သုံးရလွယ်ကူစေသည့် Link များ

သမ္မတ အိုဘားမားဟာ နိုင်ငံခြားရေးပေါ်လစီ အကြံပေးပုဂ္ဂိုလ် ရာထူးတွေမှာ အဓိကအပြောင်းအလဲတွေကို ဒီသတင်းပတ်ထဲ ကြေညာခဲ့ရာမှာ အမျိုးသမီးနှစ်ဦး ပါဝင်ခဲ့ပါတယ်။ လက်ရှိ ကုလသမဂ္ဂဆိုင်ရာ အမေရိကန် သံအမတ်ကြီး ဆူဇန် ရိုက်စ် အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ်အဖြစ် အမည်စာရင်း တင်သွင်းခဲ့သလို၊ သံအမတ်ကြီး ရိုက်စ် နေရာမှာ သူ့ရဲ့ လက်ထောက်တစ်ဦးဖြစ်သူ Samatha Power ကို အမည်သွင်းခဲ့တာပါ။ လူ့အခွင့်အရေး စွမ်းဆောင်ရာမှာ နာမည်ရထားတဲ့ မစ် ပါဝါ ကို အမည်စာရင်း တင်သွင်းခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် မစ် ပါဝါ ဟာ မြန်မာနိုင်ငံကိုလည်း ရောက်ခဲ့ဖူးသူ ဖြစ်ပါတယ်။ အကြောင်းစုံကိုတော့ ဒီသီတင်းပတ်ရဲ့ အမျိုးသမီးကဏ္ဍမှာ ဒေါ်လှလှသန်း က တင်ပြထားပါတယ်။
XS
SM
MD
LG