာ့ ေဒၚေလးတို႔ ေက်ာက္မီးေသြးကန္႔ကြက္တဲ့အေနနဲ႔ ေဒၚေလးတို႔ စာအုပ္ေတြ ထုတ္ခဲ့တယ္။ သင္တန္းေတြ ေပးခဲ့တယ္။

အခုလိုအေရးေပၚအေျခအေန ကမာၻၾကီးရဲ႕ပူေႏြးမႈ သဘာဝေဘးအႏၱရာယ္႐ိုက္ခတ္မႈဟာ ျမန္မာျပည္အပါအဝင္ ကမာၻအဝွမ္းမွာျဖစ္ေနတဲ့ ကိစၥေတြကိုေတာ့ ပိုၿပီးေတာ့ အာ႐ံုစိုက္ၿပီးေတာ့ ဒါေတြကိုေျပာေနပါတယ္။ အဲ့ဒီ့ေတာ့ အဓိက က ဘာလဲဆိုေတာ့ ဒီေက်ာက္မီးေသြးကိစၥေပါ့။ ျမန္မာျပည္ကလည္း စြမ္းအင္ လိုေနတယ္ဆိုေတာ့ ေက်ာက္မီးေသြးကို အင္မတန္မွသန္႔စင္တဲ့ ဂ်ပန္နည္းပညာ၊ အေမရိကန္နည္းပညာ ကိုရီးယားနည္းပညာေတြနဲ႔ လုပ္မယ္ စီးပြားေရးကို ဦးေမာ့မယ္ဆိုတဲ့ ေနရာမွာ- တကယ္က အားလံုးဟာ Renewable Energy ေပါ့ေလ ျပန္ျပည့္ျမဲစြမ္းအင္ ရာခိုင္ႏႈန္းေတြကို ျမွင့္ၿပီး ေက်ာက္မီးေသြးသံုးတဲ့ရာခိုင္ႏႈန္းကို ေလွ်ာ့ေနတဲ့အခ်ိန္မွာ ျမန္မာျပည္က ဒါမ်ိဳးကို လက္မွတ္ထိုး ထားေပမဲ့ စက္႐ံု အလုပ္႐ံုေတြမွာ တုိင္းနဲ႔ျပည္နယ္ေတြမွာေရာ ရန္ကုန္ၿမိဳ႕ ၿမိဳ႕စြန္ ၿမိဳ႕ဖ်ားေတြမွာေရာ ေက်ာက္မီးေသြးေတြနဲ႔ပဲ အပူစြမ္းအင္နဲ႔ စက္႐ံုေတြကို လည္ေနတာေတြရွိေတာ့ အႏၱရာယ္ေတာ္ေတာ္မ်ားပါတယ္။ အဲ့တာေတြကို ေဒၚေလးတို႔က တိုက္တိုက္တြန္းတြန္းနဲ႔ေပါ့ေလ။ အေရးေပၚအေျခအေန ျဖစ္ေနတဲ့အတြက္ ဒီ NLD အစိုးရကိုလည္း စာတင္တာတို႔ ဘာတို႔ အသိေပးတာတို႔ ဒါေတြကို ပို႔ခ်င္ပါတယ္လို႔။

ေဒၚေလးေျပာခ်င္တာက လူငယ္ပိုင္းပါ လူငယ္ေတြက်ေတာ့လည္း အခု Greta ေလး လုပ္လိုက္သလိုေပါ့ ကမာၻၾကီး သူတို႔ရဲ႕အနာဂတ္ က်န္ခဲ့မယ့္ကမာၻၾကီးဟာ သူတို႔အတြက္ လံုျခံဳေအာင္ သူတို႔က်န္းက်န္းမာမာနဲ႔ သူတို႔အသက္ရွည္ၿပီးေတာ့ အသက္ေမြးဝမ္းေက်ာင္း အတြက္ ကမာၻ႔လူသားေတြအတြက္ တိုက္ပြဲဝင္ၾကတဲ့အခါမွာ ျမန္မာႏိုင္ငံက ကေလးေတြကလည္း ကမာၻနဲ႔အတူ ေရြ႕လ်ားမႈမွာ တက္တက္ၾကြၾကြနဲ႔ တာဝန္သိသိ ပါတဲ့အတြက္ ေနာက္တခုက ရာသီဥတုေျပာင္းလဲဖို႔ ျဖစ္ေနတဲ့စီမံကိန္းေတြကိုလည္း အၿပီးတုိင္ ရပ္ေပးဖို႔ သူတို႔ေတာင္းဆို ၿပီးေတာ့ အားလံုးျပည္သူတရပ္လံုး အလႊာေပါင္းစံု ပါဝင္ၿပီးေတာ့ ကိုယ့္ဆုိင္ရာအစိုးရကို ေတာင္းဆိုေနၾကပါတယ္။

မဆုမြန္။ ။ ကမာၻတဝွမ္းမွာလည္း ဥတုရာသီေဖာက္ျပန္မႈ တုိက္ဖ်က္ေရးနဲ႔ ပတ္သက္ၿပီးေတာ့ ကမာၻ႔ေခါင္းေဆာင္ေတြ ႏုိင္ငံ့ေခါင္းေဆာင္ေတြ အေနနဲ႔ အေရးတယူေဆာင္ရြက္ဖို႔ အေလးအနက္ထားလုပ္ကိုင္ဖို႔ တုိက္တိုက္တြန္းတြန္းနဲ႔ကို ေတာင္းဆိုေနၾကရဆဲ အေျခအေနျဖစ္ပါတယ္။ ျမန္မာႏုိင္ငံအေနနဲ႔ကေရာ အုပ္ေရးေရးပိုင္းဆိုင္ရာ အာဏာပိုင္ေတြဘက္က ဒီဥတုရာသီေဖာက္ျပန္မႈ တိုက္ဖ်က္ေရး ပိုင္းမွာ အဓိကတာဝန္ရွိသူေတြဘက္ကေရာ ပူးေပါင္းေဆာင္ရြက္မႈေတြ ရွိပါသလား ဒီအေပၚမွာေရာ ေက်နပ္အားရမႈ ရွိပါသလား။ေနာက္ သူတို႔ တာဝန္ရွိတဲ့သူေတြ ဘက္ကေရာ ဘာေတြ လုပ္ေပးဖို႔ လိုအပ္တယ္လို႔ ထင္ပါလဲရွင့္။

ေဒၚေဒဝီသန္႔စင္။ ။ ေဒၚေလးတို႔ ျမန္မာႏုိင္ငံသည္ သဘာဝပတ္ဝန္းက်င္ ထိန္းသိမ္းေရး ကိစၥနဲ႔ပတ္သက္ရင္ သိပ္ၿပီးေတာ့ စိတ္ပါဝင္စားမႈေပါ့ အဲ့ဒီ့မွာ အရမ္းအားနည္းပါတယ္။ ဘာျဖစ္လို႔လဲဆိုေတာ့ ေဒၚေလးတို႔ စၿပီး သဘာဝပတ္ဝန္းက်င္ ထိန္းသိမ္းေရး စလုပ္တဲ့အခ်ိန္မွာ ပညာေပးစာအုပ္ေတြ ေအာင္ပင္လယ္လို မဂၢဇင္းေတြေပါ့ေလ အဲ့တာေတြ ထုတ္တဲ့အခ်ိန္မွာ အစိုးရအေျပာင္းအလဲ ၂၀၁၁ ခုႏွစ္မွာ အဲ့ဒီ့အခ်ိန္အထိကို ကိုယ့္ရဲ႕တုိင္းျပည္ရဲ႕ သဘာဝပတ္ဝန္းက်င္ ထိန္းသိမ္းေရး ဥပေဒဆိုတာ မရွိဘူး။ အႏွစ္ ၅၀ေပါ့ အဲ့ဒီ့လိုမရွိပဲနဲ႔ ေဒၚေလးတို႔က FDI Foreign Direct Investment ေတြကို ဖိတ္ေခၚေနတယ္ အခုလို လက္ပံေတာင္းကိစၥတို႔ ျမစ္ဆံုကိစၥတို႔ ဒါေတြဟာ အရမ္းကို အႏၱရာယ္မ်ားပါတယ္။ ဘာလဲဆိုေတာ့ ဆင္ရွိၿပီးေတာ့ ဆင္ကိုထိန္းဖို႔ ခၽြန္း မရွိတဲ့အခါမွာ ေတာ္ေတာ္ကို အႏၱရာယ္မ်ားတယ္။ ဒါေၾကာင့္မို႔လို႔ ေဒၚေလးတို႔က နည္းပညာပိုင္းဆုိင္ရာ နည္းဥပေဒ ဥပေဒေတြ ကမာၻ႔စံခ်ိန္ စံညႊန္းေတြကို လုပ္ေပးဖို႔၊ ပတ္ဝန္းက်င္ဆုိင္ရာ ထိန္းသိမ္းေရး ဝန္ၾကီးဆိုတာ လုပ္ေပးဖို႔ ေဒၚေလးတို႔ေတာင္းဆိုခဲ့ပါတယ္။ အဲ့ဒီ့အခါမွာ ၂၀၁၂ မွာျဖစ္လာပါတယ္။ ဒါေပမဲ့ ဥပေဒ ဆိုတာကေတာ့ ၂၀၁၅ ဒီဇင္ဘာေလာက္မွာမွ နည္းဥပေဒေတြက ထြက္တာပါ။ ဒါဟာ အင္မတန္ေနာက္က်ပါတယ္။ ေနာက္က်တဲ့ အတြက္လည္း ျမန္မာျပည္မွာ စီမံကိန္းေတြနဲ႔ပတ္သက္ၿပီးေတာ့ ျပည္သူလူထုနဲ႔ ေဒသခံနဲ႔ အစိုးရနဲ႔ ကုမၼဏီနဲ႔မွာ ျပႆနာေတြက ဒီကေန႔အထိ ေျဖရွင္းလို႔မၿပီးေသးပါဘူး။

အဲ့ေတာ့ နာဂစ္တုန္းကလည္း ေဒၚေလးတို႔ရဲ႕ အေတြ႔အၾကံဳအရေပါ့ေလ အဲ့ဒီ့တုန္းက သဘာဝပတ္ဝန္းက်င္ ထိန္းသိမ္းေရးကိုလည္း စိတ္ဝင္စားမႈ အားနည္းတဲ့အခ်ိန္ဆိုေတာ့ အဲ့ဒီ့ကာလမွာျဖစ္ခဲ့တဲ့ နာဂစ္ကို မိုးေလဝသဌာနက သူတို႔ပညာရပ္နဲ႔ ဒါေတြဟာ ျဖစ္ရင္ ဘယ္လိုပါဆိုၿပီးေတာ့ သက္ဆုိင္ရာေပါ့ေနာ္ အာဏာပိုင္ေတြအထိ တင္ခဲ့တယ္။ ဒါေပမဲ့ ျပည္သူလူထု အထိတ္တလန္႔စိုးရိမ္မႈျဖစ္မယ္ဆိုၿပီး စိုးရိမ္စိတ္နဲ႔ အစိုးရရဲ႕ အေတြ႔အၾကံဳ အားနည္းမႈနဲ႔ ေစာေစာစီးစီး အသိေပးတာတို႔ ၾကိဳတင္အသိေပးတာတို႔ ေနရာေရႊ႕ေျပာင္းေပး တာတို႔ကို ဒီ့ျပင္ႏုိင္ငံေတြ အေတြ႔အၾကံဳရွိတဲ့ႏိုင္ငံေတြလို မလုပ္ခဲ့ဘူး။ အဲ့ဒီ့အခ်ိန္မွာ ေဒၚေလးတို႔မွာ အသက္ဆံုး႐ံႈးမႈ အသက္အိုးအိမ္စည္းစိမ္ အားလံုးပ်က္စီးတာေတြဟာ ဒီကေန႔အထိ ျမစ္ဝကၽြန္းေပၚမွာ ခံစားေနၾကရတုန္းပါပဲ။

ဒါ့အျပင္ ေရေဘးအႏၱရာယ္ဆိုတာ ေဒၚေလးတို႔ဆီမယ္ ၂၀၁၅ကေန ေတာက္ေလ်ာက္ျဖစ္ လာတာ၊ အခုဆို ေျမၿပိဳတာေတြပါ မြန္ျပည္နယ္မွာ အၾကီးအက်ယ္ျဖစ္ေနတယ္။ အဲ့ေတာ့ ေျပာခ်င္တာက အစိုးရေတြ အစိုးရိမ္မလြန္ပါနဲ႔ အသိေပးသင့္တာကို ေစာေစာေပးပါ ဒါမွ ျပင္ဆင္ခ်ိန္ရမယ္ ေျပာင္းေရႊ႕ထားေပးသင့္တာကို ေျပာင္းေရႊ႕ထားေပးရမယ္လို႔ ေဒၚေလးကေတာ့ အၾကံေပးခ်င္ပါတယ္။

မဆုမြန္။ ။ ျမန္မာႏုိင္ငံမွာေရာ သဘာဝပတ္ဝန္းက်င္ထိန္းသိမ္းေရးနဲ႔ ရာသီဥတုကပ္ေဘး တိုက္ဖ်က္ေရး လႈပ္ရွားမႈေတြ ေဆာင္ရြက္ေနမႈေတြမွာ အမ်ိဳးသမီးေတြရဲ႕ ပူးေပါင္းပါဝင္ေဆာင္ရြက္မႈ အေနအထားက ဘယ္လိုရွိပါသလဲ။ ေဒၚေဒဝီသန္႔စင္အေနနဲ႔ ကလည္း အမ်ိဳးသမီးတေယာက္အေနနဲ႔ သဘာဝပတ္ဝန္းက်င္ထိန္းသိမ္းေရးနဲ႔ ရာသီဥတုကပ္ေဘး တိုက္ဖ်က္ေရး လႈပ္ရွားသူတေယာက္အေနနဲ႔ ျဖစ္တည္ၿပီး ဦးေဆာင္ပါဝင္လႈပ္ရွားေနသူတေယာက္ဆိုေတာ့ အမ်ိဳးသမီးေတြရဲ႕ ပူးေပါင္းပါဝင္ေဆာင္ရြက္မႈ အေနအထားက ဘယ္လိုရွိပါသလဲရွင္။

ေဒၚေဒဝီသန္႔စင္။ ။ အဲ့တာကေတာ့ ေဒၚေလးတို႔ျမင္ေနရပါတယ္။ အထူးသျဖင့္ကေတာ့ လူငယ္ေတြ လႈပ္ရွားမႈအဖြဲ႔အစည္းေလးေတြမွာ လူငယ္ေတြကို ေတြ႔ေနရပါတယ္။ ေတာ္ေတာ္မ်ားမ်ားပဲ ဒါေပမဲ့လို႔ ေဒၚေလးတို႔ျဖတ္သန္းလာခဲ့တဲ့ သဘာဝပတ္ဝန္းက်င္ထိန္းသိမ္းေရး လႈပ္ရွားမႈေတြရဲ႕ အေတြ႔အၾကံဳအရ အရင္အစိုးရေတြလက္ထက္ေတြတုန္းကေတာ့ ေပၚလစီေပါ့ မူဝါဒအေၾကာင္းေတြကို ေျပာလို႔မရဘူး။ အဲ့ေတာ့ ေဒၚေလးတို႔ကိုယ္တုိင္ကိုက ေဟာေျပာပြဲေတြမွာ ဘာေတြေျပာရလဲဆိုရင္ ပရိတ္သတ္ကိုေရာ ျပည္သူကိုေရာ အဲ့ဒီ့အထဲမွာ အားလံုးကို လူငယ္ေတြလည္းပါတာေပါ့ ဒီအပင္စိုက္ဖို႔နဲ႔ အမႈိက္ေကာက္ဖို႔ေလာက္ပဲ ေျပာလို႔ရတယ္။ အဲ့ေတာ့ ေဒၚေလးတို႔ရဲ႕လူငယ္ေတြက ဘာထင္သြားလဲဆိုေတာ့ သဘာဝပတ္ဝန္းက်င္ဆိုတာ အမိႈက္ေကာက္တာနဲ႔ သစ္ပင္စိုက္တာပဲလားလို႔ ထင္သြားၾကတယ္။ အမွန္က မဟုတ္ပါဘူး။ အဲ့ေတာ့ ေဒၚေလးေျပာခ်င္တာက အမ်ိဳးသမီးေတြ ပါတယ္။ အထူးသျဖင့္ လႊတ္ေတာ္တြင္းမွာဆို ၃၀%တို႔ ဘယ္ေလာက္သတ္မွတ္ၿပီး လုပ္ေနတာေတြ အမ်ားၾကီးပါ။ ဝမ္းသာစရာလည္းေကာင္းပါတယ္။ ဒါေပမဲ့လို႔ ေဒၚေလးတို႔တိုင္းျပည္ဟာ သယံဇာတ ေပါၾကြယ္ဝတဲ့တုိင္းျပည္ပါ ေနာက္ သဘာဝအလွအပေတြကလည္း တုိင္းနဲ႔ျပည္နယ္အလိုက္ မရွိတဲ့ေနရာဆိုလို႔ မရွိပါဘူး။ တုိင္းနဲ႔ျပည္နယ္တုိင္းမွာ သူ႔ဟာနဲ႔သူ သူ႔အလွတရားနဲ႔ ကိုယ္စီရွိၾကတယ္။ အရင္လိုပဲ တူးမယ္ ဆြမယ္ စီမံကိန္းေတြနဲ႔ပဲ တည္ေထာင္မယ္ဆိုရင္ေတာ့ မွားပါလိမ့္မယ္။ ကိုယ့္အလွေတြ ကိုယ့္ဓေလ့ေတြ ကိုယ့္ရဲ႕ယဥ္ေက်းမႈေတြေပ်ာက္ကြယ္သြားႏုိင္ပါတယ္။ ဒါေၾကာင့္မို႔လို႔ အမ်ိဳးသမီးေတြကို ေဒၚေလး တုိက္တြန္းခ်င္တာ ေျပာခ်င္တာကေတာ့ ဒီ မူဝါဒပိုင္းျဖစ္တဲ့ေပၚလစီ သဘာဝပတ္ဝန္းက်င္ ထိန္းသိမ္းမႈ Environmental lawတို႔ Protection ကာကြယ္မႈတို႔ ေနာက္ Justice မွ်တမႈတို႔ ညီမွ်မႈတို႔ အဲ့တာေတြ အပိုင္းကို ေလ့လာပါ အဲ့တာေတြ လႊတ္ေတာ္တြင္း ေရာက္သြားမွာ ထဲထဲဝင္ဝင္နဲ႔ ခိုင္ခိုင္မာမာနဲ႔ ေတာင္းဆိုႏုိင္မွာပါ။

မဆုမြန္။ ။ ျမန္မာ့အမ်ိဳးသမီးေလးေတြ သဘာဝပတ္ဝန္းက်င္ထိန္းသိမ္းေရးနဲ႔ ရာသီဥတုကပ္ေဘး တိုက္ဖ်က္ေရး လႈပ္ရွားမႈေတြမွာ ပိုမိုၿပီးေတာ့မွ ပါဝင္ေဆာင္ရြက္လာၾကဖို႔ ဘယ္လိုအားေပးစကားသတင္းစကားပါးခ်င္တာမ်ားရွိပါလဲရွင္။

ေဒၚေဒဝီသန္႔စင္။ ။ အမ်ိဳးသမီးက႑ေတြမွာက ၾကိဳးစားရမွာက တကယ့္ကိုထိေရာက္ေအာင္ ကိုယ့္ရဲ႕တုိင္းနဲ႔ျပည္နယ္ ကိုယ့္ရဲ႕ျမန္မာႏိုင္ငံၾကီးတခုလံုးအတြက္မွာ သယံဇာတေပါၾကြယ္တဲ့တိုင္းျပည္ သဘာဝအလွေတြနဲ႔ေဝစီေနတဲ့တုိင္းျပည္အတြက္ တက္လာတဲ့အစိုးရတုိင္းကို ေတာင္းဆိုတတ္ေအာင္ ကာကြယ္တတ္ေအာင္ မွန္မွန္ကန္ကန္လမ္းေၾကာင္းကေန ေလွ်ာက္ၿပီးေတာ့ ေဒၚေလးတို႔တုိင္းျပည္ကိုေရာ ကမာၻၾကီးကို စိမ္းလမ္းကမာၻၾကီးျဖစ္ေအာင္ အမ်ိဳးသမီးက႑ကေန စြမ္းေဆာင္ပါလို႔ ေဒၚေလး ေျပာခ်င္ပါတယ္။

သဘာဝပတ္ဝန္းက်င္ထိန္းသိမ္းေရး ေဆာင္ရြက္ေနတဲ့ အေျခအေနေတြကို ျမန္မာအစိမ္းေရာင္ကြန္ယက္ တာဝန္ခံ သဘာဝပတ္ဝန္းက်င္ ထိန္းသိမ္းေရးလႈပ္ရွားသူ ေဒၚေဒဝီသန္႔စင္ကို ေမးျမန္းၿပီး ဒီသီတင္းပတ္ရဲ႕ အမ်ိဳးသမီးက႑မွာ မဆုမြန္က စီစဥ္တင္ဆက္ထားတာျဖစ္ပါတယ္။

(UNICODE VERSION)

WOMEN Environmentalist မြန်မာ့သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်သူ ဒေါ်ဒေဝီသန့်စင်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ ဥတုရာသီဖောက်ပြန်မှုတိုက်ဖျက်ရေး ဆွီဒင်သူ Greata လေးလို အမျိုးသမီးတွေပါ ဦးဆောင်ပါဝင်တဲ့ ကမ္ဘာတဝှမ်းက သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး တက်ကြွလှုပ်ရှားသူတွေ ဦးဆောင်တဲ့ လူထုလှုပ်ရှားမှုတွေနဲ့ တောင်းဆိုဆန္ဒပြနေကြချိန် ရာသီဥတု ဖောက်ပြန်မှုတွေ မကြုံစဖူးသဘာဝဘေးအန္တရာယ်တွေနဲ့ ရင်ဆိုင်နေရတဲ့ မြန်မာနိုင်ငံတွင်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး လှုပ်ရှားမှုတွေမှာလည်း စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေရဆဲဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ဥတုရာသီဖောက်ပြန်မှု ကာကွယ်နိုင်ရေး အစိုးရ၊ အရပ်ဖက် အဖွဲ့အစည်းတွေပူးပေါင်းပြီး သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဆောင်ရွက်နေတဲ့ အခြေအနေတွေကို မြန်မာအစိမ်းရောင်ကွန်ယက် တာဝန်ခံ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးလှုပ်ရှားသူ ဒေါ်ဒေဝီသန့်စင်ကို မေးမြန်းပြီး ဒီသီတင်းပတ်ရဲ့ အမျိုးသမီးကဏ္ဍမှာ မဆုမွန်က စီစဉ်တင်ဆက်ထားပါတယ်။

ဒေါ်ဒေဝီသန့်စင်။ ။ ဒီပတ်ဝန်းကျင်ထိန်းသိမ်းရေးသမားတွေဆိုတော့လေ ဒေါ်လေးတို့က ကမ္ဘာကြီးနဲ့ ပြောင်းလဲနေတဲ့ကိစ္စတွေပေါ့ မြန်မာနိုင်ငံနဲ့လည်း ဆက်စပ်နေတဲ့ကိစ္စတွေမှာ အစိုးရကို ဒါတွေ လုပ်သင့်တယ် ဒါတွေ မလုပ်သင့်ဘူးလို့ ထောက်ပြသလိုပဲ တဘက်မှာလည်းပဲ တချိန်တည်းမှာပဲ ဒီပြည်သူလူထုကိုလည်း ဒီဗဟုသုတ ပညာပေးတဲ့အနေနဲ့ အဲ့ဒီ့ကိစ္စတွေဟာ ကမ္ဘာနဲ့ မြန်မာကိုရော သဘာဝပတ်ဝန်းကျင်အရ ဘေးအန္တရာယ်တွေ ဖြစ်လာနိုင်တယ်ဆိုတဲ့ စာအုပ်တွေ ပြုစုပေးတယ်။ သင်တန်းတွေပေးတယ်။ အဲ့တာတွေကို အဓိကထား လုပ်ပါတယ် ။ အဲ့တော့ ဒေါ်လေးတို့ လုပ်နေတဲ့ ကိစ္စတွေကတော့ နံပတ်တစ်အနေနဲ့ ပြောရမယ်ဆိုရင်တော့ Global Energy Transition ကြီးပေါ့။ ကမ္ဘာနဲ့အတူ ရွေ့နေတဲ့စွမ်းအင်ကိစ္စတွေပါပဲ။ ဒါဟာလည်း ကမ္ဘာကြီးပူနွေးမှုကို အဓိကနေရာမှာ ဒုက္ခပေးနေတဲ့ ကိစ္စပဲလေ အဲ့ဒီ့တော့ ဒေါ်လေးတို့ဟာ အခုမှ မဟုတ်ပါဘူး။ သမ္မတကြီးဦးသိန်းစိန် လက်ထက်ကတည်းက ဒါတွေကို “ကောင်းကင်ပြာ အတွက် ပဲ့တင်သံ” ဆိုပြီးတော့ ဒေါ်လေးတို့ ကျောက်မီးသွေးကန့်ကွက်တဲ့အနေနဲ့ ဒေါ်လေးတို့ စာအုပ်တွေ ထုတ်ခဲ့တယ်။ သင်တန်းတွေ ပေးခဲ့တယ်။

အခုလိုအရေးပေါ်အခြေအနေ ကမ္ဘာကြီးရဲ့ပူနွေးမှု သဘာဝဘေးအန္တရာယ်ရိုက်ခတ်မှုဟာ မြန်မာပြည်အပါအဝင် ကမ္ဘာအဝှမ်းမှာဖြစ်နေတဲ့ ကိစ္စတွေကိုတော့ ပိုပြီးတော့ အာရုံစိုက်ပြီးတော့ ဒါတွေကိုပြောနေပါတယ်။ အဲ့ဒီ့တော့ အဓိက က ဘာလဲဆိုတော့ ဒီကျောက်မီးသွေးကိစ္စပေါ့။ မြန်မာပြည်ကလည်း စွမ်းအင် လိုနေတယ်ဆိုတော့ ကျောက်မီးသွေးကို အင်မတန်မှသန့်စင်တဲ့ ဂျပန်နည်းပညာ၊ အမေရိကန်နည်းပညာ ကိုရီးယားနည်းပညာတွေနဲ့ လုပ်မယ် စီးပွားရေးကို ဦးမော့မယ်ဆိုတဲ့ နေရာမှာ- တကယ်က အားလုံးဟာ Renewable Energy ပေါ့လေ ပြန်ပြည့်မြဲစွမ်းအင် ရာခိုင်နှုန်းတွေကို မြှင့်ပြီး ကျောက်မီးသွေးသုံးတဲ့ရာခိုင်နှုန်းကို လျှော့နေတဲ့အချိန်မှာ မြန်မာပြည်က ဒါမျိုးကို လက်မှတ်ထိုး ထားပေမဲ့ စက်ရုံ အလုပ်ရုံတွေမှာ တိုင်းနဲ့ပြည်နယ်တွေမှာရော ရန်ကုန်မြို့ မြို့စွန် မြို့ဖျားတွေမှာရော ကျောက်မီးသွေးတွေနဲ့ပဲ အပူစွမ်းအင်နဲ့ စက်ရုံတွေကို လည်နေတာတွေရှိတော့ အန္တရာယ်တော်တော်များပါတယ်။ အဲ့တာတွေကို ဒေါ်လေးတို့က တိုက်တိုက်တွန်းတွန်းနဲ့ပေါ့လေ။ အရေးပေါ်အခြေအနေ ဖြစ်နေတဲ့အတွက် ဒီ NLD အစိုးရကိုလည်း စာတင်တာတို့ ဘာတို့ အသိပေးတာတို့ ဒါတွေကို ပို့ချင်ပါတယ်လို့။

ဒေါ်လေးပြောချင်တာက လူငယ်ပိုင်းပါ လူငယ်တွေကျတော့လည်း အခု Greta လေး လုပ်လိုက်သလိုပေါ့ ကမ္ဘာကြီး သူတို့ရဲ့အနာဂတ် ကျန်ခဲ့မယ့်ကမ္ဘာကြီးဟာ သူတို့အတွက် လုံခြုံအောင် သူတို့ကျန်းကျန်းမာမာနဲ့ သူတို့အသက်ရှည်ပြီးတော့ အသက်မွေးဝမ်းကျောင်းအတွက် ကမ္ဘာ့လူသားတွေအတွက် တိုက်ပွဲဝင်ကြတဲ့အခါမှာ မြန်မာနိုင်ငံက ကလေးတွေကလည်း ကမ္ဘာနဲ့အတူ ရွေ့လျားမှုမှာ တက်တက်ကြွကြွနဲ့ တာဝန်သိသိ ပါတဲ့အတွက် နောက်တခုက ရာသီဥတုပြောင်းလဲဖို့ ဖြစ်နေတဲ့စီမံကိန်းတွေကိုလည်း အပြီးတိုင် ရပ်ပေးဖို့ သူတို့တောင်းဆို ပြီးတော့ အားလုံးပြည်သူတရပ်လုံး အလွှာပေါင်းစုံပါဝင်ပြီးတော့ ကိုယ့်ဆိုင်ရာအစိုးရကို တောင်းဆိုနေကြပါတယ်။

မဆုမွန်။ ။ ကမ္ဘာတဝှမ်းမှာလည်း ဥတုရာသီဖောက်ပြန်မှုတိုက်ဖျက်ရေးနဲ့ပတ်သက်ပြီးတော့ ကမ္ဘာ့ခေါင်းဆောင်တွေ နိုင်ငံ့ခေါင်းဆောင်တွေ အနေနဲ့ အရေးတယူဆောင်ရွက်ဖို့ အလေးအနက်ထားလုပ်ကိုင်ဖို့ တိုက်တိုက်တွန်းတွန်းနဲ့ကို တောင်းဆိုနေကြရဆဲ အခြေအနေဖြစ်ပါတယ်။ မြန်မာနိုင်ငံအနေနဲ့ကရော အုပ်ရေးရေးပိုင်းဆိုင်ရာအာဏာပိုင်တွေဘက်က ဒီဥတုရာသီဖောက်ပြန်မှု တိုက်ဖျက်ရေးပိုင်းမှာ အဓိကတာဝန်ရှိသူတွေဘက်ကရော ပူးပေါင်းဆောင်ရွက်မှုတွေရှိပါသလား ဒီအပေါ်မှာရော ကျေနပ်အားရမှု ရှိပါသလား။နောက် သူတို့ တာဝန်ရှိတဲ့သူတွေဘက်ကရော ဘာတွေ လုပ်ပေးဖို့ လိုအပ်တယ်လို့ ထင်ပါလဲရှင့်။

ဒေါ်ဒေဝီသန့်စင်။ ။ ဒေါ်လေးတို့ မြန်မာနိုင်ငံသည် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးကိစ္စနဲ့ပတ်သက်ရင် သိပ်ပြီးတော့ စိတ်ပါဝင်စားမှုပေါ့ အဲ့ဒီ့မှာ အရမ်းအားနည်းပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒေါ်လေးတို့ စပြီး သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး စလုပ်တဲ့အချိန်မှာ ပညာပေးစာအုပ်တွေ အောင်ပင်လယ်လို မဂ္ဂဇင်းတွေပေါ့လေ အဲ့တာတွေ ထုတ်တဲ့အချိန်မှာ အစိုးရအပြောင်းအလဲ ၂၀၁၁ ခုနှစ်မှာ အဲ့ဒီ့အချိန်အထိကို ကိုယ့်ရဲ့တိုင်းပြည်ရဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဥပဒေဆိုတာ မရှိဘူး။ အနှစ် ၅၀ပေါ့ အဲ့ဒီ့လိုမရှိပဲနဲ့ ဒေါ်လေးတို့က FDI Foreign Direct Investment တွေကို ဖိတ်ခေါ်နေတယ် အခုလို လက်ပံတောင်းကိစ္စတို့ မြစ်ဆုံကိစ္စတို့ ဒါတွေဟာ အရမ်းကို အန္တရာယ်များပါတယ်။ ဘာလဲဆိုတော့ ဆင်ရှိပြီးတော့ ဆင်ကိုထိန်းဖို့ ချွန်း မရှိတဲ့အခါမှာ တော်တော်ကို အန္တရာယ်များတယ်။ ဒါကြောင့်မို့လို့ ဒေါ်လေးတို့က နည်းပညာပိုင်းဆိုင်ရာ နည်းဥပဒေ ဥပဒေတွေ ကမ္ဘာ့စံချိန် စံညွှန်းတွေကို လုပ်ပေးဖို့၊ ပတ်ဝန်းကျင်ဆိုင်ရာ ထိန်းသိမ်းရေး ဝန်ကြီးဆိုတာ လုပ်ပေးဖို့ ဒေါ်လေးတို့တောင်းဆိုခဲ့ပါတယ်။ အဲ့ဒီ့အခါမှာ ၂၀၁၂ မှာဖြစ်လာပါတယ်။ ဒါပေမဲ့ ဥပဒေ ဆိုတာကတော့ ၂၀၁၅ ဒီဇင်ဘာလောက်မှာမှ နည်းဥပဒေတွေက ထွက်တာပါ။ ဒါဟာ အင်မတန်နောက်ကျပါတယ်။ နောက်ကျတဲ့ အတွက်လည်း မြန်မာပြည်မှာ စီမံကိန်းတွေနဲ့ပတ်သက်ပြီးတော့ ပြည်သူလူထုနဲ့ ဒေသခံနဲ့ အစိုးရနဲ့ ကုမ္မဏီနဲ့မှာ ပြဿနာတွေက ဒီကနေ့အထိ ဖြေရှင်းလို့မပြီးသေးပါဘူး။ အဲ့တော့ နာဂစ်တုန်းကလည်း ဒေါ်လေးတို့ရဲ့ အတွေ့အကြုံအရပေါ့လေ အဲ့ဒီ့တုန်းက သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးကိုလည်း စိတ်ဝင်စားမှု အားနည်းတဲ့အချိန်ဆိုတော့ အဲ့ဒီ့ကာလမှာဖြစ်ခဲ့တဲ့ နာဂစ်ကို မိုးလေဝသဌာနက သူတို့ပညာရပ်နဲ့ ဒါတွေဟာ ဖြစ်ရင် ဘယ်လိုပါဆိုပြီးတော့ သက်ဆိုင်ရာပေါ့နော် အာဏာပိုင်တွေအထိ တင်ခဲ့တယ်။ ဒါပေမဲ့ ပြည်သူလူထု အထိတ်တလန့်စိုးရိမ်မှုဖြစ်မယ်ဆိုပြီး စိုးရိမ်စိတ်နဲ့ အစိုးရရဲ့ အတွေ့အကြုံ အားနည်းမှုနဲ့ စောစောစီးစီး အသိပေးတာတို့ ကြိုတင်အသိပေးတာတို့ နေရာရွှေ့ပြောင်းပေးတာတို့ကို ဒီ့ပြင်နိုင်ငံတွေ အတွေ့အကြုံရှိတဲ့နိုင်ငံတွေလို မလုပ်ခဲ့ဘူး။ အဲ့ဒီ့အချိန်မှာ ဒေါ်လေးတို့မှာ အသက်ဆုံးရှုံးမှု အသက်အိုးအိမ်စည်းစိမ် အားလုံးပျက်စီးတာတွေဟာ ဒီကနေ့အထိ မြစ်ဝကျွန်းပေါ်မှာ ခံစားနေကြရတုန်းပါပဲ။

ဒါ့အပြင် ရေဘေးအန္တရာယ်ဆိုတာ ဒေါ်လေးတို့ဆီမယ် ၂၀၁၅ကနေ တောက်လျောက်ဖြစ်လာတာ၊ အခုဆို မြေပြိုတာတွေပါ မွန်ပြည်နယ်မှာ အကြီးအကျယ်ဖြစ်နေတယ်။ အဲ့တော့ ပြောချင်တာက အစိုးရတွေ အစိုးရိမ်မလွန်ပါနဲ့ အသိပေးသင့်တာကို စောစောပေးပါ ဒါမှ ပြင်ဆင်ချိန်ရမယ် ပြောင်းရွှေ့ထားပေးသင့်တာကို ပြောင်းရွှေ့ထားပေးရမယ်လို့ ဒေါ်လေးကတော့ အကြံပေးချင်ပါတယ်။

မဆုမွန်။ ။ မြန်မာနိုင်ငံမှာရော သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ ရာသီဥတုကပ်ဘေး တိုက်ဖျက်ရေး လှုပ်ရှားမှုတွေ ဆောင်ရွက်နေမှုတွေမှာ အမျိုးသမီးတွေရဲ့ ပူးပေါင်းပါဝင်ဆောင်ရွက်မှု အနေအထားက ဘယ်လိုရှိပါသလဲ။ ဒေါ်ဒေဝီသန့်စင်အနေနဲ့ ကလည်း အမျိုးသမီးတယောက်အနေနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ ရာသီဥတုကပ်ဘေး တိုက်ဖျက်ရေး လှုပ်ရှားသူတယောက်အနေနဲ့ ဖြစ်တည်ပြီး ဦးဆောင်ပါဝင်လှုပ်ရှားနေသူတယောက်ဆိုတော့ အမျိုးသမီးတွေရဲ့ ပူးပေါင်းပါဝင်ဆောင်ရွက်မှု အနေအထားက ဘယ်လိုရှိပါသလဲရှင်။

ဒေါ်ဒေဝီသန့်စင်။ ။ အဲ့တာကတော့ ဒေါ်လေးတို့မြင်နေရပါတယ်။ အထူးသဖြင့်ကတော့ လူငယ်တွေ လှုပ်ရှားမှုအဖွဲ့အစည်းလေးတွေမှာ လူငယ်တွေကို တွေ့နေရပါတယ်။ တော်တော်များများပဲ ဒါပေမဲ့လို့ ဒေါ်လေးတို့ဖြတ်သန်းလာခဲ့တဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး လှုပ်ရှားမှုတွေရဲ့ အတွေ့အကြုံအရ အရင်အစိုးရတွေလက်ထက်တွေတုန်းကတော့ ပေါ်လစီပေါ့ မူဝါဒအကြောင်းတွေကို ပြောလို့မရဘူး။ အဲ့တော့ ဒေါ်လေးတို့ကိုယ်တိုင်ကိုက ဟောပြောပွဲတွေမှာ ဘာတွေပြောရလဲဆိုရင် ပရိတ်သတ်ကိုရော ပြည်သူကိုရော အဲ့ဒီ့အထဲမှာ အားလုံးကို လူငယ်တွေလည်းပါတာပေါ့ ဒီအပင်စိုက်ဖို့နဲ့ အမှိုက်ကောက်ဖို့လောက်ပဲ ပြောလို့ရတယ်။ အဲ့တော့ ဒေါ်လေးတို့ရဲ့လူငယ်တွေက ဘာထင်သွားလဲဆိုတော့ သဘာဝပတ်ဝန်းကျင်ဆိုတာ အမှိုက်ကောက်တာနဲ့ သစ်ပင်စိုက်တာပဲလားလို့ ထင်သွားကြတယ်။ အမှန်က မဟုတ်ပါဘူး။ အဲ့တော့ ဒေါ်လေးပြောချင်တာက အမျိုးသမီးတွေ ပါတယ်။ အထူးသဖြင့် လွှတ်တော်တွင်းမှာဆို ၃၀%တို့ ဘယ်လောက်သတ်မှတ်ပြီး လုပ်နေတာတွေ အများကြီးပါ။ ဝမ်းသာစရာလည်းကောင်းပါတယ်။ ဒါပေမဲ့လို့ ဒေါ်လေးတို့တိုင်းပြည်ဟာ သယံဇာတ ပေါကြွယ်ဝတဲ့တိုင်းပြည်ပါ နောက် သဘာဝအလှအပတွေကလည်း တိုင်းနဲ့ပြည်နယ်အလိုက် မရှိတဲ့နေရာဆိုလို့ မရှိပါဘူး။ တိုင်းနဲ့ပြည်နယ်တိုင်းမှာ သူ့ဟာနဲ့သူ သူ့အလှတရားနဲ့ ကိုယ်စီရှိကြတယ်။ အရင်လိုပဲ တူးမယ် ဆွမယ် စီမံကိန်းတွေနဲ့ပဲ တည်ထောင်မယ်ဆိုရင်တော့ မှားပါလိမ့်မယ်။ ကိုယ့်အလှတွေ ကိုယ့်ဓလေ့တွေ ကိုယ့်ရဲ့ယဉ်ကျေးမှုတွေပျောက်ကွယ်သွားနိုင်ပါတယ်။ ဒါကြောင့်မို့လို့ အမျိုးသမီးတွေကို ဒေါ်လေး တိုက်တွန်းချင်တာ ပြောချင်တာကတော့ ဒီ မူဝါဒပိုင်းဖြစ်တဲ့ပေါ်လစီ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းမှု Environmental lawတို့ Protection ကာကွယ်မှုတို့ နောက် Justice မျှတမှုတို့ ညီမျှမှုတို့ အဲ့တာတွေ အပိုင်းကို လေ့လာပါ အဲ့တာတွေ လွှတ်တော်တွင်း ရောက်သွားမှာ ထဲထဲဝင်ဝင်နဲ့ ခိုင်ခိုင်မာမာနဲ့ တောင်းဆိုနိုင်မှာပါ။

မဆုမွန်။ ။ မြန်မာ့အမျိုးသမီးလေးတွေ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ ရာသီဥတုကပ်ဘေး တိုက်ဖျက်ရေး လှုပ်ရှားမှုတွေမှာ ပိုမိုပြီးတော့မှ ပါဝင်ဆောင်ရွက်လာကြဖို့ ဘယ်လိုအားပေးစကားသတင်းစကားပါးချင်တာများရှိပါလဲရှင်။

ဒေါ်ဒေဝီသန့်စင်။ ။ အမျိုးသမီးကဏ္ဍတွေမှာက ကြိုးစားရမှာက တကယ့်ကိုထိရောက်အောင် ကိုယ့်ရဲ့တိုင်းနဲ့ပြည်နယ် ကိုယ့်ရဲ့မြန်မာနိုင်ငံကြီးတခုလုံးအတွက်မှာ သယံဇာတပေါကြွယ်တဲ့တိုင်းပြည် သဘာဝအလှတွေနဲ့ဝေစီနေတဲ့တိုင်းပြည်အတွက် တက်လာတဲ့အစိုးရတိုင်းကို တောင်းဆိုတတ်အောင် ကာကွယ်တတ်အောင် မှန်မှန်ကန်ကန်လမ်းကြောင်းကနေ လျှောက်ပြီးတော့ ဒေါ်လေးတို့တိုင်းပြည်ကိုရော ကမ္ဘာကြီးကို စိမ်းလမ်းကမ္ဘာကြီးဖြစ်အောင် အမျိုးသမီးကဏ္ဍကနေ စွမ်းဆောင်ပါလို့ ဒေါ်လေး ပြောချင်ပါတယ်။

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဆောင်ရွက်နေတဲ့ အခြေအနေတွေကို မြန်မာအစိမ်းရောင်ကွန်ယက် တာဝန်ခံ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးလှုပ်ရှားသူ ဒေါ်ဒေဝီသန့်စင်ကို မေးမြန်းပြီး ဒီသီတင်းပတ်ရဲ့ အမျိုးသမီးကဏ္ဍမှာ မဆုမွန်က စီစဉ်တင်ဆက်ထားတာဖြစ်ပါတယ်။

XS
SM
MD
LG