သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမျိုးသမီးလွှတ်တော်အမတ် ဒေါက်တာညိုညိုသင်း နဲ့ ဗွီအိုအေမေးမြန်းခန်း


ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာညိုညိုသင်း (ဓါတ်ပုံ-ခင်မေဇော်)
ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာညိုညိုသင်း (ဓါတ်ပုံ-ခင်မေဇော်)

မြန်မာနိုင်ငံမှာ အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှုကာကွယ်ရေးဥပဒေ ကိုပြဌာန်းနိုင်ခြင်းမရှိသေးတာကြောင့် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတွေ တနေ့ထက်တနေ့တိုးလာနေတယ်လို့ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ရဲ့ အမျိုးသမီးလွှတ်တော်အမတ် ဒေါက်တာညိုညိုသင်းကပြောပါတယ်။
၂၀၁၄ခုနှစ်အတွင်း ရန်ကုန်တိုင်းဒေသကြီးတခုတည်းမှာပဲ ပြစ်မှုကြီးဆိုင်ရာ အမှုစုစုပေါင်းရဲ့ ၇၀%ဟာ မိန်းကလေးငယ်တွေအပေါ်ကျူးလွန်တဲ့ မုဒိန်းမှုတွေဖြစ်နေတယ်လို့ ရန်ကုန်တိုင်းရဲတပ်ဖွဲ့ကိုယ်တိုင်ထုတ်ဖေါ်ပြောဆိုခဲ့တယ်လို့လည်းဆိုပါတယ်။
ဥပဒေပညာရှင် ဒေါက်တာညိုညိုသင်းဟာ NNER (National Network for Education Reform) အဖွဲ့ဝင်တဦးအနေနဲ့လည်း အမျိုးသားပညာရေးဥပဒေပြင်ဆင်ရေးလှုပ်ရှားမှုမှာ ဦးဆောင်ပါဝင်နေသူဖြစ်ပါတယ်။ လက်ရှိ အမေရိကန်ပြည်ထောင်စုက ပြည်နယ် ရွေးကောက်ပွဲတွေကို လာရောက်လေ့လာစဉ် ဝါရှင်တန်ဒီစီမြို့တော်ကို ခတ္တရောက်ရှိချိန်မှာဒေါက်တာညိုညိုသင်းကို မအင်ကြင်းနိုင်က တွေ့ဆုံမေးမြန်းထားပါတယ်။

XS
SM
MD
LG