HIV AIDS ရောဂါနဲ့ပတ်သက်လို့ အမျိုးသမီးတွေ၊ သူတို့ရဲ့ မိသားစုတွေနဲ့ လူ့အဖွဲ့အစည်းအပေါ် တုန့်ပြန်ကြတဲ့နေရာမှာ သဘောထားအမြင်တွေ အပြုသဘောဆောင်နိုင်ဖို့ အတွက် ခေါင်းဆောင်ပိုင်းအနေနဲ့ အရေးကြီးတဲ့ကဏ္ဍကနေ ပါဝင်သင့်တယ်ဆိုတဲ့ခေါင်းစဉ်နဲ့ လက်ရှိ ၀ါရှင်တန်မြို့တော်မှာ ကျင်းပနေတဲ့ AIDS နိုင်ငံတကာညီလာခံကြီးမှာ ဇူလိုင်လ ၂၆ ရက်နေ့က ဆွေးနွေးခဲ့ကြပါတယ်။ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် က ဗွီဒီယိုသ၀ဏ်လွှာပေးပို့ခဲ့သလို သမ္မတဟောင်းကတော် လော်ရာ ဘုရှ် ကလည်း မိန့်ခွန်းပြောကြား ခဲ့တာမှာ HIV AIDS ဝေဒနာသည်တွေအပေါ် နားလည်မှုနဲ့ ကရုဏာထား ဆက်ဆံကြဖို့ တိုက်တွန်း ပြောကြားသွားခဲ့ပါတယ်။ ဒီအကြောင်းကို အခုသီတင်းပတ်ရဲ့ အမျိုးသမီးကဏ္ဍ မှာ ဒေါ်လှလှသန်း က စီစဉ်တင်ဆက်ထားပါတယ်။