မြန်မာနိုင်ငံက အမျိုးသမီးခေါင်းဆောင်မှု လေ့လာရေး ကိုယ်စားလှယ်အဖွဲ့ဟာ ဖေဖော်ဝါရီလဆန်းက အမေရိကန်ပြည်ထောင်စုကို အမျိုးသမီး စွမ်းရည်မြှင့်တင်ရေး အစီအစဉ်နဲ့ သီတင်းနှစ်ပတ်ကြာ ရောက်ရှိနေပါတယ်။ ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီကြီးဖြစ်တဲ့ Goldman Sachs ရဲ့ အမျိုးသမီး တသောင်းလို့ အမည်ပေးထားတဲ့ ၅ နှစ်ကြာ အစီအစဉ်ရဲ့ တစိတ်တပိုင်းအပြင် George W. Bush နဲ့ မက်ကိန်း တို့ရဲ့ ကမကထ ပြုလုပ်တဲ့ အစီအစဉ်နဲ့ ရောက်ရှိနေကြတာလည်းဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ သူတို့ ဘယ်လို အခန်းကဏ္ဍတွေကနေ ပါဝင်ဆောင်ရွက်နေကြသလဲ။ ဒီအစီအစဉ် အပြီး ဌာနေကို ပြန်သွားတဲ့အခါမှာရော အမျိုးသမီး အခွင့်အရေး မြှင့်တင်ဖို့ ဘယ်လိုတွေ ဆက်ပြီးတော့ ဆောင်ရွက်ဖို့ ရည်ရွယ်သလဲ ဆိုတာကိုတော့ အခု ထုတ်လွှင့်ပေးမယ့် အမျိုးသမီးကဏ္ဍမှာ ဒေါ်လှလှသန်း က တင်ဆက်ထားပါတယ်။