သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြည်ပရောက် အိမ်အကူလုပ်သားတွေရဲ့ဘဝကံကြမ္မာ


ဟောင်ကောင်မှာ အိမ်ဖော်တဦးကို ကိုယ်ထိလက်ရောက် နှိပ်စက်ညှဉ်းပန်းမှုနဲ့ အိမ်ရှင်အမျိုးသမီးကို အပြစ်ရှိကြောင်း ဟောင်ကောင်တရားရုံးတခုက ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှာ ဆုံးဖြတ်ချက် ချမှတ်လိုက်ပါတယ်။ ဒီအမှုအတွက် နိုင်ငံတကာက စိတ်ဝင်တစား ဂရုပြုလာခဲ့ကြပေမဲ့ လူ့အခွင့်အရေး လှုပ်ရှားသူတွေကတော့ ဒါဟာ မြို့ကြီးတွေမှာ အိမ်ဖော်အဖြစ် သွားပြီး အလုပ်လုပ်နေရသူတွေရဲ့ ဘဝတွေ တိုးတက်ပြောင်းလဲဖို့ လမ်း ရှိ - မရှိ မေးခွန်းတွေ ထုတ်လာကြပါတယ်။ ဒီအကြောင်း ဗွီအိုအေသတင်းထောက် Shannon Van Sant ဟောင်ကောင်ကနေ ပေးပို့ထားတဲ့ သတင်းလွှာအပေါ် အခြေခံပြီး ပြည်ပမှာ အိမ်ဖော်အဖြစ် သွားရောက် အလုပ်လုပ်ဖို့ ကြိုးစားကြတဲ့ မြန်မာအမျိုးသမီးတွေရဲ့ အရေးနဲ့ ပတ်သက်လို့လည်း ဒီသီတင်းပတ် အမျိုးသမီးကဏ္ဍမှာ ဒေါ်လှလှသန်းက တင်ဆက်ထားပါတယ်။

XS
SM
MD
LG