သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စင်္ကာပူမှာ အိမ်အကူမြန်မာအမျိုးသမီးငယ်တွေ အခွင့်အရေး ဘယ်လို အကာအကွယ်ပေးနိုင်မလဲ


စင်္ကာပူမှာ အလုပ်လုပ်နေကြတဲ့ အသက်မပြည့်သေးတဲ့ မြန်မာမိန်းကလေးငယ်များ
စင်္ကာပူမှာ အလုပ်လုပ်နေကြတဲ့ အသက်မပြည့်သေးတဲ့ မြန်မာမိန်းကလေးငယ်များ

စင်္ကာပူ မှာအိမ်အကူတွေအဖြစ် သွားရောက်လုပ်ကိုင်နေတဲ့ မြန်မာအမျိုးသမီးငယ်ပေါင်း လေးသောင်းကျော် ရှိရာမှာ အသက်မပြည့်သေးတဲ့မိန်းခလေးငယ်တွေလည်း ပါဝင်တာ တွေ့ရပါတယ်။ စင်္ကာပူအစိုးရရဲ့ အသက် သတ်မှတ်ချက်က ၂၃ နှစ် ပြည့်ရမှာဖြစ်ပါတယ်။ ခုလိုပြည်ပမှာအိမ်အကူတွေအဖြစ် သွားရောက်လုပ်ကိုင်နေတဲ့ မြန်မာအမျိုးသမီးငယ်တွေရဲ့ အခွင့်အရေးတွေကို ဘယ်လိုအကောင်းဆုံးအကာအကွယ်ပေးနိုင်မလဲ ဆိုတာနဲ့ ပတ်သက်လို့ Home လို့ အတိုကောက်ခေါ်တဲ့ ပြောင်းရွှေ့ အခြေချနေထိုင်သူများ စီးပွါးရေးဆိုင်ရာ လူ့အခွင့် အရေး အကျိုးတော်ဆောင်အဖွဲ့အပြင် Helping Hands for Migrant Workers အဖွဲ့တို့မှာ စေတနာ့ ဝန်ထမ်း ဆောင်ရွက်ပေးနေတဲ့ ကိုတင်မောင်ဝင်းကို ဒေါ်လှလှသန်းက ဆက်သွယ်မေးမြန်းပြီး ဒီသီတင်းပတ်ရဲ့ အမျိုးသမီး ကဏ္ဍမှာ တင်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG