သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန် အမျိုးသမီးများ သမိုင်းတင်လ


အမေရိကန်ပြည်ထောင်စုမှာ ဒီလ March လဟာ Women’s History Month အမျိုးသမီးများ သမိုင်းတင်လ ဖြစ်ပါတယ်။ အမေရိကန် အမျိုးသမီးများ အခွင့်အရေး သမိုင်းကတော့ ၁၈၄၈ ခု ဇူလိုင်လက New York ပြည်နယ် Seneca Falls မှာ ၂ ရက်ကြာ ကျင်းပခဲ့တဲ့ အမျိုးသမီးများ ညီလာခံကြီးကနေ စတင်ခဲ့တာ ဖြစ်ပါတယ်။

အဲဒီ Seneca Falls Women’s Rights Convention ကြီးမှာ အမျိုးသမီးတွေ စုပေါင်း လှုပ်ရှားခဲ့ကြလို့လည်း မဲပေးပိုင်ခွင့် အပါအဝင် အမျိုးသမီးများ တန်းတူအခွင့်အရေးတွေ ခံစားခွင့် ရရှိလာခဲ့ကြတာ ဖြစ်ပါတယ်။

ဒီစွမ်းဆောင်မှုတွေကို အခုလို သမိုင်းတင်လရောက်တိုင်း အမေရိကန် အမျိုးသမီးများတွေ ပြန်ပြောင်း သတိရကြတာ ဖြစ်ပါတယ်။ Seneca Falls ညီလာခံမှာ တချိန်က အမေရိကန် အမျိုးသမီးခေါင်းဆောင်တွေ ဘယ်လို ပါဝင် ကြိုးပမ်းခဲ့ကြသလဲဆိုတာကို ဒီသီတင်းပတ် အမျိုးသမီးကဏ္ဍမှာ ဒေါ်လှလှသန်း က တင်ပြထားပါတယ်။
XS
SM
MD
LG