အမေရိကန် ဂန္တ၀င် ကဗျာနဲ့ စာရေးဆရာမကြီး မာယာ အန်ဂျလို (Maya Angelou) ဟာ အသက် ၈၆ နှစ်အရွယ် မေလ ၂၈ ရက်နေ့က သူ့ရဲ့ မြောက်ကာရိုလိုင်းနား နေအိမ်မှာ ကွယ်လွန်သွားပါတယ်။ သူ့ရဲ့ ထက်မြက်လှတဲ့ ကဗျာစွမ်းရည်နဲ့ စာနာမှုစိတ်ဓာတ်၊ ကြမ်းတမ်းတဲ့ ဘ၀ကို အရှုံးမပေး ရုန်းကန်ခဲ့တဲ့ စိတ်ဓာတ်ဟာ နိုင်ငံအတွက် အတုယူ အားကျဖွယ်ရာ ဖြစ်ပါတယ်။ ဒီအကြောင်း ဗွီအိုအေသတင်းထောက် Faith Lapidus ရေးသားပေးပို့ထားတဲ့ ဆောင်းပါးကို အခြေခံပြီး ဒီသီတင်းပတ် အမျိုးသမီးကဏ္ဍမှာ ဒေါ်လှလှသန်းက တင်ဆက်ထားပါတယ်ရှင်။
အမေရိကန်ဂန္တ၀င် ကဗျာနဲ့စာရေးဆရာမကြီးအကြောင်း အတ္ထုပ္ပတ္တိ
