သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်အမျိုးသမီး တန်းတူအခွင့်အရေး ဥပဒေ ၉၈ နှစ်ပြည့်


အမေရိကန် တန်းတူ အမျိုးသမီး အခွင့်အရေးတောင်းဆိုနေကြစဉ် ( သြဂုတ် ၂၆- ၁၉၇၇)
အမေရိကန် တန်းတူ အမျိုးသမီး အခွင့်အရေးတောင်းဆိုနေကြစဉ် ( သြဂုတ် ၂၆- ၁၉၇၇)

မနက်ဖြန် တနင်္ဂနွေနေ့ဟာ အမျိုးသမီးများ တန်းတူညီမျှရေးနေ့ဖြစ်ပါတယ်။ အမေရိကန်ပြည်ထောင်စုမှာ အမျိုးသမီးတွေ မဲပေးခွင့်ကို ပြင်ဆင်ရေးဆွဲချက် ၁၉ အနေနဲ့ ဖွဲ့စည်းပုံ ဥပဒေမှာ ထည့်သွင်းပြဌာန်းလိုက်တဲ့ ၉၈ နှစ်မြောက် နှစ်ပတ်လည်နေ့ပါ။

အဲဒီအချိန်ကစလို့ များသောအားဖြင့် အမျိုးသမီးတွေဟာ အမျိုးသားတွေထက် တက်တက်ကြွကြွ မဲပေးကြလေ့ ရှိပါတယ်။ ၂၀၁၆ ခုနှစ်အတွင်း အမျိုးသားဦးရေ ၆၃.၈ သန်းကသာ မဲပေးခဲ့ပေမယ့် အမျိုးသမီးဦးရေ ၇၃.၇ သန်း က မဲပေးခဲ့ကြတယ်လို့ နိုင်ငံရေးအခန်းဂဏ္ဍအတွင်းက အမေရိကန် အမျိုးသမီးများ စင်တာက ပြောပါ တယ်။ ဒါပေမယ့်လည်း အမျိုးသမီးတွေဟာ အခက်အခဲ ပေါင်းများစွာ ရင်ဆိုင်နေရဆဲပါ။

အမျိုးသမီးတွေအနေနဲ့ နိုင်ငံရေး အခန်းကဏ္ဍမှာ တက်တက်ကြွကြွ ပါဝင်မဲပေးလာခဲ့ကြတာ ဆယ်စုနှစ်တွေချီ ကြာပြီ ဖြစ်ပေမယ့်လည်း အစိုးရဌာနတွေ၊ နည်းပညာဆိုင်ရာ နယ်ပယ်တွေ၊ စီးပွါးရေးနယ်ပယ်အပါအဝင် နေရာတော်တော်များများမှာ ပါဝင်မှုနှုန်းထားဟာတော့ နည်းနေဆဲပဲလို့ ဆိုပါတယ်။

နိုင်ငံတကာ လွှတ်တော်ပါလီမန်တွေကို စောင့်ကြည့်တဲ့ IPU အဖွဲ့ရဲ့စာရင်းကိန်းဂဏန်းတွေအရ လွှတ်တော် အတွင်း အမျိုးသမီးပါဝင်မှုနှုန်းဟာ အမျိုးသား ၄ ဦးမှာ အမျိုးသမီးတယောက်နှုန်းသာ ဖြစ်တယ်လို့ ဖေါ်ပြထားပါတယ်။ အမေရိကန်ပြည်ထောင်စုမှာဆိုရင် ပြည်နယ်ဆိုင်ရာ လွှတ်တော်မှာ အမျိုးသမီးတွေဟာ ၂၅.၄ ရာခိုင်နှုန်းသာ ပါဝင်ပြီး အမေရိကန် ကွန်ဂရက်စ်မှာတော့ ၂၀ ရာခိုင်နှုန်း သာ ပါဝင်တယ်လို့ ဒီမိုကရက်တစ် အမျိုးသမီးများ အဖွဲ့ Emily’s List မှာ ဖေါ်ပြထားပါတယ်။

အမျိုးသမီးတွေ အခုလို နိုင်ငံရေး ဦးဆောင်မှု အခန်းဂဏ္ဍမှာ ပါဝင်လာတာနဲ့ ပတ်သက်ပြီး Pew သုတေသန ဌာနက သဘောထားကောက်ယူရာမှာတော့ အမေရိကန်အများစုက နှစ်သက် သဘောကျကြပါတယ်။ ဆန္ဒသဘောထားပေးသူတွေရဲ့ ၃၉ ရာခိုင်နှုန်းက ကွန်ဂရက်စ်မှာ ဘယ်နိုင်ငံရေး ပါတီက အမျိုးသမီးတွေ ပါဝင်လာတာပဲဖြစ်ဖြစ် ကြိုက်နှစ်သက်ကြောင်း သဘောထားပေးပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG