သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သချာၤပါရဂူဘွဲ့ရမိခင်ကို စံနမူနာယူခဲ့တဲ့ မြန်မာအမျိုးသမီး အာကာသစူးစမ်းလေ့လာရေးမှာ ထူးချွန်


 သချာၤပါရဂူဘွဲ့ရ မိခင်ကိုစံနမူနာယူခဲ့တဲ့ မြန်မာအမျိုးသမီး အာကာသစူးစမ်းလေ့လာရေးမှာ ထူးချွန်
သချာၤပါရဂူဘွဲ့ရ မိခင်ကိုစံနမူနာယူခဲ့တဲ့ မြန်မာအမျိုးသမီး အာကာသစူးစမ်းလေ့လာရေးမှာ ထူးချွန်

မေလ ၁၂ ရက်နေ့ဟာ မိခင်များနေ့ ဖြစ်ပါတယ်။ သချာၤဘာသာမှာပါရဂူ ဘွဲ့ရတဲ့ မိခင်ကိုအားကျစံနမူနာယူပြီး သချာၤဘာသာကို ဝါသနာပါဆည်းပူးခဲ့သူ မြန်မာအမျိုးသမီး မမီမီအောင်ဟာ အခုဆို NASA ခေါ် အမေရိကန် အာကာသ စူးစမ်းလေ့လာရေးဌာန ရဲ့ JPL လို့ အတိုကောက်ခေါ်တဲ့ Jet Propulsion Laboratory ဌာနခွဲရဲ့ လက်ထောက်မန်နေဂျာ ဖြစ်ပြီး သူဟာ JPL ရဲ့ ထူးချွန်တဲ့ အမျိုးသမီးတွေစါရင်းမှာ ပါဝင်သူပါ။

သူ ဟာ MARS 2020 Rover Mission ခေါ် အင်္ဂါဂြိုလ်ပေါ်မှာ စူးစမ်းလေ့လာဖို့နောက်နှစ်မှာလွှတ်တင်မယ့် ဂြိုလ်ပေါ်သွား ယာဉ်နဲ့အတူ မောင်းသူမဲ့ ကင်းထောက် Drone ရဟတ်ယာဉ် တမျိုးဖြစ်တဲ့ MARS Scouting Helicopter ဒီစီမံကိန်းကို ဦးဆောင်နေသူလဲဖြစ်ပါတယ်။

မိခင်ကိုစံနမူနာယူပြီး ကြိုးပမ်းခဲ့တဲ့ မမီမီအောင်ရဲ့ NASA မှာ စွမ်းဆောင်မှနဲ့ ပတ်သက်လို့ ဒီသီတင်းပတ်ရဲ့ အမျိုးသမီးကဏ္ဍမှာ ဒေါ်လှလှသန်းက တင်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG