သုံးရလွယ်ကူစေသည့် Link များ

အမေရိကန်အမျိုးသမီးများ တန်းတူ အခွင့်အရေးနေ့


နယူးယောက်မြို့ Staten ကျွန်းမှာ အမေရိကန် ကြားဖြတ်ရွေးကောက်ပွဲအတွင်း အမျိုးသမီးတဦး မဲထည့်နေစဉ်။

အမေရိကန်ပြည်ထောင်စုမှာ သြဂုတ်လ ၂၆ ရက်နေ့ဟာ Women's Equality Day အမျိုးသမီးများ တန်းတူ အခွင့်အရေးနေ့ ဖြစ်ပါတယ်။ ၁၉၂၀ ခုက အမေရိကန် အမျိုးသမီးများ မဲပေးပိုင်ခွင့် ရရှိကြတဲ့ အထိမ်းအမှတ်အဖြစ် ဒီနေ့ကို လွှတ်တော်နှစ်ရပ်က ၁၉၇၁ ခုက အသိအမှတ် ပြုပေးခဲ့တာ ဖြစ်ပါတယ်။ အမျိုးသမီးများ တန်းတူ အခွင့်အရေးနေ့အကြောင်း သိကောင်းစရာနဲ့ ပတ်သက်လို့ ဒီသီတင်းပတ် အမျိုးသမီးကဏ္ဍမှာ ဒေါ်လှလှသန်းက တင်ပြထားပါတယ်။

XS
SM
MD
LG